တစ္ပတ္လွ်င္ ေဒၚလာ ၂ ေထာင္ ေဈးႏႈန္းျမင့္တက္မႈႏွင့္အတူ ၾသစေၾတးလ်အိမ္ရာေဈးကြက္ ျပန္လည္ဦးေမာ့

တစ္ပတ္လွ်င္ ေဒၚလာ ၂ ေထာင္ ေဈးႏႈန္းျမင့္တက္မႈႏွင့္အတူ ၾသစေၾတးလ်အိမ္ရာေဈးကြက္ ျပန္လည္ဦးေမာ့ - Property News in Myanmar from iMyanmarHouse.com
21 Oct 2019 11:04 am တွင် တင်ခဲ့သည်
799 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဆစ္ဒနီႏွင့္ မဲလ္ဘုန္းတို႔ရွိ အိမ္ၿခံေျမေဈးကြက္မ်ားသည္ စက္တင္ဘာမွစ၍ တစ္ပတ္လွ်င္ ၾသစေၾတးလ်ေဒၚလာ ၃,၀၀၀ (အေမရိကန္ေဒၚလာ ၂ ေထာင္) ႏွင့္ ၾသစေၾတးလ်ေဒၚလာ ၂,၅၀၀ စီ အသီးသီး ျမင့္တက္ၿပီးေနာက္ စတင္၍ ျပန္လည္ဦးေမာ့လာၿပီျဖစ္ေၾကာင္း Deloitte Access Economics ၏ ယခုေနာက္ဆံုးထုတ္ျပန္ထားေသာ စီးပြားေရးအလားအလာအစီရင္ခံစာကို ကိုးကား၍ news.com.au က ေဖာ္ျပခဲ့သည္။

ထိုႏွစ္ၿမိဳ႕စလံုးတြင္ အိမ္ေဈးမ်ားသည္ ၂၀၁၈ ခုႏွစ္ေႏွာင္းပိုင္းမွ ၂၀၁၉ ခုႏွစ္အေစာပိုင္းအထိ တစ္ပတ္လွ်င္ ၾသစေၾတးလ်ေဒၚလာ ၂,၀၀၀ အထိ ေဈးႏႈန္းက်ဆင္းမႈမ်ား ရွိခဲ့သည့္တိုင္ Deloitte က ၾသစေၾတးလ်အိမ္ရာေဈးကြက္ေဈးႏႈန္းမ်ားသည္ ဆက္လက္ျမင့္တက္မည္ျဖစ္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ ေလလံတင္ႏႈန္းႏွင့္ အိမ္ရာဆက္စပ္ေခ်းေငြသည္ ဖြံ႕ၿဖိဳးတိုးတက္ခ်ိန္ႏွင့္ စတင္ႀကံဳေတြ႕ရၿပီျဖစ္ေသာေၾကာင့္ျဖစ္ေၾကာင္း ခန္႔မွန္းခဲ့သည္။

အိမ္ရာေဈးႏႈန္းမ်ားသည္ အိမ္ရာႏွင့္ လက္လီေဆာက္လုပ္ေရးတို႔ကိုပင္ ျမင့္တက္ေစမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း အိမ္ရာဝယ္ယူရန္တတ္ႏိုင္မႈကို က်ဆင္းေစႏိုင္ေၾကာင္းလည္း ထိုစီးပြားေရးအလားအလာအစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ၾသစေၾတးလ်အိမ္ရာေဈးကြက္သည္ အလြန္ေအာင္ျမင္ေကာင္းမြန္ၿပီးေနာက္ ျပန္လည္က်ဆင္းေသာအေျခအေနသို႔လည္း ဆိုက္ေရာက္မည္မဟုတ္ေၾကာင္းကိုလည္း Deloitte က “အိမ္ရာေဈးႏႈန္းမ်ားတြင္ လက္ရွိျပန္လည္ဦးေမာ့မႈအခ်ဳိ႕သည္ ႐ုိးရွင္းစြာ ျဖစ္ပ်က္ေနေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ ဝယ္လက္မ်ားအၾကား ဝယ္လိုစိတ္သည္ ေရာင္းသူမ်ားမွ ေဈးကြက္သို႔ ျပန္လည္ဆက္သြယ္လာမႈထက္ ပိုမိုျမန္ဆန္စြာ နာလန္ထူလာျခင္းေၾကာင့္ျဖစ္သည္။”

ေလလံတင္ႏႈန္းပံုမွန္ျမင့္တက္ျခင္းက လာမည့္ႏွစ္မ်ားအတြင္း ဆစ္ဒနီႏွင့္ မဲလ္ဘုန္းတို႔တြင္ အိမ္ေဈး ၁၀ ရာခိုင္ႏႈန္း ျမင့္တက္မည့္အလားအလာကို ညႊန္ျပေနေသာ္လည္း Deloitte ကမူ ယင္းသည္ ျဖစ္ႏိုင္ေျခမရွိဟု ခန္႔မွန္းခဲ့သည္။

ဆစ္ဒနီသည္ ၆ ႏွစ္ခန္႔ ၾကာခဲ့သည့္ ၿပီးခဲ့ေသာ ၾသစေၾတးလ်အိမ္ၿခံေျမေဈးကြက္ေပါက္ကြဲမႈ (အလြန္ေအာင္ျမင္ၿပီးေနာက္ ျပန္လည္က်ဆင္းျခင္း) တြင္ အဓိကအက်ဳိးေက်းဇူးမ်ားခဲ့ေၾကာင္း၊ ထို ၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာမွ ၂၀၁၇ ခုႏွစ္ အၾကား အိမ္ေဈးႏႈန္းမ်ား ၇၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္း realestate.com.au. ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔ျမင့္တက္ခဲ့ၿပီးေနာက္ အိမ္ရာေဈးႏႈန္းမ်ားသည္ ၁၂ ရာခိုင္ႏႈန္းခန္႔ ျပန္လည္က်ဆင္းခဲ့သည္။ သို႔ေသာ္လည္း ယခုအခါ ၾသစေၾတးလ်အိမ္ၿခံေျမေဈးကြက္္သည္ ျပန္လည္နာလန္ထူမႈလမ္းေၾကာင္းေပၚ ေရာက္ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့ရှိ အိမ်ခြံမြေဈေးကွက်များသည် စက်တင်ဘာမှစ၍ တစ်ပတ်လျှင် သြစတြေးလျဒေါ်လာ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၂ ထောင်) နှင့် သြစတြေးလျဒေါ်လာ ၂,၅၀၀ စီ အသီးသီး မြင့်တက်ပြီးနောက် စတင်၍ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း Deloitte Access Economics ၏ ယခုနောက်ဆုံးထုတ်ပြန်ထားသော စီးပွားရေးအလားအလာအစီရင်ခံစာကို ကိုးကား၍ news.com.au က ဖော်ပြခဲ့သည်။

ထိုနှစ်မြို့စလုံးတွင် အိမ်ဈေးများသည် ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှ ၂၀၁၉ ခုနှစ်အစောပိုင်းအထိ တစ်ပတ်လျှင် သြစတြေးလျဒေါ်လာ ၂,၀၀၀ အထိ ဈေးနှုန်းကျဆင်းမှုများ ရှိခဲ့သည့်တိုင် Deloitte က သြစတြေးလျအိမ်ရာဈေးကွက်ဈေးနှုန်းများသည် ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လေလံတင်နှုန်းနှင့် အိမ်ရာဆက်စပ်ချေးငွေသည် ဖွံ့ဖြိုးတိုးတက်ချိန်နှင့် စတင်ကြုံတွေ့ရပြီဖြစ်သောကြောင့်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။

အိမ်ရာဈေးနှုန်းများသည် အိမ်ရာနှင့် လက်လီဆောက်လုပ်ရေးတို့ကိုပင် မြင့်တက်စေမည်ဖြစ်ကြောင်း၊ သို့သော်လည်း အိမ်ရာဝယ်ယူရန်တတ်နိုင်မှုကို ကျဆင်းစေနိုင်ကြောင်းလည်း ထိုစီးပွားရေးအလားအလာအစီရင်ခံစာတွင် ဖော်ပြထားသည်။

သြစတြေးလျအိမ်ရာဈေးကွက်သည် အလွန်အောင်မြင်ကောင်းမွန်ပြီးနောက် ပြန်လည်ကျဆင်းသောအခြေအနေသို့လည်း ဆိုက်ရောက်မည်မဟုတ်ကြောင်းကိုလည်း Deloitte က “အိမ်ရာဈေးနှုန်းများတွင် လက်ရှိပြန်လည်ဦးမော့မှုအချို့သည် ရိုးရှင်းစွာ ဖြစ်ပျက်နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဝယ်လက်များအကြား ဝယ်လိုစိတ်သည် ရောင်းသူများမှ ဈေးကွက်သို့ ပြန်လည်ဆက်သွယ်လာမှုထက် ပိုမိုမြန်ဆန်စွာ နာလန်ထူလာခြင်းကြောင့်ဖြစ်သည်။”

လေလံတင်နှုန်းပုံမှန်မြင့်တက်ခြင်းက လာမည့်နှစ်များအတွင်း ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့တွင် အိမ်ဈေး ၁၀ ရာခိုင်နှုန်း မြင့်တက်မည့်အလားအလာကို ညွှန်ပြနေသော်လည်း Deloitte ကမူ ယင်းသည် ဖြစ်နိုင်ခြေမရှိဟု ခန့်မှန်းခဲ့သည်။

ဆစ်ဒနီသည် ၆ နှစ်ခန့် ကြာခဲ့သည့် ပြီးခဲ့သော သြစတြေးလျအိမ်ခြံမြေဈေးကွက်ပေါက်ကွဲမှု (အလွန်အောင်မြင်ပြီးနောက် ပြန်လည်ကျဆင်းခြင်း) တွင် အဓိကအကျိုးကျေးဇူးများခဲ့ကြောင်း၊ ထို ၂၀၁၁ ခုနှစ် နိုဝင်ဘာမှ ၂၀၁၇ ခုနှစ် အကြား အိမ်ဈေးနှုန်းများ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း realestate.com.au. ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့မြင့်တက်ခဲ့ပြီးနောက် အိမ်ရာဈေးနှုန်းများသည် ၁၂ ရာခိုင်နှုန်းခန့် ပြန်လည်ကျဆင်းခဲ့သည်။ သို့သော်လည်း ယခုအခါ သြစတြေးလျအိမ်ခြံမြေဈေးကွက်သည် ပြန်လည်နာလန်ထူမှုလမ်းကြောင်းပေါ် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service