အမြတ်အတွက်မဟုတ် အိမ်ဆောက်ချင်သည့်သူများအတွက်ရည်ရွယ်ပြီး မြေစီမံခန့်ခွဲမှုကော်မတီက မြေကွက်များရောင်း

အမြတ်အတွက်မဟုတ် အိမ်ဆောက်ချင်သည့်သူများအတွက်ရည်ရွယ်ပြီး မြေစီမံခန့်ခွဲမှုကော်မတီက မြေကွက်များရောင်း - Property News in Myanmar from iMyanmarHouse.com
9 Oct 2019 1:05 pm တွင် တင်ခဲ့သည်
1436 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###






တိုင်းဒေသကြီးအစိုးရက ရသည့်မြေ ၈၀ ရာခိုင်နှုန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်းရင်းနှီး မြှုပ်နှံမှု လုပ်ငန်းရှင်များကို စက်မှုဇုန်များ၊စီးပွားရေးဇုန်များနှင့် အိမ်ရာစီမံကိန်းဇုန်များ အကောင်အထည်ဖော်နိုင်ရန်အတွက် ရောင်းချပေးသွားမှာဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို စိစစ်ပြီးမှ ပြန်လည်ရောင်းချခြင်း ဖြစ်သည့်အတွက် အပြည့်အဝအာမခံချက်ရှိကြောင်း ဦးသန်းက ပြောသည်။




### Unicode Version ###

အမြတ်အတွက်မဟုတ် အိမ်ဆောက်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး မြေစီမံခန့်ခွဲမှု ကော်မတီကမြေ ကွက်များရောင်းပေးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ပြုလုပ်သည့် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဝန် ဦးမောင်မောင်စိုးက “ မြေရောင်းပေးမယ် ဆိုတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သေသေ ချာချာ ကော်မတီဖွဲ့၊ စိစစ်ပြီး တချို့လူနေဖို့အတွက် ပေ (၄၀ X ၆၀ ) မြေကွက်တွေ၊ စက်မှု လုပ်ငန်းလုပ်ဖို့အတွက် မြေကွက်တွေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လူထုကိုကျွန်တော်တို့ လက်ထက်မှာရောင်းနိုင်ခွင့်ရှိသောမြေကို ရောင်းပေးတာပါ။ အမြတ်အတွက်မဟုတ်ပါဘူး။ မြေမရှိတဲ့ သူတွေ အိမ်ဆောက်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ရောင်းတာပါ ’’ ဟု ပြောသည်။

မြေစီမံခန့်ခွဲမှု ကော်မတီက ပထမအကြိမ်အဖြစ်ရောင်းချရန် မြေကွက်ပေါင်း ၅၀၀ ကျော် ရွေးချယ်ထားကြောင်း၊ မြေကွက်သစ်များမဟုတ်ဘဲ ယခင်ကာလက လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ ဖော်ထုတ်ပြီး မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ထားသည့် မြေများဖြစ်ကြောင်းသိရသည်။ ယင်းမြေကွက်များသည် ယနေ့အချိန်အထိ မြို့ပြစီမံကိန်း လူနေအဆောက်အအုံ အကောင်အထည်မဖော်နိုင်သေးသည့်အတွက် ကျန်နေသည့် တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများဖြစ်ကြောင်း ယနေ့သတင်းစာ ရှင်းလင်းပွဲမှ သိရ သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းမြေများအတွက် မြေများစီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းပြီး တာဝန်ပေးအပ်ထားကာ မြေကွက်များ ရောင်းချနိုင် ရေးအတွက် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို စတင်ရောင်းချပေးလျက်ရှိကြောင်း၊လျှောက်လွှာနှင့်အတူ ပူးတွဲထားတဲ့ စည်းကမ်းချက်တွေပါရှိကြောင်း၊ အဆိုပါ မြေများကို ယခင်ကာလက လျော်ကြေး တစ်စုံတစ်ရာမပေးဘဲသိမ်းယူထားခဲ့သည့်အတွက် တချို့လယ်သမားများ က ပြန်ပြီးရလိုကြောင်း တောင်းဆိုမှုရှိကြောင်း၊ယင်းကိုလည်း ရန်ကုန်တိုင်းဒေသကြီးမှာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီကနေ စိစစ်ထားသည့် အမှုတွဲပေါင်း ၃၀၀၀ ကျော် ရှိကြောင်း၊ စက်တင်ဘာ ၂၈ ရက်က မူလလယ်သမားများကို မြေယာလျော်ကြေး ၆ ဒသမ ၉ ဘီလီယံကျော် လျော်ကြေးပေးပြီး ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ ၃၁ ဘီလီယံ လျော်ကြေးပေးဖို့ ရှိပါကြောင်း၊ မြေယာလျော်ကြေးပေးသည့်အခါ ပြန်လည်ပြီး ရရှိနိုင်ဖို့အတွက် ပိုနေသည့် မြေကွက်များကို ပြန်လည်ရောင်းချ ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးသန်းက ပြောသည်။

မြေစီမံခန့်ခွဲမှု ကော်မတီမှ မြောင်းတကာစက်မှုဇုန်တွင် စက်မှု မြေကွက် ဖော်ထုတ်ထားသည့် အကွက် ပေါင်း ၁၈၇ ကွက်ကို ဒုတိယ အဆင့်အနေဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ပိုင်း တွင်ရှိသည့် ယခင်က စံပြစိုက်ပျိုးရေးဇုန်ကြီးများ အဖြစ် သတ်မှတ်ထားသည့် ဧက ၉၃၀၀ ရှိပြီး ကုမ္ပဏီကြီးများကို ယခင် အစိုးရလက်ထက်ကတည်းက ဧက ၅၀၀၊ ဧက ၃၀၀ စိုက်ပျိုး ရေးဇုန် အဖြစ် အကောင် အထည်ဖော်ရန်ပေးထားကြောင်း၊(လန-၃၉ ) ရရှိခဲ့ပြီးဖြစ်သော်လည်း မြို့ပြစီမံကိန်း အကောင်အထည်မဖော်မီ စိုက်ပျိုးရေးဇုန်ကြီးများ အကောင်အထည်ဖော်ရာတွင် လုပ်ငန်းမအောင်မြင်ကြောင်း၊ အဆိုပါ ကုမ္ပဏီကြီးများထံမှ မြေ ၈၀ ရာခိုင်နှုန်းကို အစိုးရက ပြန်လည်ရယူပြီး ၂၀ ရာခိုင်နှုန်းကို ကုမ္ပဏီများ အား ပြန်လည်ပေးသွား မည်ဖြစ်ကြောင်း၊ယင်းမြေနေရာများတွင် လူနေဇုန်များ၊ စီးပွားရေးဇုန်များ၊ စက်မှုဇုန် များ ပြန်လည်အကောင် အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီးအစိုးရက ရသည့်မြေ ၈၀ ရာခိုင်နှုန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်းရင်းနှီး မြုှုပ်နှံမှု လုပ်ငန်းရှင်များကို စက်မှုဇုန်များ၊စီးပွားရေးဇုန်များနှင့် အိမ်ရာစီမံကိန်းဇုန်များ အကောင် အထည်ဖော် နိုင်ရန်အတွက် ရောင်းချပေးသွားမှာဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို စိစစ်ပြီးမှ ပြန်လည် ရောင်းချခြင်း ဖြစ်သည့်အတွက် အပြည့်အဝအာမခံချက်ရှိကြောင်း ဦးသန်းက ပြောသည်။

မြေကွက်များရောင်းချရာတွင် မသမာမှုများမဖြစ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသော အစိုးရမြေများ စီမံခန့်ခွဲမှုကော်မတီ က စိစစ်ကာ ရောင်းချပေးသင့်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများအား ရွေးချယ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
taunggyi-garden-city
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service