မိသားစုပံုစံျဖင့္ ေပးထားေသာ အိမ္ေျမတိုက္ခန္းကို ၀ယ္မည္ဆိုလွ်င္

မိသားစုပံုစံျဖင့္ ေပးထားေသာ အိမ္ေျမတိုက္ခန္းကို ၀ယ္မည္ဆိုလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2019 1:18 pm တွင် တင်ခဲ့သည်
1298 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

'' မိသားစုစီမံမႈျပဳထားတဲ့ တုိက္ခန္းကို ဝယ္လုိ႔ရပါသလား ဆရာ ''

စာေရးသူ၏ မိတ္ေဆြတစ္ဦးက လမ္းၫႊန္လုိက္သျဖင့္ အမ်ဳိးသမီးရြယ္တစ္ဦး စာေရးသူထံသို႔ လာေရာက္ေဆြးေႏြးျခင္း ျဖစ္သည္။

'' အင္း- မိသားစု စီမံမႈဆုိေတာ့ စာခ်ဳပ္စာတမ္းနဲ႔ ဘယ္လုိေဆာင္ ရြက္ထားတာလဲ''

''စာခ်ဳပ္စာတမ္းနဲ႔ လုပ္ထားတာလုိ႔ ေျပာတာပဲ ဆရာ''

''မိသားစု စီမံမႈျဖစ္လုိ႔ မိဘေတြက သက္ရွိထင္ရွား ရွိေနေသးသလား''

''မိခင္ကေတာ့ ရွိေသးတယ္ ေျပာတယ္။ အေမျဖစ္သူနဲ႔ သားသမီး ၃ ဦး ျပဳလုပ္ထားတဲ့ မိသားစု စီမံမႈလုိ႔ ေျပာတယ္''

''အခုေရာင္းမယ္ဆုိတဲ့ တုိက္ခန္းက ဘယ္သူ႔ကို ေပးထားတာလဲ''

''သားငယ္ကို ေပးထားတယ္ ေျပာတာပဲ ဆရာ''

''ေပးခံထားရတဲ့ သားငယ္ဆုိတဲ့ သူနဲ႔ ေတြ႕ၿပီးၿပီလား''

''သူက ႏုိင္ငံျခားသေဘၤာ လုိက္ေနေတာ့ သူ႔ဇနီးနဲ႔ပဲ ေတြ႕ပါတယ္။ ဇနီးျဖစ္သူေျပာတာကေတာ့ ဒီတုိက္ခန္းကို ေရာင္းၿပီး စုေဆာင္းထားေငြနဲ႔ ေပါင္းလုိ႔ လုံးခ်င္းတုိက္ ဝယ္မယ္ေျပာပါတယ္''

''ေရာင္းမယ္ဆုိတဲ့ တုိက္ခန္းမွာ ဘယ္သူေနလဲ''

''သားအငယ္ မိသားစု ေနပါတယ္''

''ေၾသာ္- ေရာင္းမယ္ဆုိတဲ့သူေတြ ေနတာေပါ့၊ လက္ေရာက္ရၿပီးသေဘာ ျဖစ္ေနၿပီေပါ့''

''ဟုတ္ပါတယ္။ ဒါေၾကာင့္ ဝယ္ဖုိ႔ သင့္/မသင့္၊ က်န္တဲ့ ေမာင္ႏွမေတြက ကန္႔ကြက္ႏုိင္ပါသလား ဆုိတာ သိခ်င္လုိ႔ပါဆရာ''

''ေရာင္းသူကိုယ္တုိင္ လက္ဝယ္ရွိတဲ့ ပစၥည္းဆုိေတာ့ သာမန္အားျဖင့္ေတာ့ အေႏွာင့္အယွက္မရွိႏုိင္ဘူးေပါ့ေလ။ က်န္တဲ့ သားသမီးေတြက ဘယ္မွာေနၾကလဲ''

''သားအႀကီးအတြက္ ေပးထားတဲ့ တုိက္ခန္းကိုေတာ့ သူ႔အေမက အိမ္ငွားတင္ထားတယ္ ေျပာတယ္''

''အိမ္ငွားတင္ထားတယ္ဆုိေတာ့ အိမ္ပိုင္ရွင္ေတြက ဘယ္မွာေနၾကလဲ''

''သားႀကီးျဖစ္တဲ့သူနဲ႔ ဇနီးက ဆရာဝန္ေတြလုိ႔ ေျပာတယ္။ ႏုိင္ငံျခားမွာလုိ႔ ေျပာပါတယ္''

''ဒါဆုိ အေမႀကီးနဲ႔ ေနာက္တစ္ေယာက္က ဘယ္မွာေနၾကလဲ''

''အေမျဖစ္တဲ့သူနဲ႔ သမီးလတ္ အပ်ဳိႀကီးက F.M.I အိမ္ရာမွာ ေနတယ္လုိ႔ ေျပာပါတယ္''

''ဒီေတာ့လည္း အသီးသီးခြဲေပးၿပီးသေဘာ ျဖစ္ေနၿပီေပါ့''

''ဟုတ္ပါတယ္''

''အခု ေျပာတဲ့အတုိင္းဆုိရင္ မိသားစု စီမံမႈျပဳၿပီး ခြဲေဝေပးထားတဲ့သေဘာ သက္ေရာက္ေနပါတယ္''

''ဒါေပမယ့္ အေမက သူတုိ႔ကုိ အၿပီးလႊဲေပးထားတာေတာ့ မဟုတ္ဘူးလုိ႔လည္း ေျပာတယ္ဆရာ''

''ဟုတ္ၿပီ၊ လက္ရွိတုိက္ခန္း အမည္ေပါက္ေတြက အေမ့နာမည္ျဖစ္ေနၿပီး တရားဝင္ လႊဲေျပာင္း၊ အမည္ေျပာင္းတာ မလုပ္ရေသးဘူးေပါ့''

''ဟုတ္ကဲ့ ဆရာေျပာသလုိ ျဖစ္မယ္ထင္ပါတယ္''

''သားနဲ႔ ေခြၽးမကုိ မိခင္က ခြင့္ျပဳခ်က္နဲ႔ ထားတဲ့သေဘာ ျဖစ္ေနတာေပါ့။ တုိက္ခန္းရဲ႕ ပိုင္ဆုိင္မႈက မိခင္လက္ဝယ္မွာ ရွိေနေသးတယ္။ ဒါဆုိရင္ေတာ့ မိခင္ကို အသိေပးၿပီးမွ ေရာင္းသင့္တယ္လုိ႔ ဆရာထင္တယ္။ ဝယ္လုိက္ၿပီး ပိုင္ဆုိင္ခြင့္ အမည္ေျပာင္းမယ္ ဆုိရင္ မိခင္ရဲ႕ သေဘာတူညီခ်က္ယူမွ တုိက္ခန္းအမည္ေပါက္ကို တရားဝင္ရမွာျဖစ္တယ္''

''ဒါဆုိရင္ မိခင္ျဖစ္သူက ကန္႔ကြက္ႏုိင္ခြင့္ရွိတဲ့ သေဘာေပါ့ေနာ္''

''ဥပေဒသေတာအရ ၾကည့္ရင္ေတာ့ ပိုင္ရွင္က မိခင္ျဖစ္ေနတဲ့အတြက္ မိခင္ျဖစ္သူက ကန္႔ကြက္ႏုိင္တဲ့ သေဘာေပါ့ကြယ္၊ ဒါေပမယ့္ မိခင္ကို နားလည္ေအာင္ ေျပာရင္ေတာ့ အဆင္ေျပသြားမွာေပါ့''

''က်န္တဲ့ ေမာင္ႏွမေတြကေတာ့ ကန္႔ကြက္ခြင့္ ရွိပါေသးသလား''

''မိခင္ရွိေနေသးသေရြ႕ေတာ့ ကန္႔ကြက္ခြင့္ မရွိဘူးေပါ့။ မိခင္ ကြယ္လြန္သြားရင္လည္း တူမေျပာသလုိ မိသားစု စီမံမႈျပဳထားမယ္ဆုိရင္ ေႏွာင့္ယွက္ပိုင္ခြင့္ မရွိေတာ့ဘူး''

''ဒါဆုိရင္ ဆရာ၊ တစ္ခုသိခ်င္တာက မိသားစု စီမံမႈဆုိတာ ဘယ္လုိပါလဲဆရာ''

''ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရ က်န္ရစ္တဲ့ မိဘတစ္ဦးဦးက မိမိ မကြယ္လြန္မီ သားသမီးေတြ အားလုံးရဲ႕ သေဘာတူညီခ်က္နဲ႔ အေမြပုံပစၥည္းကို ခြဲေဝေပးခြင့္ ရွိတယ္။ ႀကိဳတင္အေမြခဲြေပးထားတဲ့ သေဘာေပါ့ကြယ္''

''ေသတမ္းစာ သေဘာလား ဆရာ''

''ေသတမ္းစာ သေဘာ မဟုတ္ဘူး။ ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒအရ ဗုဒၶဘာသာကုိးကြယ္သူေတြဟာ ေသတမ္းစာေရးသားခြင့္ မရွိဘူး။ ေသတမ္းစာဆုိတာက အေမြရွင္က မိမိေပးခ်င္သူ တစ္ဦးတည္းကို ပစၥည္းအားလုံး ေပးခြင့္ရွိတယ္။ ျမန္မာ့ဓေလ့ထုံးတမ္း ဥပေဒမွာ အေမြပစၥည္းကို တစ္ဦးတည္းပုံေပးလုိ႔ မရဘူး။ အေမြဆက္ခံသူ အားလုံးရဲ႕ သေဘာတူညီခ်က္နဲ႔ မိသားစုစီမံမႈ စာခ်ဳပ္ ခ်ဳပ္ဆုိၿပီး ခြဲေဝထားၾကတာ ျဖစ္တယ္''

''သားသမီးတုိင္းက အေမြရကုိရမယ့္ သေဘာေပါ့''

''မွန္ပါတယ္။ တူမႀကီး သိေအာင္ ေျပာရမယ္ဆုိရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ 'ေမာင္ေခြးသုိး (ေဒၚထင္ႀကီး၏ တရားဝင္ ကုိယ္စားလွယ္)ႏွင့္ ေဒၚမွတ္ႀကီး ၁၉၈ဝ ခုႏွစ္ ျမန္မာႏုိင္ငံ စီရင္ထုံး စာမ်က္ႏွာ ၉၂' စီရင္ထုံးမွာ မိသားစု စီမံမႈျဖင့္ အေမြပုံပစၥည္းမ်ား ခြဲေဝျခင္းဆုိသည္မွာ အေမြရွင္ ေသဆုံးသည့္အခါ မိသားစုစီမံမႈျပဳစဥ္က ပဋိညာဥ္အတုိင္း အေမြပစၥည္းမ်ားကို ခြဲယူရမည္ျဖစ္သည္။

'မိသားစု စီမံမႈျပဳလုပ္ရာတြင္ ျမန္မာဓေလ့ထုံးတမ္း ဥပေဒအရ စာခ်ဳပ္စာတမ္းျဖင့္ မဟုတ္ဘဲ ႏႈတ္ကတိျဖင့္ ျပဳလုပ္ႏုိင္သည္။ စာခ်ဳပ္စာတမ္းျဖင့္ ျပဳလုပ္လွ်င္ မွတ္ပုံတင္စာခ်ဳပ္ ျပဳလုပ္ရန္ မလုိေပ' လုိ႔ လမ္းၫႊန္ဆုံးျဖတ္ထားပါတယ္။

''ဒါဆုိရင္ မိဘကြယ္လြန္မွ ပုိင္ဆုိင္ခြင့္ ရမယ္ေပါ့ေနာ္''

''ေအး- ဟုတ္တယ္။ ဒါေၾကာင့္ အခုဝယ္မယ့္ တုိက္ခန္းမွာ မိခင္က သားငယ္ကို အၿပီးအပုိင္ လဲႊေျပာင္းေပးထားတယ္ဆုိရင္ သားငယ္က လြတ္လပ္စြာ ေရာင္းပိုင္ခြင့္ ရွိတယ္။ မိသားစု စီမံမႈ စာခ်ဳပ္အရ ခြဲေဝထားတဲ့ တုိက္ခန္းဆုိရင္ေတာ့ စာခ်ဳပ္ပါအတုိင္း အားလုံးသေဘာတူ လက္မွတ္ေရးထုိးထားတဲ့အတြက္ မိခင္ကြယ္လြန္မွ ပုိင္ဆုိင္ခြင့္ရၾကမွာ ျဖစ္တယ္။ ဒါေပမယ့္ သက္ရွိ ထင္ရွားရွိတဲ့ မိခင္ရဲ႕ သေဘာတူညီခ်က္အရ ဆုိရင္ေတာ့ တုိက္ခန္းကို ေရာင္းပိုင္ခြင့္ရွိမွာ ျဖစ္တယ္''လုိ႔ ရွင္းျပလုိက္ပါသည္။

Credit: ေစ်းကြက္ဂ်ာနယ္

### Unicode Version ###

''မိသားစုစီမံမှုပြုထားတဲ့ တိုက်ခန်းကို ဝယ်လို့ရပါသလား ဆရာ''

စာရေးသူ၏ မိတ်ဆွေတစ်ဦးက လမ်းညွှန်လိုက်သဖြင့် အမျိုးသမီးရွယ်တစ်ဦး စာရေးသူထံသို့ လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။

''အင်း- မိသားစု စီမံမှုဆိုတော့ စာချုပ်စာတမ်းနဲ့ ဘယ်လိုဆောင် ရွက်ထားတာလဲ''

''စာချုပ်စာတမ်းနဲ့ လုပ်ထားတာလို့ ပြောတာပဲ ဆရာ''

''မိသားစု စီမံမှုဖြစ်လို့ မိဘတွေက သက်ရှိထင်ရှား ရှိနေသေးသလား''

''မိခင်ကတော့ ရှိသေးတယ် ပြောတယ်။ အမေဖြစ်သူနဲ့ သားသမီး ၃ ဦး ပြုလုပ်ထားတဲ့ မိသားစု စီမံမှုလို့ ပြောတယ်''

''အခုရောင်းမယ်ဆိုတဲ့ တိုက်ခန်းက ဘယ်သူ့ကို ပေးထားတာလဲ''

''သားငယ်ကို ပေးထားတယ် ပြောတာပဲ ဆရာ''

''ပေးခံထားရတဲ့ သားငယ်ဆိုတဲ့ သူနဲ့ တွေ့ပြီးပြီလား''

''သူက နိုင်ငံခြားသင်္ဘော လိုက်နေတော့ သူ့ဇနီးနဲ့ပဲ တွေ့ပါတယ်။ ဇနီးဖြစ်သူပြောတာကတော့ ဒီတိုက်ခန်းကို ရောင်းပြီး စုဆောင်းထားငွေနဲ့ ပေါင်းလို့ လုံးချင်းတိုက် ဝယ်မယ်ပြောပါတယ်''

''ရောင်းမယ်ဆိုတဲ့ တိုက်ခန်းမှာ ဘယ်သူနေလဲ''

''သားအငယ် မိသားစု နေပါတယ်''

''သြော်- ရောင်းမယ်ဆိုတဲ့သူတွေ နေတာပေါ့၊ လက်ရောက်ရပြီးသဘော ဖြစ်နေပြီပေါ့''

''ဟုတ်ပါတယ်။ ဒါကြောင့် ဝယ်ဖို့ သင့်/မသင့်၊ ကျန်တဲ့ မောင်နှမတွေက ကန့်ကွက်နိုင်ပါသလား ဆိုတာ သိချင်လို့ပါဆရာ''

''ရောင်းသူကိုယ်တိုင် လက်ဝယ်ရှိတဲ့ ပစ္စည်းဆိုတော့ သာမန်အားဖြင့်တော့ အနှောင့်အယှက်မရှိနိုင်ဘူးပေါ့လေ။ ကျန်တဲ့ သားသမီးတွေက ဘယ်မှာနေကြလဲ''

''သားအကြီးအတွက် ပေးထားတဲ့ တိုက်ခန်းကိုတော့ သူ့အမေက အိမ်ငှားတင်ထားတယ် ပြောတယ်''

''အိမ်ငှားတင်ထားတယ်ဆိုတော့ အိမ်ပိုင်ရှင်တွေက ဘယ်မှာနေကြလဲ''

''သားကြီးဖြစ်တဲ့သူနဲ့ ဇနီးက ဆရာဝန်တွေလို့ ပြောတယ်။ နိုင်ငံခြားမှာလို့ ပြောပါတယ်''

''ဒါဆို အမေကြီးနဲ့ နောက်တစ်ယောက်က ဘယ်မှာနေကြလဲ''

''အမေဖြစ်တဲ့သူနဲ့ သမီးလတ် အပျိုကြီးက F.M.I အိမ်ရာမှာ နေတယ်လို့ ပြောပါတယ်''

''ဒီတော့လည်း အသီးသီးခွဲပေးပြီးသဘော ဖြစ်နေပြီပေါ့''

''ဟုတ်ပါတယ်''

''အခု ပြောတဲ့အတိုင်းဆိုရင် မိသားစု စီမံမှုပြုပြီး ခွဲဝေပေးထားတဲ့သဘော သက်ရောက်နေပါတယ်''

''ဒါပေမယ့် အမေက သူတို့ကို အပြီးလွှဲပေးထားတာတော့ မဟုတ်ဘူးလို့လည်း ပြောတယ်ဆရာ''

''ဟုတ်ပြီ၊ လက်ရှိတိုက်ခန်း အမည်ပေါက်တွေက အမေ့နာမည်ဖြစ်နေပြီး တရားဝင် လွှဲပြောင်း၊ အမည်ပြောင်းတာ မလုပ်ရသေးဘူးပေါ့''

''ဟုတ်ကဲ့ ဆရာပြောသလို ဖြစ်မယ်ထင်ပါတယ်''

''သားနဲ့ ချွေးမကို မိခင်က ခွင့်ပြုချက်နဲ့ ထားတဲ့သဘော ဖြစ်နေတာပေါ့။ တိုက်ခန်းရဲ့ ပိုင်ဆိုင်မှုက မိခင်လက်ဝယ်မှာ ရှိနေသေးတယ်။ ဒါဆိုရင်တော့ မိခင်ကို အသိပေးပြီးမှ ရောင်းသင့်တယ်လို့ ဆရာထင်တယ်။ ဝယ်လိုက်ပြီး ပိုင်ဆိုင်ခွင့် အမည်ပြောင်းမယ် ဆိုရင် မိခင်ရဲ့ သဘောတူညီချက်ယူမှ တိုက်ခန်းအမည်ပေါက်ကို တရားဝင်ရမှာဖြစ်တယ်''

''ဒါဆိုရင် မိခင်ဖြစ်သူက ကန့်ကွက်နိုင်ခွင့်ရှိတဲ့ သဘောပေါ့နော်''

''ဥပဒေသတောအရ ကြည့်ရင်တော့ ပိုင်ရှင်က မိခင်ဖြစ်နေတဲ့အတွက် မိခင်ဖြစ်သူက ကန့်ကွက်နိုင်တဲ့ သဘောပေါ့ကွယ်၊ ဒါပေမယ့် မိခင်ကို နားလည်အောင် ပြောရင်တော့ အဆင်ပြေသွားမှာပေါ့''

''ကျန်တဲ့ မောင်နှမတွေကတော့ ကန့်ကွက်ခွင့် ရှိပါသေးသလား''

''မိခင်ရှိနေသေးသရွေ့တော့ ကန့်ကွက်ခွင့် မရှိဘူးပေါ့။ မိခင် ကွယ်လွန်သွားရင်လည်း တူမပြောသလို မိသားစု စီမံမှုပြုထားမယ်ဆိုရင် နှောင့်ယှက်ပိုင်ခွင့် မရှိတော့ဘူး''

''ဒါဆိုရင် ဆရာ၊ တစ်ခုသိချင်တာက မိသားစု စီမံမှုဆိုတာ ဘယ်လိုပါလဲဆရာ''

''မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ကျန်ရစ်တဲ့ မိဘတစ်ဦးဦးက မိမိ မကွယ်လွန်မီ သားသမီးတွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ အမွေပုံပစ္စည်းကို ခွဲဝေပေးခွင့် ရှိတယ်။ ကြိုတင်အမွေခွဲပေးထားတဲ့ သဘောပေါ့ကွယ်''

''သေတမ်းစာ သဘောလား ဆရာ''

''သေတမ်းစာ သဘော မဟုတ်ဘူး။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာကိုးကွယ်သူတွေဟာ သေတမ်းစာရေးသားခွင့် မရှိဘူး။ သေတမ်းစာဆိုတာက အမွေရှင်က မိမိပေးချင်သူ တစ်ဦးတည်းကို ပစ္စည်းအားလုံး ပေးခွင့်ရှိတယ်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ အမွေပစ္စည်းကို တစ်ဦးတည်းပုံပေးလို့ မရဘူး။ အမွေဆက်ခံသူ အားလုံးရဲ့ သဘောတူညီချက်နဲ့ မိသားစုစီမံမှု စာချုပ် ချုပ်ဆိုပြီး ခွဲဝေထားကြတာ ဖြစ်တယ်''

''သားသမီးတိုင်းက အမွေရကိုရမယ့် သဘောပေါ့''

''မှန်ပါတယ်။ တူမကြီး သိအောင် ပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ 'မောင်ခွေးသိုး (ဒေါ်ထင်ကြီး၏ တရားဝင် ကိုယ်စားလှယ်)နှင့် ဒေါ်မှတ်ကြီး ၁၉၈ဝ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၉၂' စီရင်ထုံးမှာ မိသားစု စီမံမှုဖြင့် အမွေပုံပစ္စည်းများ ခွဲဝေခြင်းဆိုသည်မှာ အမွေရှင် သေဆုံးသည့်အခါ မိသားစုစီမံမှုပြုစဉ်က ပဋိညာဉ်အတိုင်း အမွေပစ္စည်းများကို ခွဲယူရမည်ဖြစ်သည်။

'မိသားစု စီမံမှုပြုလုပ်ရာတွင် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ စာချုပ်စာတမ်းဖြင့် မဟုတ်ဘဲ နှုတ်ကတိဖြင့် ပြုလုပ်နိုင်သည်။ စာချုပ်စာတမ်းဖြင့် ပြုလုပ်လျှင် မှတ်ပုံတင်စာချုပ် ပြုလုပ်ရန် မလိုပေ' လို့ လမ်းညွှန်ဆုံးဖြတ်ထားပါတယ်။

''ဒါဆိုရင် မိဘကွယ်လွန်မှ ပိုင်ဆိုင်ခွင့် ရမယ်ပေါ့နော်''

''အေး- ဟုတ်တယ်။ ဒါကြောင့် အခုဝယ်မယ့် တိုက်ခန်းမှာ မိခင်က သားငယ်ကို အပြီးအပိုင် လွဲှပြောင်းပေးထားတယ်ဆိုရင် သားငယ်က လွတ်လပ်စွာ ရောင်းပိုင်ခွင့် ရှိတယ်။ မိသားစု စီမံမှု စာချုပ်အရ ခွဲဝေထားတဲ့ တိုက်ခန်းဆိုရင်တော့ စာချုပ်ပါအတိုင်း အားလုံးသဘောတူ လက်မှတ်ရေးထိုးထားတဲ့အတွက် မိခင်ကွယ်လွန်မှ ပိုင်ဆိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ဒါပေမယ့် သက်ရှိ ထင်ရှားရှိတဲ့ မိခင်ရဲ့ သဘောတူညီချက်အရ ဆိုရင်တော့ တိုက်ခန်းကို ရောင်းပိုင်ခွင့်ရှိမှာ ဖြစ်တယ်''လို့ ရှင်းပြလိုက်ပါသည်။

Credit: ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service