ကမ္ဘာကျော် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Blackstone က ဂျပန်နိုင်ငံရှိ ကွန်ဒိုပေါင်း ၈၀ ကို ဂျာမနီကုမ္ပဏီကြီး Allianz ထံ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖြင့် ရောင်းချ
ကမ္ဘာကျော် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Blackstone က ဂျပန်နိုင်ငံရှိ ကွန်ဒိုပေါင်း ၈၀ ကို ဂျာမနီကုမ္ပဏီကြီး Allianz ထံ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
8 Oct 2019 11:43 am တွင် တင်ခဲ့သည်
803 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ကမ္ဘာကျော် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Blackstone က ဂျပန်နိုင်ငံရှိ ကွန်ဒိုပေါင်း ၈၀ ကို ဂျာမနီ အာမခံကုမ္ပဏီကြီး Allianz ထံ ယန်းငွေ ၁၃၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂၁ ဘီလီယံ ) ဖြင့် ရောင်းချလိုက်ကြောင်း ဂျပန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အများအားဖြင့် တိုကျိုမြို့တော်နှင့် အိုဆာကာတို့တွင် တည်ရှိသော ကွန်ဒိုများဖြစ်သည်ဟု ဆိုသည်။
Allianz ၏ အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီခွဲဖြစ်သော Allianz Real Estate မှ ဝယ်ယူမည်ဟု ဆိုသည်။
Allianz Real Estate သည် ဥရောပနှင့် အာရှတို့တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ကြိုးပမ်းလာနေသည့် ကုမ္ပဏီကြီးလည်း ဖြစ်သည်။
ယခုအရောင်းအဝယ်တွင် အများဆုံးမှာ တိုကျိုမြို့တော် အချက်အခြာကျသော ရပ်ကွက် ၂၃ ခုရှိ ကွန်ဒိုများဖြစ်သည်။
ဂျပန်တွင် လူဦးရေကျဆင်းလာလျက်ရှိနေသော်လည်း အလုပ်ဝင်ကြသော စုံတွဲများသည် ၎င်းတို့၏ ရုံးများနှင့် နီးစပ်သည့်နေရာများကို ရှာဖွေနေထိုင်လာလျက်ရှိသောကြောင့် အဆိုပါဒေသတို့၏ ငှားရမ်းလိုအားမှာ မြင့်တက်လျက်ရှိနေသည်။
Allianz Real Estate က ယခုဝယ်ယူလိုက်သည့် ကွန်ဒိုများကို ကာလရှည် လက်ကိုင်ထားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်း အချက်အလက်များအရ Allianz Real Estate ပိုင်ဆိုင်ထားသော အိမ်ခြံမြေများ၏ စုစုပေါင်းတန်ဖိုးမှာ ယူရို ၆၃ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၆၉ ဒသမ ၇ ဘီလီယံ) ရှိသည်ဟု ဆိုသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အတိုးနှုန်းများမှာ အနိမ့်ဆုံးအခြေအနေဖြစ်နေရာ ရင်းနှီးမြှုပ်နှံသူများစွာတို့မှာ အမြတ်ရှာဖွေရန်အတွက် အိမ်ခြံမြေလောကသို့ ခြေဦးလှည့်လာကြသည်။
လူပေါင်းများစွာသည် ကျေးလက်မှ မြို့ပြဒေသများသို့ ရွှေ့ပြောင်းလာလျက်ရှိနေကြခြင်းကြောင့် ဂျပန်နိုင်ငံ၏ မြို့ကြီးပြကြီးများတွင် အိမ်ခြံမြေငှားရမ်းလိုအားမှာ ကာလအတန်ကြာခိုင်မာနေဦးမည်ဖြစ်ကြောင်း Allianz က မျှော်မှန်းထားသည်။
ယခု အရောင်းအဝယ်ပြုလုပ်သည့် အဆောက်အအုံများကို နှစ်ကုန်ပိုင်းတွင် လွှဲပြောင်းပေးသွားရန် Blackstone က မျှော်မှန်းထားသည်။
အမေရိကန်ကုမ္ပဏီကြီး Blackstone သည် ဂျပန်နိုင်ငံရှိ မြို့ကြီးများတွင် အငှားကွန်ဒို ဝယ်ယူမှုများ တဖြေးဖြေးချင်း မြှင့်တင်လျက်ရှိနေခဲ့ သော်လည်း ယခုအခါတွင်မူ ၎င်း၏ ပိုင်ဆိုင်မှုများကို ရေရှည်ရင်းနှီးမြှုပ်နှံမည့်သူများထံ ပြန်လည်ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။
cost of finances (COF) ဟု ခေါ်သော အဆောက်အအုံဆောက်လုပ်၊ ဝယ်ယူမှုများအတွက် ချေးငွေရယူရာတွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကုန်ကျရမှုနိမ့်ပါးသည့်အတွက် ဂျပန်မြို့ပြများရှိ အငှားကွန်ဒိုများမှာ အမြတ်ငွေ ၄ ရာခိုင်နှုန်းကျော် ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service