စြန္႔လႊတ္စာခ်ဳပ္ႏွင့္ အပိုင္ေပးစာခ်ဳပ္ ကြာဟခ်က္

စြန္႔လႊတ္စာခ်ဳပ္ႏွင့္ အပိုင္ေပးစာခ်ဳပ္ ကြာဟခ်က္ - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2019 1:34 pm တွင် တင်ခဲ့သည်
2691 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

မိမိ၏ ပိုင္ဆိုင္မႈကုိ သူတစ္ပါးအား စြန္႔လႊတ္လိုက္သည္ ဆုိတာလည္း ေပးကမ္းျခင္းပါပဲ။ မိမိ၏ ပိုင္ဆုိင္မႈကုိ သူတစ္ပါးကုိ ေပးလိုက္သည္ ဆုိတာလည္း ေပးကမ္းျခင္းပါပဲ။ ေပးကမ္းျခင္းအတူတူ ဘာေၾကာင့္ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့ေနရာမွာ ကြဲျပားသလဲဆုိတာကိုေတာ့ ရွင္းျပလုိပါတယ္။

စြန္႔လႊတ္စာခ်ဳပ္

ေျမတစ္ကြက္ကုိ A ႏွင့္ B အမည္ႏွင့္ ၀ယ္လုိက္သည္ ဆုိပါစုိ႔။ A က B ကုိ ေမတၱာသက္၀င္လုိ႔ေသာ္လည္းေကာင္း၊ အေလ်ာ္ေပးလုိ၍ေသာ္လည္းေကာင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေပးကမ္းလုိပါက အပုိင္ေပးစာခ်ဳပ္ခ်ဳပ္စရာ မလိုအပ္ဘဲ A က ယင္းေျမကြက္၏ ပိုင္ဆုိင္မႈကုိ စြန္႔လႊတ္လုိက္႐ံုႏွင့္ B ကုိ ေပးကမ္းၿပီးသား ျဖစ္သြားပါသည္။

စြန္႔လႊတ္စာခ်ဳပ္ ခ်ဳပ္ဆုိရန္အတြက္ ပိုင္ရွင္ႏွစ္ဦးစလံုးျဖစ္ေသာ A ႏွင့္ B က စြန္႔လႊတ္လုိေသာအိမ္၊ ေျမႏွင့္ ပတ္သက္သည့္ ပုိင္ဆုိင္မႈ စာရြက္စာတမ္း အေထာက္အထားမ်ားကုိယူ၍ ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္သာယာေရးႏွင့္ ၿမဳိ႕ျပေျမယာဌာနတြင္ ေျမပံု၊ ေျမရာဇ၀င္အား ေရးကူးေလွ်ာက္ထားရမည္။ ဌာန မွ လုိအပ္သည္မ်ားကုိကြင္းဆင္းစစ္ေဆး၍ ကန္႔ကြက္သူ မရွိပါက ေျမပံုႏွင့္ေျ မရာဇ၀င္ ထုတ္ေပးပါသည္။

ထုိအခါ ေျမကြက္ပိုင္ရွင္မ်ားျဖစ္ေသာ A ႏွင့္ B က ရန္ကုန္ၿမဳိ႕ေတာ္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္႐ံုးသုိ႔ သြား၍ A ႏွင့္ B ပူးတြဲ ပုိင္ဆုိင္ေသာ ေျမကြက္အား A မွ B ကုိ စြန္႔လႊတ္ေၾကာင္းစာခ်ဳပ္အားခ်ဳပ္ဆုိ၍ မွတ္ပံုတင္ရပါမည္။ ကပ္ႏွိပ္ရမည့္ တံဆိပ္ေခါင္းခြန္မွာ ၄၀၀၀ိ/- က်ပ္ ျဖစ္ပါသည္။

မွတ္ခ်က္။ ။ ပူးတြဲပိုင္ဆုိင္ေသာ A ႏွင့္ B ကသာ အျပန္အလွန္စြန္႔လႊတ္ခြင့္ ရွိၿပီး A ႏွင့္ B မွ လြဲ၍ အျခားတစ္ေယာက္အား စြန္႔လႊတ္ျခင္း မရွိပါ။

ေပးကမ္းစာခ်ဳပ္

ေျမကြက္တစ္ကြက္ကုိ “A” ႏွင့္ “B” က ပူးတြဲပုိင္ဆုိင္ထားၿပီး “A” က ၎၏ ပုိင္ဆုိင္ေသာ အစုအား ညီမျဖစ္သူ “C” အား ေပးကမ္းလုိပါသည္။ ထုိအခါ စြန္႔လႊတ္စာခ်ဳပ္မခ်ဳပ္ရဘဲ ေမတၱာႏွင့္ အပိုင္ေပးစာခ်ဳပ္ကုိ ခ်ဳပ္ဆုိရပါသည္။ အပိုင္ေပးရာတြင္ ေဆြမ်ဳိးေတာ္စပ္သည့္ အေနအထားရွိမွသာ အပိုင္ေပးကမ္းလုိ႔ ရပါသည္။

စာခ်ဳပ္ခ်ဳပ္ဆုိပံု အဆင့္ဆင့္မွာ စြန္႔လႊတ္စာခ်ဳပ္ႏွင့္ ပံုစံတူျဖစ္ၿပီး ထမ္းေဆာင္ရသည့္ တံဆိပ္ေခါင္းဖုိးသာ ကြာျခားပါသည္။ မိဘက သားသမီးအားေပးကမ္းပါက ၄% ႏွင့္ ညီအစ္ကုိ၊ ေမာင္ႏွမ၊ တူ၀ရီးတုိ႔ အခ်င္းခ်င္းေပးကမ္းပါ က တံဆိပ္ေခါင္းခြန္ ၇% ထမ္းေဆာင္ရပါမည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit : Myanmar Property news

 

### Unicode Version ###

မိမိ၏ ပိုင်ဆိုင်မှုကို သူတစ်ပါးအား စွန့်လွှတ်လိုက်သည် ဆိုတာလည်း ပေးကမ်းခြင်းပါပဲ။ မိမိ၏ ပိုင်ဆိုင်မှုကို သူတစ်ပါးကို ပေးလိုက်သည် ဆိုတာလည်း ပေးကမ်းခြင်းပါပဲ။ ပေးကမ်းခြင်းအတူတူ ဘာကြောင့် စာချုပ်ချုပ်ဆိုတဲ့နေရာမှာ ကွဲပြားသလဲဆိုတာကိုတော့ ရှင်းပြလိုပါတယ်။

စွန့်လွှတ်စာချုပ်

မြေတစ်ကွက်ကို A နှင့် B အမည်နှင့် ဝယ်လိုက်သည် ဆိုပါစို့။ A က B ကို မေတ္တာသက်ဝင်လို့သော်လည်းကောင်း၊ အလျော်ပေးလို၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ပေးကမ်းလိုပါက အပိုင်ပေးစာချုပ်ချုပ်စရာ မလိုအပ်ဘဲ A က ယင်းမြေကွက်၏ ပိုင်ဆိုင်မှုကို စွန့်လွှတ်လိုက်ရုံနှင့် B ကို ပေးကမ်းပြီးသား ဖြစ်သွားပါသည်။

စွန့်လွှတ်စာချုပ် ချုပ်ဆိုရန်အတွက် ပိုင်ရှင်နှစ်ဦးစလုံးဖြစ်သော A နှင့် B က စွန့်လွှတ်လိုသောအိမ်၊ မြေနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားများကိုယူ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနှင့် မြို့ပြမြေယာဌာနတွင် မြေပုံ၊ မြေရာဇဝင်အား ရေးကူးလျှောက်ထားရမည်။ ဌာန မှ လိုအပ်သည်များကိုကွင်းဆင်းစစ်ဆေး၍ ကန့်ကွက်သူ မရှိပါက မြေပုံနှင့်ေြ မရာဇဝင် ထုတ်ပေးပါသည်။

ထိုအခါ မြေကွက်ပိုင်ရှင်များဖြစ်သော A နှင့် B က ရန်ကုန်မြို့တော် စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးသို့ သွား၍ A နှင့် B ပူးတွဲ ပိုင်ဆိုင်သော မြေကွက်အား A မှ B ကို စွန့်လွှတ်ကြောင်းစာချုပ်အားချုပ်ဆို၍ မှတ်ပုံတင်ရပါမည်။ ကပ်နှိပ်ရမည့် တံဆိပ်ခေါင်းခွန်မှာ ၄၀၀၀ိ/- ကျပ် ဖြစ်ပါသည်။

မှတ်ချက်။ ။ ပူးတွဲပိုင်ဆိုင်သော A နှင့် B ကသာ အပြန်အလှန်စွန့်လွှတ်ခွင့် ရှိပြီး A နှင့် B မှ လွဲ၍ အခြားတစ်ယောက်အား စွန့်လွှတ်ခြင်း မရှိပါ။

ပေးကမ်းစာချုပ်

မြေကွက်တစ်ကွက်ကို “A” နှင့် “B” က ပူးတွဲပိုင်ဆိုင်ထားပြီး “A” က ၎င်း၏ ပိုင်ဆိုင်သော အစုအား ညီမဖြစ်သူ “C” အား ပေးကမ်းလိုပါသည်။ ထိုအခါ စွန့်လွှတ်စာချုပ်မချုပ်ရဘဲ မေတ္တာနှင့် အပိုင်ပေးစာချုပ်ကို ချုပ်ဆိုရပါသည်။ အပိုင်ပေးရာတွင် ဆွေမျိုးတော်စပ်သည့် အနေအထားရှိမှသာ အပိုင်ပေးကမ်းလို့ ရပါသည်။

စာချုပ်ချုပ်ဆိုပုံ အဆင့်ဆင့်မှာ စွန့်လွှတ်စာချုပ်နှင့် ပုံစံတူဖြစ်ပြီး ထမ်းဆောင်ရသည့် တံဆိပ်ခေါင်းဖိုးသာ ကွာခြားပါသည်။ မိဘက သားသမီးအားပေးကမ်းပါက ၄% နှင့် ညီအစ်ကို၊ မောင်နှမ၊ တူဝရီးတို့ အချင်းချင်းပေးကမ်းပါ က တံဆိပ်ခေါင်းခွန် ၇% ထမ်းဆောင်ရပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit : Myanmar Property news

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service