ဂ်ာမနီတြင္ ႏွစ္ေပါင္း ၅၀၀ ေက်ာ္ၾကာျမင့္သည့္အထိ အိမ္ငွားခ ေစ်းမတက္ဘဲ တစ္ႏွစ္လွ်င္ ၀ ဒသမ ၈ ေဒၚလာ (ျမန္မာေငြ ၁၂၂၁ က်ပ္ခန္႔) သာ အိမ္ငွားခေပးရသည့္ ျမိဳ႕ကေလး

ဂ်ာမနီတြင္ ႏွစ္ေပါင္း ၅၀၀ ေက်ာ္ၾကာျမင့္သည့္အထိ အိမ္ငွားခ ေစ်းမတက္ဘဲ တစ္ႏွစ္လွ်င္ ၀ ဒသမ ၈ ေဒၚလာ (ျမန္မာေငြ ၁၂၂၁ က်ပ္ခန္႔) သာ အိမ္ငွားခေပးရသည့္ ျမိဳ႕ကေလး - Property News in Myanmar from iMyanmarHouse.com
17 Sep 2019 11:19 am တွင် တင်ခဲ့သည်
1046 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဘာေဗးရီးယားျပည္နယ္သည္ ဂ်ာမနီႏိုင္ငံ၏ အက်ယ္ဝန္းဆံုး ျပည္နယ္တစ္ခုျဖစ္ျပီး ႏိုင္ငံဧရိယာ၏ ၅ ပံုတစ္ပံုခန္႔ ရွိသည္။

ဘာေဗးရီးယားျပည္နယ္၏ ထင္ရွားေသာ ျမိဳ႕ၾကီးမ်ားမွာ ျပည္နယ္ျမိဳ႕ေတာ္ ျမဴးနစ္၊ ႏုရင္ဘတ္ႏွင့္ ေအာ့စ္ဘာ့ဂ်္တို႔ ျဖစ္သည္။

ဘာေဗးရီးယားျပည္နယ္၊ ေအာ့စ္ဘာ့ဂ်္ျမိဳ႕အတြင္းရွိ ဖူးဂရီအမည္ရွိ ၁၆ ရာစုကတည္းက တည္ေထာင္ခဲ့ေသာ စုေပါင္းအိမ္ရာတစ္ခု၏ အိမ္ငွားေစ်းမွာ ႏွစ္ေပါင္း ၅၀၀ ေက်ာ္ၾကာျမင့္လာျပီျဖစ္သည့္ ယေန႔အထိ ေစ်းမတက္ဘဲ တစ္ႏွစ္လွ်င္ အိမ္ငွားခ ၀ ဒသမ ၈ ေဒၚလာ (ျမန္မာေငြ ၁၂၂၁ က်ပ္ -စက္တင္ဘာ ၁၆ ရက္ေငြလဲႏႈန္း အေမရိကန္ ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၁၅၂၇ က်ပ္) သာ ေပးရသည္။

အဆိုပါ စုေပါင္းအိမ္ရာကို အေဆာက္အအံု ၆၇ လံုးျဖင့္ ဖြဲ႔စည္းထားျပီး စတင္ တည္ေထာင္ခဲ့သည့္ ၁၅၂၁ ခုႏွစ္မွ စတင္ျပီး တစ္ႏွစ္တာ အိမ္ငွားခ ဂ်ာမန္ေငြ ၁ က်ပ္သာေပးခဲ့ရသည္မွာ ယေန႔အထိ ျဖစ္သည္။

ဖူးဂရီ စုေပါင္းအိမ္ရာကို စတင္တည္ေထာင္သည့္ ခုႏွစ္ႏွင့္ စပ္လ်ဥ္း၍မူ ေဖာ္ျပခ်က္အမ်ဳိးမ်ဳိးရွိေနျပီး ဝီကီပီဒီယာ၏ ေဖာ္ျပခ်က္အရမူ ၁၅၁၃ ခုႏွစ္တြင္ တည္ေထာင္ခဲ့ေၾကာင္း ေဖာ္ျပသည္။

ဖူးဂရီ အိမ္ရာတြင္ အခန္းေပါင္း ၁၄၂ ခန္း ပါဝင္ျပီး စိန္႔မတ္ခ္စ္ အမည္ရွိ ဘုရားေက်ာင္းတစ္ခုႏွင့္ အုပ္ခ်ဳပ္ေရးရံုးတစ္ခုတို႔ ပါဝင္ကာ ေနထိုင္သူ ၁၅၀ ဝန္းက်င္ ရွိသည္။

ဖူးဂရီ အိမ္ရာကို ေဆာက္လုပ္ခဲ့သူမွာ ဂ်ာမာန္ကုန္သည္၊ သတၱဳတြင္းလုပ္ငန္းရွင္၊ ဘဏ္လုပ္ငန္းရွင္တစ္ဦးျဖစ္သူ ယာေကာ့ ဖူဂါး (၁၄၅၉-၁၅၂၅) ဆိုသူျဖစ္ျပီး လူေနအိမ္လိုအပ္သည့္ ေအာ့စ္ဘာ့ဂ်္ျမိဳ႕သားမ်ားအတြက္ ရည္ရြယ္ကာ ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္သည္။

ယာေကာ့ဗ္သည္ တန္ဖုိးၾကီးတြင္းထြက္ပစၥည္းမ်ား ေရာင္းဝယ္ျခင္း၊ ဘ႑ာေရးဆုိင္ရာ လုပ္ငန္းမ်ား လုပ္ကိုင္ျခင္းတို႔ျဖင့္ ခ်မ္းသာၾကြယ္ဝလာျပီးေနာက္ ဖူးဂရီအိမ္ရာကို တည္ေထာင္ေပးခဲ့ျခင္း ျဖစ္သည္။

ယာေကာ့ဗ္တည္ေထာင္ခဲ့ေသာ ဖူးဂရီအိမ္ရာသည္ ကမၻာေပၚတြင္ သက္တမ္းအရင့္ဆံုး စုေပါင္း အိမ္ရာတစ္ခု ျဖစ္သည္။

ယေန႔ကာလတြင္ ဝင္ေငြနည္းပါးသူတုိ႔သည္ အဆိုပါအိမ္ရာတြင္ အံ့အားသင့္ဖြယ္ အလြန္နည္းပါးလွေသာ ႏွစ္စဥ္ငွားရမ္းချဖင့္ ေနထိုင္ႏိုင္လ်က္ရွိသည္မွာ ယာေကာ့ဗ္၏ ေက်းဇူးပင္ ျဖစ္ေလသည္။

ဖူးဂရီအိမ္ရာ၏ ေျမအက်ယ္အဝန္းမွာ စတုရန္းမီတာ ၁၅၀၀၀ (စတုရန္းေပ ၁၆၀၀၀၀) ရွိျပီး Augsburger စင္တာႏွင့္ ကပ္လ်က္တည္ရွိသည္။

အိမ္ရာဝန္းတြင္ ဂိတ္တံခါး ၅ ခုရွိျပီး ညစဥ္ ၁၀ နာရီတြင္ တံခါးပိတ္သည္ဟု ဆိုသည္။

ကမၻာလွည့္ခရီးသည္မ်ားအေနျဖင့္ ႏွစ္ေပါင္း ၅၀၀ ေက်ာ္သက္တမ္းရွိ ဖူးဂရီအိမ္ရာကို ဝင္ေရာက္ေလ့လာႏိုင္ျပီး ဝင္ေၾကးမွာ တစ္ဦးလွ်င္ ၆ ယူရိုႏွင့္ ၈၀ ဆင့္ (ျမန္မာေငြ ၁၁၅၀၄ က်ပ္) ျဖစ္ရာ အဆိုပါအိမ္ရာအတြင္းရွိ အိမ္ခန္းမ်ား တစ္ႏွစ္တာ ငွားရမ္းခ၏ ၇ ဆခန္႔ရွိသည္။

အိမ္ရာအတြင္း ျပတိုက္ ၂ ခု၊ ဒုတိယကမၻာစစ္အတြင္းက ဗံုးခိုက်င္းၾကီးတစ္ခုႏွင့္ နမူနာအိမ္ခန္းတစ္ခန္းတို႔ ပါဝင္သည္။

အဆိုပါ အိမ္ရာအတြင္းေနထိုင္သူမ်ား မည္သို႔ေနထိုင္ၾကသည္ကို နမူနာအိမ္ခန္းတြင္ ၾကည့္ရႈေလ့လာႏိုင္မည္ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဘာဗေးရီးယားပြည်နယ်သည် ဂျာမနီနိုင်ငံ၏ အကျယ်ဝန်းဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး နိုင်ငံဧရိယာ၏ ၅ ပုံတစ်ပုံခန့် ရှိသည်။

ဘာဗေးရီးယားပြည်နယ်၏ ထင်ရှားသော မြို့ကြီးများမှာ ပြည်နယ်မြို့တော် မြူးနစ်၊ နုရင်ဘတ်နှင့် အော့စ်ဘာ့ဂျ်တို့ ဖြစ်သည်။

ဘာဗေးရီးယားပြည်နယ်၊ အော့စ်ဘာ့ဂျ်မြို့အတွင်းရှိ ဖူးဂရီအမည်ရှိ ၁၆ ရာစုကတည်းက တည်ထောင်ခဲ့သော စုပေါင်းအိမ်ရာတစ်ခု၏ အိမ်ငှားဈေးမှာ နှစ်ပေါင်း ၅၀၀ ကျော်ကြာမြင့်လာပြီဖြစ်သည့် ယနေ့အထိ ဈေးမတက်ဘဲ တစ်နှစ်လျှင် အိမ်ငှားခ ၀ ဒသမ ၈ ဒေါ်လာ (မြန်မာငွေ ၁၂၂၁ ကျပ် -စက်တင်ဘာ ၁၆ ရက်ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၅၂၇ ကျပ်) သာ ပေးရသည်။

အဆိုပါ စုပေါင်းအိမ်ရာကို အဆောက်အအုံ ၆၇ လုံးဖြင့် ဖွဲ့စည်းထားပြီး စတင် တည်ထောင်ခဲ့သည့် ၁၅၂၁ ခုနှစ်မှ စတင်ပြီး တစ်နှစ်တာ အိမ်ငှားခ ဂျာမန်ငွေ ၁ ကျပ်သာပေးခဲ့ရသည်မှာ ယနေ့အထိ ဖြစ်သည်။

ဖူးဂရီ စုပေါင်းအိမ်ရာကို စတင်တည်ထောင်သည့် ခုနှစ်နှင့် စပ်လျဉ်း၍မူ ဖော်ပြချက်အမျိုးမျိုးရှိနေပြီး ဝီကီပီဒီယာ၏ ဖော်ပြချက်အရမူ ၁၅၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း ဖော်ပြသည်။

ဖူးဂရီ အိမ်ရာတွင် အခန်းပေါင်း ၁၄၂ ခန်း ပါဝင်ပြီး စိန့်မတ်ခ်စ် အမည်ရှိ ဘုရားကျောင်းတစ်ခုနှင့် အုပ်ချုပ်ရေးရုံးတစ်ခုတို့ ပါဝင်ကာ နေထိုင်သူ ၁၅၀ ဝန်းကျင် ရှိသည်။

ဖူးဂရီ အိမ်ရာကို ဆောက်လုပ်ခဲ့သူမှာ ဂျာမာန်ကုန်သည်၊ သတ္တုတွင်းလုပ်ငန်းရှင်၊ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ယာကော့ ဖူဂါး (၁၄၅၉-၁၅၂၅) ဆိုသူဖြစ်ပြီး လူနေအိမ်လိုအပ်သည့် အော့စ်ဘာ့ဂျ်မြို့သားများအတွက် ရည်ရွယ်ကာ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

ယာကော့ဗ်သည် တန်ဖိုးကြီးတွင်းထွက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ဖြင့် ချမ်းသာကြွယ်ဝလာပြီးနောက် ဖူးဂရီအိမ်ရာကို တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။

ယာကော့ဗ်တည်ထောင်ခဲ့သော ဖူးဂရီအိမ်ရာသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး စုပေါင်း အိမ်ရာတစ်ခု ဖြစ်သည်။

ယနေ့ကာလတွင် ဝင်ငွေနည်းပါးသူတို့သည် အဆိုပါအိမ်ရာတွင် အံ့အားသင့်ဖွယ် အလွန်နည်းပါးလှသော နှစ်စဉ်ငှားရမ်းခဖြင့် နေထိုင်နိုင်လျက်ရှိသည်မှာ ယာကော့ဗ်၏ ကျေးဇူးပင် ဖြစ်လေသည်။

ဖူးဂရီအိမ်ရာ၏ မြေအကျယ်အဝန်းမှာ စတုရန်းမီတာ ၁၅၀၀၀ (စတုရန်းပေ ၁၆၀၀၀၀) ရှိပြီး Augsburger စင်တာနှင့် ကပ်လျက်တည်ရှိသည်။

အိမ်ရာဝန်းတွင် ဂိတ်တံခါး ၅ ခုရှိပြီး ညစဉ် ၁၀ နာရီတွင် တံခါးပိတ်သည်ဟု ဆိုသည်။

ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိ ဖူးဂရီအိမ်ရာကို ဝင်ရောက်လေ့လာနိုင်ပြီး ဝင်ကြေးမှာ တစ်ဦးလျှင် ၆ ယူရိုနှင့် ၈၀ ဆင့် (မြန်မာငွေ ၁၁၅၀၄ ကျပ်) ဖြစ်ရာ အဆိုပါအိမ်ရာအတွင်းရှိ အိမ်ခန်းများ တစ်နှစ်တာ ငှားရမ်းခ၏ ၇ ဆခန့်ရှိသည်။

အိမ်ရာအတွင်း ပြတိုက် ၂ ခု၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးခိုကျင်းကြီးတစ်ခုနှင့် နမူနာအိမ်ခန်းတစ်ခန်းတို့ ပါဝင်သည်။

အဆိုပါ အိမ်ရာအတွင်းနေထိုင်သူများ မည်သို့နေထိုင်ကြသည်ကို နမူနာအိမ်ခန်းတွင် ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service