အေမရိကန္တရားေရးဌာန အရာရွိတို႔က မေလးရွားဝန္ၾကီးခ်ဳပ္ေဟာင္း၏ မယားပါသားႏွင့္ ဆက္ႏႊယ္ေသာ ဇိမ္ခံလူေနအိမ္ ၃ လံုးကို ေရာင္းခ်ရန္ စီစဥ္

အေမရိကန္တရားေရးဌာန အရာရွိတို႔က မေလးရွားဝန္ၾကီးခ်ဳပ္ေဟာင္း၏ မယားပါသားႏွင့္ ဆက္ႏႊယ္ေသာ ဇိမ္ခံလူေနအိမ္ ၃ လံုးကို ေရာင္းခ်ရန္ စီစဥ္ - Property News in Myanmar from iMyanmarHouse.com
16 Aug 2019 12:37 pm တွင် တင်ခဲ့သည်
778 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္တရားေရးဌာန အရာရွိတို႔သည္ မေလးရွားဝန္ၾကီးခ်ဳပ္ေဟာင္း နာဂ်စ္ ရာဇက္၏ မယားပါသားႏွင့္ ဆက္ႏႊယ္ေသာ ဇိမ္ခံလူေနအိမ္ ၃ လံုးကို ေရာင္းခ်ရန္ စီစဥ္လ်က္ရွိေၾကာင္း တရားရံုးစာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္ဟု ရိုက္တာသတင္း တစ္ရပ္တြင္ ေဖာ္ျပသည္။

မေလးရွားအစိုးရပိုင္ 1MDB မွ ခိုးယူသြားခဲ့ေသာ ေငြမ်ား ျပန္လည္ရရွိရန္ ေနာက္ဆံုးေသာၾကိဳးပမ္းခ်က္တစ္ရပ္လည္း ျဖစ္သည္။

နာဂ်စ္ရာဇက္ကိုယ္တိုင္ ပူးတြဲတည္ေထာင္ခဲ့ေသာ 1Malaysia Development Berhad ( 1MDB ) ဟူသည့္ အစိုးရရန္ပံုေငြမွ ကန္ေဒၚလာ ၄ ဒသမ ၅ ဘီလီယံခန္႔မွာ အလြဲသံုးစားျပဳလုပ္ခံခဲ့ရေၾကာင္း အေမရိကန္အစိုးရႏွင့္ လက္ရွိ မေလးရွားအာဏာပိုင္တို႔က ေျပာၾကားထားသည္။

1MDB ရန္ပံုေငြမွ နာဂ်စ္ရာဇက္၏ မယားပါသားက ခိုးယူခဲ့ေသာ ေငြမ်ားျဖင့္ ဝယ္ယူထားခဲ့ေသာ ကန္ေဒၚလာ ၁ ဒသမ ၇ ဘီလီယံတန္ေၾကးရွိသည့္ ပိုင္ဆိုင္မႈမ်ားကို ၂၀၁၆ ခုႏွစ္မွ စတင္ျပီး အေမရိကန္တရားေရးဌာနက သိမ္းယူမႈမ်ား ျပဳလုပ္ခဲ့ရာ ကိုယ္ပိုင္ ဂ်က္ေလယာဥ္တစ္စင္း၊ တန္ဖိုးၾကီး ဇိမ္ခံလူေနအိမ္မ်ားႏွင့္ ေက်ာက္မ်က္ရတနာမ်ား ပါဝင္သည္ဟု ဆိုသည္။

(မွတ္ခ်က္။ အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဆိုက္ၾကီးတြင္ ၂၀၁၆ ခုႏွစ္အတြင္းက ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက

(၁) https://www.imyanmarhouse.com/news/read/476583

(၂) https://www.imyanmarhouse.com/news/read/499079 အင္တာနက္လင့္ခ္မ်ားတြင္ ဖတ္ရႈႏိုင္ပါသည္)

ယင္းသို႔ ပိုင္ဆိုင္မႈမ်ားကို သိမ္းယူခဲ့ရာမွ ရရွိေငြ ကန္ေဒၚလာ သန္း ၂၀၀ ခန္႔ကို အေမရိကန္ျပည္ေထာင္စုက မေလးရွားအစိုးရသို႔ စတင္လႊဲေျပာင္းေပးလ်က္ရွိေနသည္။

ဇိမ္ခံလူေနအိမ္မ်ားတြင္ ကန္ေဒၚလာ ၂၇ ဒသမ ၉၇ သန္း တန္ေၾကးရွိ စံအိမ္ ၁ လံုး၊ ေလာ့စ္အိန္ဂ်လိျမိဳ႕ ဘီဗာလီေဟးလ္အရပ္ရွိ ကန္ေဒၚလာ ၁၇ ဒသမ ၅ သန္းတန္ စံအိမ္တစ္လံုးႏွင့္ နယူးေယာက္ျမိဳ႕တြင္ ကန္ေဒၚလာ ၃၅ ဒသမ ၅ သန္း တန္ေၾကးရွိ စံအိမ္တစ္လံုးတို႔ ပါဝင္သည္။

နယူးေယာက္စံအိမ္ကို နာဂ်စ္ရာဇက္၏ မယားပါသား ရီဇာအဇစ္က 1MDB မွ ရယူခဲ့ေသာ ေငြမ်ားျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ ဟုဆိုသည္။

အေမရိကန္တရားေရးအရာရွိတို႔က ေျပာၾကားခဲ့ရာတြင္ ရီဇာသည္ အဆိုပါအိမ္ျခံေျမမ်ားကို မေလးရွားဘ႑ာေရးလုပ္ငန္းရွင္ လိုတိတ္ဂ်ဳိထံမွ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ေျပာၾကားသည္။

လိုတိတ္ဂ်ဳိသည္ 1MDB မွ ေငြမ်ားခိုးယူခံရမႈတြင္ အဓိကေနရာမွ ပါဝင္ခဲ့သည္ဟု မေလးရွားႏွင့္ အေမရိကန္ျပည္ေထာင္စု ႏွစ္ခုလံုးတြင္ တရားစြဲဆိုခံရမႈႏွင့္ ရင္ဆိုင္ေနရသူလည္း ျဖစ္သည္။

ရီဇာသည္ ေဟာလိဝုဒ္ရွိ ရုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီ Red Granite Pictures ကို ပူးတြဲတည္ေထာင္သူျဖစ္ျပီး ေအာ္စကာဆု ဇကာတင္စာရင္းဝင္ “The Wolf of Wall Street” ရုပ္ရွင္ဇာတ္ကားကို ထုတ္လုပ္ခဲ့ကာ အဆိုပါဇာတ္ကားတြင္ လီယိုနာဒို ဒီကာပရီယို ပါဝင္သရုပ္ေဆာင္ခဲ့သည္။

နာဂ်စ္ရာဇက္သည္ ျပီးခဲ့ေသာႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ရာ၌ ရႈံးနိမ့္ခဲ့ျပီး ယခုအခါ 1MDB ႏွင့္ အျခားေသာ အစိုးရအဖြဲ႔အသီးသီးမွ ဘ႑ာေငြမ်ား ဆံုးရံႈးမႈအတြက္ အမႈေပါင္း ၄၂ မႈျဖင့္ တရားစြဲခံထားရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်တရားရေးဌာန အရာရှိတို့သည် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်၏ မယားပါသားနှင့် ဆက်နွှယ်သော ဇိမ်ခံလူနေအိမ် ၃ လုံးကို ရောင်းချရန် စီစဉ်လျက်ရှိကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်ဟု ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြသည်။

မလေးရှားအစိုးရပိုင် 1MDB မှ ခိုးယူသွားခဲ့သော ငွေများ ပြန်လည်ရရှိရန် နောက်ဆုံးသောကြိုးပမ်းချက်တစ်ရပ်လည်း ဖြစ်သည်။

နာဂျစ်ရာဇက်ကိုယ်တိုင် ပူးတွဲတည်ထောင်ခဲ့သော 1Malaysia Development Berhad ( 1MDB ) ဟူသည့် အစိုးရရန်ပုံငွေမှ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့်မှာ အလွဲသုံးစားပြုလုပ်ခံခဲ့ရကြောင်း အမေရိကန်အစိုးရနှင့် လက်ရှိ မလေးရှားအာဏာပိုင်တို့က ပြောကြားထားသည်။

1MDB ရန်ပုံငွေမှ နာဂျစ်ရာဇက်၏ မယားပါသားက ခိုးယူခဲ့သော ငွေများဖြင့် ဝယ်ယူထားခဲ့သော ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ကြေးရှိသည့် ပိုင်ဆိုင်မှုများကို ၂၀၁၆ ခုနှစ်မှ စတင်ပြီး အမေရိကန်တရားရေးဌာနက သိမ်းယူမှုများ ပြုလုပ်ခဲ့ရာ ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စင်း၊ တန်ဖိုးကြီး ဇိမ်ခံလူနေအိမ်များနှင့် ကျောက်မျက်ရတနာများ ပါဝင်သည်ဟု ဆိုသည်။

(မှတ်ချက်။ အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ၂၀၁၆ ခုနှစ်အတွင်းက ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက

(၁) https://www.imyanmarhouse.com/news/read/476583

(၂) https://www.imyanmarhouse.com/news/read/499079 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်)

ယင်းသို့ ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ရာမှ ရရှိငွေ ကန်ဒေါ်လာ သန်း ၂၀၀ ခန့်ကို အမေရိကန်ပြည်ထောင်စုက မလေးရှားအစိုးရသို့ စတင်လွှဲပြောင်းပေးလျက်ရှိနေသည်။

ဇိမ်ခံလူနေအိမ်များတွင် ကန်ဒေါ်လာ ၂၇ ဒသမ ၉၇ သန်း တန်ကြေးရှိ စံအိမ် ၁ လုံး၊ လော့စ်အိန်ဂျလိမြို့ ဘီဗာလီဟေးလ်အရပ်ရှိ ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းတန် စံအိမ်တစ်လုံးနှင့် နယူးယောက်မြို့တွင် ကန်ဒေါ်လာ ၃၅ ဒသမ ၅ သန်း တန်ကြေးရှိ စံအိမ်တစ်လုံးတို့ ပါဝင်သည်။

နယူးယောက်စံအိမ်ကို နာဂျစ်ရာဇက်၏ မယားပါသား ရီဇာအဇစ်က 1MDB မှ ရယူခဲ့သော ငွေများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

အမေရိကန်တရားရေးအရာရှိတို့က ပြောကြားခဲ့ရာတွင် ရီဇာသည် အဆိုပါအိမ်ခြံမြေများကို မလေးရှားဘဏ္ဍာရေးလုပ်ငန်းရှင် လိုတိတ်ဂျိုထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

လိုတိတ်ဂျိုသည် 1MDB မှ ငွေများခိုးယူခံရမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်ဟု မလေးရှားနှင့် အမေရိကန်ပြည်ထောင်စု နှစ်ခုလုံးတွင် တရားစွဲဆိုခံရမှုနှင့် ရင်ဆိုင်နေရသူလည်း ဖြစ်သည်။

ရီဇာသည် ဟောလိဝုဒ်ရှိ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Red Granite Pictures ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး အော်စကာဆု ဇကာတင်စာရင်းဝင် “The Wolf of Wall Street” ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်ခဲ့ကာ အဆိုပါဇာတ်ကားတွင် လီယိုနာဒို ဒီကာပရီယို ပါဝင်သရုပ်ဆောင်ခဲ့သည်။

နာဂျစ်ရာဇက်သည် ပြီးခဲ့သောနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ၌ ရှုံးနိမ့်ခဲ့ပြီး ယခုအခါ 1MDB နှင့် အခြားသော အစိုးရအဖွဲ့အသီးသီးမှ ဘဏ္ဍာငွေများ ဆုံးရှုံးမှုအတွက် အမှုပေါင်း ၄၂ မှုဖြင့် တရားစွဲခံထားရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service