မလေးရှားအစိုးရပိုင် ဘဏ္ဍာငွေများဖြင့် ၀ယ်ယူသည့် ဇိမ်ခံလူနေတိုက်ခန်းများနှင့် ဂျက်လေယာဉ်တစ်စင်းကို ကန်အစိုးရ သိမ်းဆည်းမည်

မလေးရှားအစိုးရပိုင် ဘဏ္ဍာငွေများဖြင့် ၀ယ်ယူသည့် ဇိမ်ခံလူနေတိုက်ခန်းများနှင့် ဂျက်လေယာဉ်တစ်စင်းကို ကန်အစိုးရ သိမ်းဆည်းမည် - Property News in Myanmar from iMyanmarHouse.com
22 Jul 2016 11:02 am တွင် တင်ခဲ့သည်
2132 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံရေးအဖွဲ့အစည်းဖြစ်သော 1Malaysia Development Bhd (1MDB)ပိုင် ဘဏ္ဍာငွေများဖြင့် အမေရိကန်ပြည်ထောင်စုတွင် ၀ယ်ယူသည့် ဇိမ်ခံလူနေတိုက်ခန်းများနှင့် ဂျက်လေယာဉ်တစ်စင်း အပါအ၀င် ကန်ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိ ပိုင်ဆိုင်မှုအရပ်ရပ်ကို အမေရိကန်အစိုးရက သိမ်းဆည်းတော့မည်ဖြစ်ကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ဖော်ပြောကြားသည်ဟု မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အမေရိကန်တရားရေးဌာန၏ ထုတ်ပြန်ချက်အရ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ မယားပါသားဖြစ်သူ ရီဇာအဇစ်သည် နိုင်ငံပိုင်ဘဏ္ဍာငွေများကို ခိုးယူကာ အနုပညာလက်ရာများ၊ အမေရိကန်အိမ်ခြံမြေဈေးကွက်ရှိ တန်ဖိုးကြီးလူနေခန်းများဝယ်ယူခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်သည့်ရုပ်ရှင်ဖြစ်သော “The Wolf of Wall Street” ဇာတ်ကားကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော် သုံးစွဲကာ ရိုက်ကူးထုတ်လုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“အမေရိကန်ဘဏ္ဍာရေးစနစ်ကို အကျင့်ပျက်ခြစားမှုရဲ့ ခိုလှုံရာအဖြစ် အသုံးချတာမျိုး တရားရေးဌာနအနေနဲ့ ခွင့်ပြုလိမ့်မှာ မဟုတ်ပါဘူး” ဟု အမေရိကန်ရှေ့နေချုပ် လိုရက်တာ လင့်ခ်ျက ပြောကြားသည်။

အမေရိကန်တွင် ပိုင်ဆိုင်မှုအရပ်ရပ်အတွက် နာဂျစ်ရာဇက်၏ မယားပါသားက နိုင်ငံပိုင် 1MDB ၏ ငွေများဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါငွေများမှာ မလေးရှားစီးပွားရေးဖွံ့ဖြိုးရန် ထောက်ပံ့ရေးအတွက် ရည်ရွယ်ထားသောငွေများဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

“ခိုးလာတဲ့ငွေတွေကို အမေရိကန်ဘဏ္ဍာရေးအင်စတီကျူးရှင်းတွေဆီမှာ ခ၀ါလာချတာပဲ ဖြစ်ပါတယ်”ဟုလည်းသူမက ပြောကြားသည်။

ရီဇာအဇစ်ငွေထုတ်ပေးကာ ရိုက်ကူးထုတ်လုပ်ခဲ့သော ဒါရိုက်တာ မာတင်စကော့စီစီနှင့် သရုပ်ဆောင်လီယိုနာဒို ဒီကာပရီယိုတို့၏ ဇာတ်ကားမှ မူပိုင်ခွင့်အရပ်ရပ်ကိုလည်း သိမ်းဆည်းသွားမည်ဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ မယားပါသားဖြစ်သူ ရီဇာအဇစ်သည် မလေးရှားအစိုးရပိုင်ငွေများဖြင့် နယူးယောက်နှင့် လော့စ်အိန်ဂျလိတို့တွင် ကန်ဒေါ်လာသန်း ၅၀ တန်ဖိုးရှိ ဇိမ်ခံလူနေခန်းများ ၀ယ်ယူခဲ့သည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/476583 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

အမေရိကန်အစိုးရက ဖော်ထုတ်ရရှိထားသော ရီဇာအဇစ်၏ ၀ယ်ယူထားမှုပေါင်း ၂၀ ခန့်ရှိရာ နာမည်ကျော် ဘီဗာလီဟေးလ်ရှိ တန်ဖိုးကြီးနေအိမ်၊ နယူးယောက် တိုင်းမ်ဝါနာစင်တာရှိ penthouse ခန်းနှင့် လန်ဒန်ရှိ ဘဲလ်ဂရေးဗီးယားအရပ်တွင် ၀ယ်ယူထားသော အထပ်မြင့်တိုက်ခန်းတို့ ပါဝင်သည်။

ထို့အပြင် ကမ္ဘာကျော်ပန်းချီဆရာများဖြစ်ကြသော ဗင်းဆင့်ဗန်ဂိုးနှင့် မိုနေးတို့၏ လက်ရာ ပန်းချီကားများ၊ Bombardier Global 5000 အမျိုးအစားဂျက်လေယာဉ်တစ်စင်းလည်း ပါဝင်သည်။

ဆွစ်ဇာလန်နှင့် စင်္ကာပူနိုင်ငံများတွင်လည်း 1MDB မှ ခိုးယူထားသည်ဟု ယူဆရသော ငွေများကို သိမ်းဆည်းထားလိုက်ကြပြီ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားအစိုးရပိုင် ဘဏ္ဍာငွေများဖြင့် ၀ယ်ယူသည့် ဇိမ်ခံလူနေတိုက်ခန်းများနှင့် ဂျက်လေယာဉ်တစ်စင်းကို ကန်အစိုးရ သိမ်းဆည်းမည် - Property News in Myanmar from iMyanmarHouse.com
မလေးရှားအစိုးရပိုင် ဘဏ္ဍာငွေများဖြင့် ၀ယ်ယူသည့် ဇိမ်ခံလူနေတိုက်ခန်းများနှင့် ဂျက်လေယာဉ်တစ်စင်းကို ကန်အစိုးရ သိမ်းဆည်းမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service