ကင္မ္ကာဒါရွီယန္၏ ခင္ပြန္း ကမၻာေက်ာ္ ရက္ပ္အဆိုေတာ္ ကင္ေညးဝက္စ္က ေလာ့စ္အိန္ဂ်လိတြင္ တန္ဖိုးနည္း အမိုးခံုးအိမ္မ်ား ေဆာက္လုပ္ခဲ့ျခင္းေၾကာင့္ ေဒသခံတို႔၏ တိုင္ၾကားျခင္းခံရ

ကင္မ္ကာဒါရွီယန္၏ ခင္ပြန္း ကမၻာေက်ာ္ ရက္ပ္အဆိုေတာ္ ကင္ေညးဝက္စ္က ေလာ့စ္အိန္ဂ်လိတြင္ တန္ဖိုးနည္း အမိုးခံုးအိမ္မ်ား ေဆာက္လုပ္ခဲ့ျခင္းေၾကာင့္ ေဒသခံတို႔၏ တိုင္ၾကားျခင္းခံရ - Property News in Myanmar from iMyanmarHouse.com
13 Aug 2019 12:32 pm တွင် တင်ခဲ့သည်
1453 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကင္မ္ကာဒါရွီယန္၏ ခင္ပြန္း ကမၻာေက်ာ္ ရက္ပ္အဆိုေတာ္ ကင္ေညးဝက္စ္သည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိတြင္ ေဆာက္လုပ္လ်က္ရွိေသာ ‘Star Wars’ ဇာတ္ကားတြင္းမွ ေနအိမ္မ်ားအသြင္ တန္ဖိုးနည္း အမိုးခံုးအိမ္မ်ားသည္ ေဒသခံတို႔၏ တိုင္ၾကားခံရေသာေၾကာင့္ အာဏာပိုင္တို႔က လာေရာက္စစ္ေဆးလ်က္ရွိသည္။

ကင္ေညးဝက္စ္က တန္ဖုိးသင့္အိမ္ရာမ်ားအျဖစ္ ရည္ရြယ္ကာ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ခြင့္ျပဳခ်က္ မရယူဘဲ ေဆာက္လုပ္ခဲ့သည့္ ေနအိမ္မ်ားအျဖစ္ နယူးေယာက္ခရိုင္ ျပည္သူ႔ေရးရာလုပ္ငန္းမ်ားဌာနက ထုတ္ျပန္ေၾကညာခဲ့သည္။

ကင္ေညးဝက္စ္သည္ အဆိုပါေနအိမ္မ်ားအတြက္ လာမည့္ စက္တင္ဘာလ ၁၃ ရက္ ေနာက္ဆံုးထားျပီး တရားဝင္ခြင့္ျပဳခ်က္ရယူျခင္းမရွိပါက ျဖိဳခ်ဖ်က္သိမ္းရမည္ ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ကာလာဘာဆက္စ္အရပ္တြင္ ေဆာက္လုပ္ေနေသာ အိမ္ရာစီမံကိန္း၏ ဆူညံသံမ်ားႏွင့္ စပ္လ်ဥ္းျပီး တိုင္ၾကားခ်က္ ၂ ခု ရရွိခဲ့ျခင္းေၾကာင့္ ခရိုင္အရာရွိမ်ားက အာရံုစိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္သူ႔ေရးရာလုပ္ငန္းမ်ားဌာန၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားသည္။

ျပီးခဲ့ေသာ ဇူလိုင္လအတြင္း အဆိုပါေဆာက္လုပ္ေရးလုပ္ငန္းခြင္သို႔ စံုစမ္းစစ္ေဆးေရးမွဴးမ်ား ၂ ၾကိမ္ ဝင္ေရာက္စစ္ေဆးခဲ့သည္။

ပထမအၾကိမ္စစ္ေဆးရာတြင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွ မန္ေနဂ်ာတစ္ဦးက အဆိုပါအမိုးခံုးအိမ္မ်ားမွာ ယာယီသာျဖစ္ေၾကာင္း၊ သို႔အတြက္ ခြင့္ျပဳခ်က္ ပါမစ္မလိုအပ္ေၾကာင္း တင္ျပခဲ့သည္ဟု ဆိုသည္။

သို႔ရာတြင္ ဒုတိယအၾကိမ္ စစ္ေဆးရာတြင္မူ အေဆာက္အအံုတို႔၏ ေအာက္ေျခတြင္ ကြန္ကရစ္ေဖာင္ေဒးရွင္းမ်ား ေလာင္းထားသည္ကို စစ္ေဆးေတြ႔ရွိခဲ့ၾကသည္။

သို႔အတြက္ ျပည္သူ႔ေရးရာလုပ္ငန္းမ်ားဌာနက ဇူလိုင္လ ၃၀ ရက္တြင္ သတိေပးခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ျပီး ေဆာက္လုပ္ေရးစီမံကိန္း အစီအစဥ္မ်ားကို ၄၅ ရက္အတြင္း တင္သြင္းကာ ခြင့္ျပဳခ်က္ရယူရန္ (သို႔မဟုတ္) ဖ်က္သိမ္းရန္ သတိေပးခဲ့သည္။

ကင္ေညးဝက္စ္အေနျဖင့္ အဆိုပါသတ္မွတ္ကာလအတြင္း ကိုင္တြယ္ေျဖရွင္းျခင္း မျပဳပါက အနည္းဆံုး ကန္ေဒၚလာ ၁၄၀၀ ခန္႔ ဒဏ္ေငြ ေပးေဆာင္ရဖြယ္ရာ ရွိသည္။ ကင္ေညးဝက္စ္သည္ ယခုအမိုးခံုးအိမ္မ်ားကို ေဆာက္လုပ္ရန္ စီစဥ္ေနသည္မွာ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

၂၀၁၈ ခုႏွစ္၊ ေႏြဦးက ထြက္ရွိခဲ့ေသာ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ေျပာၾကားခ်က္အရ ကင္ေညးဝက္စ္သည္ ကာလာဘာဆက္စ္အရပ္တြင္ ေဆာက္လုပ္ေရးစီမံကိန္းတစ္ခု အေကာင္အထည္ေဖာ္ရန္ ေျမဧက ၃၀၀ ခန္႔ ဝယ္ယူခဲ့ေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ကင်မ်ကာဒါရှီယန်၏ ခင်ပွန်း ကမ္ဘာကျော် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိတွင် ဆောက်လုပ်လျက်ရှိသော ‘Star Wars’ ဇာတ်ကားတွင်းမှ နေအိမ်များအသွင် တန်ဖိုးနည်း အမိုးခုံးအိမ်များသည် ဒေသခံတို့၏ တိုင်ကြားခံရသောကြောင့် အာဏာပိုင်တို့က လာရောက်စစ်ဆေးလျက်ရှိသည်။

ကင်ညေးဝက်စ်က တန်ဖိုးသင့်အိမ်ရာများအဖြစ် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုချက် မရယူဘဲ ဆောက်လုပ်ခဲ့သည့် နေအိမ်များအဖြစ် နယူးယောက်ခရိုင် ပြည်သူ့ရေးရာလုပ်ငန်းများဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ကင်ညေးဝက်စ်သည် အဆိုပါနေအိမ်များအတွက် လာမည့် စက်တင်ဘာလ ၁၃ ရက် နောက်ဆုံးထားပြီး တရားဝင်ခွင့်ပြုချက် ရယူခြင်းမရှိပါက ဖြိုချဖျက်သိမ်းရမည် ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ ကာလာဘာဆက်စ်အရပ်တွင် ဆောက်လုပ်နေသော အိမ်ရာစီမံကိန်း၏ ဆူညံသံများနှင့် စပ်လျဉ်းပြီး တိုင်ကြားချက် ၂ ခု ရရှိခဲ့ခြင်းကြောင့် ခရိုင်အရာရှိများက အာရုံစိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရေးရာလုပ်ငန်းများဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ပြီးခဲ့သော ဇူလိုင်လအတွင်း အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ စုံစမ်းစစ်ဆေးရေးမှူးများ ၂ ကြိမ် ဝင်ရောက်စစ်ဆေးခဲ့သည်။

ပထမအကြိမ်စစ်ဆေးရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မန်နေဂျာတစ်ဦးက အဆိုပါအမိုးခုံးအိမ်များမှာ ယာယီသာဖြစ်ကြောင်း၊ သို့အတွက် ခွင့်ပြုချက် ပါမစ်မလိုအပ်ကြောင်း တင်ပြခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ဒုတိယအကြိမ် စစ်ဆေးရာတွင်မူ အဆောက်အအုံတို့၏ အောက်ခြေတွင် ကွန်ကရစ်ဖောင်ဒေးရှင်းများ လောင်းထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြသည်။

သို့အတွက် ပြည်သူ့ရေးရာလုပ်ငန်းများဌာနက ဇူလိုင်လ ၃၀ ရက်တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဆောက်လုပ်ရေးစီမံကိန်း အစီအစဉ်များကို ၄၅ ရက်အတွင်း တင်သွင်းကာ ခွင့်ပြုချက်ရယူရန် (သို့မဟုတ်) ဖျက်သိမ်းရန် သတိပေးခဲ့သည်။

ကင်ညေးဝက်စ်အနေဖြင့် အဆိုပါသတ်မှတ်ကာလအတွင်း ကိုင်တွယ်ဖြေရှင်းခြင်း မပြုပါက အနည်းဆုံး ကန်ဒေါ်လာ ၁၄၀၀ ခန့် ဒဏ်ငွေ ပေးဆောင်ရဖွယ်ရာ ရှိသည်။ ကင်ညေးဝက်စ်သည် ယခုအမိုးခုံးအိမ်များကို ဆောက်လုပ်ရန် စီစဉ်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ နွေဦးက ထွက်ရှိခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားချက်အရ ကင်ညေးဝက်စ်သည် ကာလာဘာဆက်စ်အရပ်တွင် ဆောက်လုပ်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် မြေဧက ၃၀၀ ခန့် ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့ဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service