အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် တရုတ်အခြေစိုက် China Lesso ကုမ္ပဏီက ရန်ကုန်တွင် ဈေးဝယ်စင်တာအပါအဝင် စီးပွားရေးအဆောက်အအုံများ ထူထောင်ရေး ရင်းနှီးမြှုပ်နှံမှုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
7752 ကြိမ် ကြည့်ရှု့ ပြီး

အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် တရုတ်အခြေစိုက် China Lesso ကုမ္ပဏီက ရန်ကုန်တွင် ဈေးဝယ်စင်တာအပါအဝင် စီးပွားရေးအဆောက်အအုံများ ထူထောင်ရေး ရင်းနှီးမြှုပ်နှံမှုလုပ်မည်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

### Zawgyi Version ###








 

### Unicode Version ###

 

ဇူလိုင်လတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံတွင် တရုတ်အခြေစိုက် China Lesso ကုမ္ပဏီ၏ ဈေးဝယ်စင်တာအပါအဝင် စီးပွားရေးအဆောက်အအုံများ ထူထောင်ရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုမိန့်ပေးခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြေဧက ၇၀ ကျော်ရှိသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပဲခူးမြစ်နှင့် ရတနာလမ်း ထောင့်ရှိမြေနေရာတွင်အဆိုပါ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ကော်မရှင်က ထုတ်ပြန်ထားရာတွင်စီမံကိန်းတွင် ဈေးဝယ်စင်တာ၊ ကုန်စည်ဈေးကွက်၊ ကုန်သိုလှောင် ရုံ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီးပွားရေးအဆောက်အအုံတို့ပါဝင်ကာ China Lesso ကုမ္ပဏီ၏ လက်အောက်ခံ Lesso Mall Investment နှင့် မြန်မာနိုင်ငံမှ Ever Investment ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီက တင်ပြသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတွင် စီမံကိန်းအတွက် တည်ဆောက်ရေးကာလ သုံးနှစ်ပေးထားပြီး လုပ်ငန်းရှင်များလည်ပတ်ပါက အလုပ်အကိုင်အခွင့်အလမ်း ၂,၀၀၀ ခန့် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းဖော်ပြထားသည်။

China Lesso ကုမ္ပဏီအုပ်စုသည် ဟောင်ကောင် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံတွင် စက်မှုထုတ်ကုန်လုပ်ငန်းများလုပ်ကိုင်နေပြီး အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်နေကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Sule Shangri-La Hotel တွင်ကျင်းပခဲ့သည့် City Loft အိမ်ရာ အရောင်းပြပွဲ
ကန်တော်ကြီးဥယျာဉ်အနီး Royal Garden View ကွန်ဒိုအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့
ရန်ကုန်တိုင်းက မြေတွေကို အဆင့်သုံးဆင့်နဲ့ ရောင်းချနေတာလို့ ဆို
ဂျပန်နည်းပညာနှင့် ဆောက်လုပ်ရေးပစ္စည်းများအသုံးပြုကာ တန်ဖိုးနည်း အိမ်ရာနမူနာအိမ် စမ်းသပ်ဆောက်လုပ်...
အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်ရှိ တာလ်ဆာအမည်ရှိ မြို့သို့ ပြောင်းရွှေ့နေထိုင်လိုသည့်သူများကို မြို့အုပ်ချုပ်ရေးအဖွဲ့က ကန်ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၁၅၃ သိန်းဝန်းကျင်) ထောက်ပံ့ပေးမည်...
ဆင်မင်းဈေး၏တစ်နှစ် ဝင်ငွေသည် ၂၂၈ သိန်းသာရရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော
အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်၏ မြို့တော် လန်းဆင်းတွင် နေအိမ်တစ်လုံးကို တစ္ဆေတစ်ကောင်၏ ပုံရိပ်ပါနေသော ခြောက်ခြားဖွယ်ရာ ဓာတ်ပုံများဖြင့် အရောင်းဈေးကွက်တင်ရာ ၅ ရက်အတွင်း ကြော်ငြာကို ဝင်ရောက်ကြည့်ရှုသူ တစ်သန်းကျော်ရှိခဲ့...
မြို့ သစ်သိမ်းဆည်းမြေဧက ၁၅၀၀ ကျော်မူလပိုင်ရှင်တွေကိုပြန်ပေး
နေအိမ်များစွာ ရောင်းထုတ်နေသူ တိုက်တန်းနစ်မင်းသား လီယိုနာဒို ဒီကာပရီယို၏ လော့စ်အိန်ဂျလိရှိ စံအိမ်ဟောင်း ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖြင့် ရောင်းထွက်...
ရန်ကုန်မြို့သစ် စီမံကိန်း၏ မူလမြေပိုင်ရှင်များသို့ မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)