ကေမၻာဒီးယားတြင္ ဘိုေကာအမ်ဳိးသားဥယ်ာဥ္ၾကီးကို စမတ္ျမိဳ ႔ေတာ္ၾကီးအျဖစ္ ေျပာင္းလဲရန္ ကေမၻာဒီးယားအစိုးရစီစဥ္

ကေမၻာဒီးယားတြင္ ဘိုေကာအမ်ဳိးသားဥယ်ာဥ္ၾကီးကို စမတ္ျမိဳ ႔ေတာ္ၾကီးအျဖစ္ ေျပာင္းလဲရန္ ကေမၻာဒီးယားအစိုးရစီစဥ္ - Property News in Myanmar from iMyanmarHouse.com
17 Jul 2019 1:05 pm တွင် တင်ခဲ့သည်
847 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကေမၻာဒီးယားအစိုးရသည္ ဘိုေကာအမ်ဳိးသားဥယ်ာဥ္ၾကီးကို ေရွးေဟာင္းသမိုင္းဝင္ ကမၻာလွည့္ခရီးသြားျမိဳ ႔ေတာ္ၾကီးအျဖစ္ ေျပာင္းလဲရန္ ဆံုးျဖတ္ခ်က္ ခ်မွတ္လိုက္သည္။

ထိုေဒသကို ကေမၻာဒီးယားေတာင္ပိုင္း ပင္လယ္ကမ္းရိုးတန္းရွိ ကမၻာလွည့္ခရီးသြား စၾကၤန္ႏွင့္ ခ်ိတ္ဆက္ေပးမည္ ျဖစ္သည္။

ဘိုေကာေဒသကို ေရွးေဟာင္းသမိုင္းအေမြအႏွစ္မ်ား ထိန္းသိမ္းထားသည့္ စမတ္ျမိဳ ႔ေတာ္ၾကီးတစ္ခုအျဖစ္ ေျပာင္းလဲသြားမည့္ စီမံကိန္းျဖစ္ျပီး ကူးသန္းေရာင္းဝယ္ေရးႏွင့္ လူေနအေဆာက္အအံုဇုန္မ်ား ပါဝင္မည္ ျဖစ္သည္။

စီမံကိန္းအရ ဇုန္ ၉ ခု ပိုင္းျခားထားရာ လူေန၊ ကူးသန္းေရာင္းဝယ္ေရး၊ ဘက္စံုသံုး၊ သယ္ယူပို႔ေဆာင္ေရး၊ ကမၻာလွည့္ခရီးသြား၊ အုပ္ခ်ဳပ္ေရး၊ အမ်ားျပည္သူဆိုင္ရာေနရာ၊ ပန္းဥယ်ာဥ္၊ ယဥ္ေက်းမႈ-ဘာသာေရးႏွင့္ နည္းပညာဆိုင္ရာ အေျခခံအေဆာက္အအံုမ်ား ျဖစ္သည္။

ယခုစီမံကိန္းကို ကေမၻာဒီးယားဝန္ၾကီးခ်ဳပ္ ဟြန္ဆန္က ျပီးခဲ့ေသာ ဇြန္လ ၂၈ ရက္တြင္ လက္မွတ္ေရးထိုး အတည္ျပဳခဲ့သည္။

စီမံကိန္းကို ကြပ္ကဲမည့္ ေျမယာစီမံခန္႔ခြဲေရး-ျမိဳ ႔ျပစီမံကိန္းႏွင့္ ေဆာက္လုပ္ေရးဝန္ၾကီးဌာနမွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Seng lot ကမူ မွတ္ခ်က္တစ္စံုတစ္ရာေပးရန္ ျငင္းဆန္ထားသည္။

စီမံကိန္းတရားဝင္ အတည္ျပဳျပီးေနာက္ပိုင္း ကမ္ေပါ့ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Cheav Tay က ေျပာၾကားရာတြင္ စီမံကိန္းပထမဆင့္အျဖစ္ အေဆာက္အအံုမ်ား၊ အေျခခံအေဆာက္အအံုမ်ား ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း၊ အနာဂတ္တြင္လည္း အေဆာက္အအံုမ်ား ဆက္လက္ေဆာက္လုပ္သြားမည္ျဖစ္ျပီး အေျခခ်ေနထိုင္သူမ်ားရွိလာမည္ျဖစ္ကာ အုပ္ခ်ဳပ္ေရးဌာနတစ္ခုလည္း ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

ဘိုေကာ အမ်ဳိးသားဥယ်ာဥ္၏ အက်ယ္အဝန္းမွာ ဟက္တာ ၁၅၄၄၅၄ ရွိျပီး စီမံကိန္း အေကာင္အထည္ေဖာ္မည့္ အက်ယ္အဝန္းမွာ ၂၇၉၄၃ ဟက္တာျဖစ္သည္။

စီမံကိန္းအစီအစဥ္ကို တိုင္းျပည္၏ လူမႈစီးပြားဖြံ႔ျဖိဳးမႈ အေျခအေနအလိုက္ ၅ ႏွစ္တစ္ၾကိမ္ ေျပာင္းလဲခ်ိန္ညွိႏိုင္ေၾကာင္းလည္း စီမံကိန္းအမိန္႔ေၾကညာခ်က္တြင္ ေဖာ္ျပသည္။

လက္ရွိႏွင့္ အနာဂတ္ လူဦးေရတိုးတက္မႈ၊ ေျမယာအသံုးျပဳမႈလိုအပ္ခ်က္ႏွင့္ အိမ္ရာဖြံ႔ျဖိဳးမႈတို႔ကို ေျဖရွင္းေပးႏိုင္ေရးအတြက္ စဥ္ဆက္မျပတ္တိုးတက္မႈ ရရွိေစရန္ ယခုစီမံကိန္းကို အေကာင္အထည္ေဖာ္ခဲ့ျခင္းလည္း ျဖစ္သည္။

ယခုစီမံကိန္းသည္ ေျမယာအရင္းအျမစ္မ်ား ၊ ေျမေအာက္အရင္းအျမစ္မ်ား၊ ေဂဟစနစ္မ်ား၊ သဘာဝပတ္ဝန္းက်င္ႏွင့္ အျခားသဘာဝရင္းျမစ္မ်ား ကာကြယ္ေရး၊ အထူးသျဖင့္ ေဒသတြင္း သမိုင္းအေမြအႏွစ္မ်ားကို ထိန္းသိမ္းေရးအတြက္ အကာအကြယ္ေပးရန္ အာမခံခ်က္ေပးထားသည္ဟုလည္း ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘောဒီးယားအစိုးရသည် ဘိုကောအမျိုးသားဥယျာဉ်ကြီးကို ရှေးဟောင်းသမိုင်းဝင် ကမ္ဘာလှည့်ခရီးသွားမြို့တော်ကြီးအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

ထိုဒေသကို ကမ္ဘောဒီးယားတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ကမ္ဘာလှည့်ခရီးသွား စြင်္ကန်နှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

ဘိုကောဒေသကို ရှေးဟောင်းသမိုင်းအမွေအနှစ်များ ထိန်းသိမ်းထားသည့် စမတ်မြို့တော်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမည့် စီမံကိန်းဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် လူနေအဆောက်အအုံဇုန်များ ပါဝင်မည် ဖြစ်သည်။

စီမံကိန်းအရ ဇုန် ၉ ခု ပိုင်းခြားထားရာ လူနေ၊ ကူးသန်းရောင်းဝယ်ရေး၊ ဘက်စုံသုံး၊ သယ်ယူပို့ဆောင်ရေး၊ ကမ္ဘာလှည့်ခရီးသွား၊ အုပ်ချုပ်ရေး၊ အများပြည်သူဆိုင်ရာနေရာ၊ ပန်းဥယျာဉ်၊ ယဉ်ကျေးမှု-ဘာသာရေးနှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြစ်သည်။

ယခုစီမံကိန်းကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြီးခဲ့သော ဇွန်လ ၂၈ ရက်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

စီမံကိန်းကို ကွပ်ကဲမည့် မြေယာစီမံခန့်ခွဲရေး-မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Seng lot ကမူ မှတ်ချက်တစ်စုံတစ်ရာပေးရန် ငြင်းဆန်ထားသည်။

စီမံကိန်းတရားဝင် အတည်ပြုပြီးနောက်ပိုင်း ကမ်ပေါ့ပြည်နယ်အုပ်ချုပ်ရေးမှူး Cheav Tay က ပြောကြားရာတွင် စီမံကိန်းပထမဆင့်အဖြစ် အဆောက်အအုံများ၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင်လည်း အဆောက်အအုံများ ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ပြီး အခြေချနေထိုင်သူများရှိလာမည်ဖြစ်ကာ အုပ်ချုပ်ရေးဌာနတစ်ခုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဘိုကော အမျိုးသားဥယျာဉ်၏ အကျယ်အဝန်းမှာ ဟက်တာ ၁၅၄၄၅၄ ရှိပြီး စီမံကိန်း အကောင်အထည်ဖော်မည့် အကျယ်အဝန်းမှာ ၂၇၉၄၃ ဟက်တာဖြစ်သည်။

စီမံကိန်းအစီအစဉ်ကို တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးမှု အခြေအနေအလိုက် ၅ နှစ်တစ်ကြိမ် ပြောင်းလဲချိန်ညှိနိုင်ကြောင်းလည်း စီမံကိန်းအမိန့်ကြေညာချက်တွင် ဖော်ပြသည်။

လက်ရှိနှင့် အနာဂတ် လူဦးရေတိုးတက်မှု၊ မြေယာအသုံးပြုမှုလိုအပ်ချက်နှင့် အိမ်ရာဖွံ့ဖြိုးမှုတို့ကို ဖြေရှင်းပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ်တိုးတက်မှု ရရှိစေရန် ယခုစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုစီမံကိန်းသည် မြေယာအရင်းအမြစ်များ ၊ မြေအောက်အရင်းအမြစ်များ၊ ဂေဟစနစ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် အခြားသဘာဝရင်းမြစ်များ ကာကွယ်ရေး၊ အထူးသဖြင့် ဒေသတွင်း သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းရေးအတွက် အကာအကွယ်ပေးရန် အာမခံချက်ပေးထားသည်ဟုလည်း ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service