လန္ဒန္ျမိဳ ႔လယ္တြင္ မီတာ ၃၀၀ ေက်ာ္အထိ ျမင့္မားကာ အေနာက္ဥေရာပတြင္ ဒုတိယအျမင့္မားဆံုးအျဖစ္ ေဆာက္လုပ္မည့္ သုတ္ပိုးပံု မိုးေမွ်ာ္တိုက္စီမံကိန္းကို ျမိဳ ႔ေတာ္ဝန္ လက္မခံ

လန္ဒန္ျမိဳ ႔လယ္တြင္ မီတာ ၃၀၀ ေက်ာ္အထိ ျမင့္မားကာ အေနာက္ဥေရာပတြင္ ဒုတိယအျမင့္မားဆံုးအျဖစ္ ေဆာက္လုပ္မည့္ သုတ္ပိုးပံု မိုးေမွ်ာ္တိုက္စီမံကိန္းကို ျမိဳ ႔ေတာ္ဝန္ လက္မခံ - Property News in Myanmar from iMyanmarHouse.com
17 Jul 2019 11:54 am တွင် တင်ခဲ့သည်
1005 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ ႔လယ္တြင္ မီတာ ၃၀၀ ေက်ာ္အထိ ျမင့္မားကာ အေနာက္ဥေရာပတြင္ ဒုတိယအျမင့္မားဆံုးအျဖစ္ေဆာက္လုပ္ မည့္ သုတ္ပိုးပံု မိုးေမွ်ာ္တိုက္စီမံကိန္းကို လန္ဒန္ျမိဳ ႔ေတာ္ဝန္က ပယ္ခ်လိုက္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္ တစ္ခု တြင္ ေဖာ္ျပသည္။

ေဆာက္လုပ္ရန္ ရည္မွန္းသည့္ မိုးေမွ်ာ္တိုက္ၾကီးကို Tulip tower ဟု အမည္ေပးထားျပီး အျမင့္ေပ ၃၀၅ မီတာရွိကာ the Shard အေဆာက္အအံုၾကီး (၃၁၀ မီတာ) ျပီးလွ်င္ အေနာက္ဥေရာပတစ္ခြင္တြင္ ဒုတိယအျမင့္မားဆံုးျဖစ္လာမည့္ အေဆာက္အအံုၾကီးအျဖစ္ ရည္ရြယ္ခဲ့ျခင္းျဖစ္သည္။

ျမိဳ ႔ေတာ္ဝန္ ဆာဒစ္ခန္ကမူ အဆိုပါစီမံကိန္းကို ပယ္ခ်လိုက္ျပီး မၾကိဳဆိုအပ္သည့္စီမံကိန္းဟု ေျပာၾကားခဲ့သည္။

ျမိဳ ႔ေတာ္ဝန္၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားရာတြင္ ယခုစီမံကိန္းႏွင့္စပ္လ်ဥ္းျပီး ျမိဳ ႔ေတာ္ဝန္တြင္ ရတက္မေအးျဖစ္သည့္ အခ်က္မ်ားစြာရွိေနကာ အမ်ားျပည္သူတို႔အတြက္ အက်ဳိးျဖစ္ထြန္းေစမည့္အခ်က္ နည္းပါးလွေသာေၾကာင့္ ပယ္ခ်ခဲ့ျခင္းျဖစ္သည္ဟု ေျပာၾကားသည္။

“အထူးသျဖင့္ကေတာ့ အေဆာက္အအံုဒီဇိုင္းဟာ ဒီလိုအခ်က္အျခာက်တဲ့ေနရာမ်ဳိးအတြက္ အေကာင္းမြန္ဆံုးဒီဇိုင္းတစ္ခု ျဖစ္မေနဘူး လို႔ ျမိဳ ႔ေတာ္ဝန္က ယူဆတဲ့အျပင္ လန္ဒန္ရဲ ႔ေကာင္းကင္ျမင္ကြင္းကို ထိခုိက္ေစျပီး အထူးသျဖင့္ အနီးမွာရွိတဲ့ ကမၻာ့သမိုင္းဝင္ အေမြအႏွစ္ ေနရာတစ္ခုျဖစ္တဲ့ လန္ဒန္တာဝါၾကီးရဲ ႔ ျမင္ကြင္းကို ထိခိုက္ေစမယ္လို႔ ယူဆပါတယ္” Foster+ Partner က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္းျဖစ္ျပီး အေကာင္အထည္ေဖာ္ျဖစ္၍ ၂၀၂၅ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးမည္ဆိုလွ်င္ ႏွစ္စဥ္ လာေရာက္လည္ပတ္သူေပါင္း ၁ ဒသမ ၂ သန္းရွိမည္ဟု ေမွ်ာ္လင့္ခဲ့သည္။

အေဆာက္အအံု၏ ထိပ္ဖူးသ႑ာန္ ထိပ္ဆံုးေနရာတြင္ ၁၂ ထပ္ျဖင့္ ဖြဲ႔စည္းထားျပီး ေရြ ႔လ်ား pod မ်ားမွ တဆင့္ လန္ဒန္၏ ေကာင္းကင္ျမင္ကြင္းကို ၾကည့္ရႈႏိုင္မည္ျဖစ္ကာ အရက္ဘားတစ္ခု၊ စားေသာက္ဆိုင္တစ္ခုႏွင့္ ပညာေရးဆိုင္ရာအတြက္ အထပ္တစ္ထပ္လံုး ဖြဲ႔စည္းပါဝင္ထားခဲ့သည္။

ျမိဳ ႔ေတာ္ဝန္၏ ပယ္ခ်မႈ မေပၚေပါက္မီ Historic England မွ အမႈေဆာင္အရာရွိခ်ဳပ္ ဒန္ကန္ ဝီလ္ဆင္က ေျပာၾကားရာတြင္ “ဒီအေဆာက္အအံုရဲ ႔ developer ေတြက ကမၻာလွည့္ခရီးသြားလုပ္ငန္းနဲ႔ လန္ဒန္ရဲ ႔ တမူထူးျခားတဲ့ အေမြအႏွစ္ေတြကို ေဆာင္ၾကဥ္းေပး မယ္လို႔ ေျပာထားေပမယ့္ ဒီအခ်က္ေတြအေပၚမွာပဲ ထိခုိက္ေစမွာျဖစ္ပါတယ္။ လန္ဒန္ျမိဳ ႔သား သန္းေပါင္းမ်ားစြာရဲ ႔ ျပယုဂ္တစ္ခုသာမက ကမၻာ့ျပည္သူေတြအတြက္ပါ အေရးပါတဲ့ လန္ဒန္တာဝါၾကီးအတြက္ ထိခိုက္မႈေတြရွိလာေစမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

“လန္ဒန္တာဝါၾကီးဟာ Walkie Talkie အေဆာက္အအံုေၾကာင့္ ထိခိုက္မႈ ေပၚေပါက္ခဲ့ျပီးျဖစ္ပါတယ္။ ဒီလိုအမွားမ်ဳိး ေနာက္တစ္ခါ ျဖစ္ဦးမယ္ဆိုရင္ သိပ္ရွက္ဖုိ႔ေကာင္းပါတယ္”ဟုလည္း ၎က ဆက္လက္ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့လယ်တွင် မီတာ ၃၀၀ ကျော်အထိ မြင့်မားကာ အနောက်ဥရောပတွင် ဒုတိယအမြင့်မားဆုံးအဖြစ်ဆောက်လုပ် မည့် သုတ်ပိုးပုံ မိုးမျှော်တိုက်စီမံကိန်းကို လန်ဒန်မြို့တော်ဝန်က ပယ်ချလိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခု တွင် ဖော်ပြသည်။

ဆောက်လုပ်ရန် ရည်မှန်းသည့် မိုးမျှော်တိုက်ကြီးကို Tulip tower ဟု အမည်ပေးထားပြီး အမြင့်ပေ ၃၀၅ မီတာရှိကာ the Shard အဆောက်အအုံကြီး (၃၁၀ မီတာ) ပြီးလျှင် အနောက်ဥရောပတစ်ခွင်တွင် ဒုတိယအမြင့်မားဆုံးဖြစ်လာမည့် အဆောက်အအုံကြီးအဖြစ် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

မြို့တော်ဝန် ဆာဒစ်ခန်ကမူ အဆိုပါစီမံကိန်းကို ပယ်ချလိုက်ပြီး မကြိုဆိုအပ်သည့်စီမံကိန်းဟု ပြောကြားခဲ့သည်။

မြို့တော်ဝန်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် ယခုစီမံကိန်းနှင့်စပ်လျဉ်းပြီး မြို့တော်ဝန်တွင် ရတက်မအေးဖြစ်သည့် အချက်များစွာရှိနေကာ အများပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေမည့်အချက် နည်းပါးလှသောကြောင့် ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

“အထူးသဖြင့်ကတော့ အဆောက်အအုံဒီဇိုင်းဟာ ဒီလိုအချက်အခြာကျတဲ့နေရာမျိုးအတွက် အကောင်းမွန်ဆုံးဒီဇိုင်းတစ်ခု ဖြစ်မနေဘူး လို့ မြို့တော်ဝန်က ယူဆတဲ့အပြင် လန်ဒန်ရဲ့ကောင်းကင်မြင်ကွင်းကို ထိခိုက်စေပြီး အထူးသဖြင့် အနီးမှာရှိတဲ့ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် နေရာတစ်ခုဖြစ်တဲ့ လန်ဒန်တာဝါကြီးရဲ့ မြင်ကွင်းကို ထိခိုက်စေမယ်လို့ ယူဆပါတယ်” Foster+ Partner က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဖြစ်၍ ၂၀၂၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည်ဆိုလျှင် နှစ်စဉ် လာရောက်လည်ပတ်သူပေါင်း ၁ ဒသမ ၂ သန်းရှိမည်ဟု မျှော်လင့်ခဲ့သည်။

အဆောက်အအုံ၏ ထိပ်ဖူးသဏ္ဍာန် ထိပ်ဆုံးနေရာတွင် ၁၂ ထပ်ဖြင့် ဖွဲ့စည်းထားပြီး ရွေ့လျား pod များမှ တဆင့် လန်ဒန်၏ ကောင်းကင်မြင်ကွင်းကို ကြည့်ရှုနိုင်မည်ဖြစ်ကာ အရက်ဘားတစ်ခု၊ စားသောက်ဆိုင်တစ်ခုနှင့် ပညာရေးဆိုင်ရာအတွက် အထပ်တစ်ထပ်လုံး ဖွဲ့စည်းပါဝင်ထားခဲ့သည်။

မြို့တော်ဝန်၏ ပယ်ချမှု မပေါ်ပေါက်မီ Historic England မှ အမှုဆောင်အရာရှိချုပ် ဒန်ကန် ဝီလ်ဆင်က ပြောကြားရာတွင် “ဒီအဆောက်အအုံရဲ့ developer တွေက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ လန်ဒန်ရဲ့ တမူထူးခြားတဲ့ အမွေအနှစ်တွေကို ဆောင်ကြဉ်းပေး မယ်လို့ ပြောထားပေမယ့် ဒီအချက်တွေအပေါ်မှာပဲ ထိခိုက်စေမှာဖြစ်ပါတယ်။ လန်ဒန်မြို့သား သန်းပေါင်းများစွာရဲ့ ပြယုဂ်တစ်ခုသာမက ကမ္ဘာ့ပြည်သူတွေအတွက်ပါ အရေးပါတဲ့ လန်ဒန်တာဝါကြီးအတွက် ထိခိုက်မှုတွေရှိလာစေမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“လန်ဒန်တာဝါကြီးဟာ Walkie Talkie အဆောက်အအုံကြောင့် ထိခိုက်မှု ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုအမှားမျိုး နောက်တစ်ခါ ဖြစ်ဦးမယ်ဆိုရင် သိပ်ရှက်ဖို့ကောင်းပါတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service