ရန်ကုန်မြို့၏ခြံမြေ တစ်ပေပတ်လည်နှုန်းထားသစ်ကို ဇွန်လဆန်းတွင် ထုတ်ပြန်ခဲ့

ရန်ကုန်မြို့၏ခြံမြေ တစ်ပေပတ်လည်နှုန်းထားသစ်ကို ဇွန်လဆန်းတွင် ထုတ်ပြန်ခဲ့ - Property News in Myanmar from iMyanmarHouse.com
21 Jun 2019 11:34 am တွင် တင်ခဲ့သည်
9030 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ တွင်းမြို့နယ်များ နှင့် တောင်ဥက္ကလာပသင်္ဃန်းကျွန်း စသောမြို့နယ်များမှ ခြံမြေများ၏ လာမည့်ဘဏ္ဍာနှစ်အတွက် စံနှုန်းသတ်မှတ်ချက်ကို ၂၀၁၈ ကထက် ၁၀ ရာခိုင်နှုန်းခန့် လျှော့ချကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားမှုကို အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်သူ အချို့ထံက သိရကြောင်း၂၁ ရက်နေ့ထုတ် 7Day Daily သတင်းတွင် ဖော်ပြထားပါသည်။

ရန်ကုန် မှာရှိသည့် မြို့နယ်အချို့ခြံမြေများ၏ စံနှုန်းသတ်မှတ်ချက်ကိုလည်းသိခဲ့ရသည်။ မင်္ဂလာတောင်ညွန့် မြို့နယ်ဆိုလျှင် တစ်ပေပတ်လည်စံနှုန်းကို ကျပ် ၂၂၅,၀၀၀ မှကျပ် ၂၀၀,၀၀၀၊ ရန်ကင်းမြို့နယ်  ပါရမီလမ်းရှိ ခြံမြေတစ်ပေပတ်လည်စံနှုန်းကို ကျပ် ၁၈၀,၀၀၀ မှ ကျပ် ၁၆၅,၀၀၀၊သစ္စာလမ်းမှာကျပ် ၂၀၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀၊ တက္ကသိုလ်ရိပ် သာလမ်းသစ်မှာ ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၂၂၅,၀၀၀ သို့ အသီးသီး လျှော့ချခဲ့ ကြောင်း၊ ရန်ကင်း ကမ္ဘာအေးဘုရားလမ်းတစ် လျှောက်မြေတစ်ပေပတ်လည်စံ နှုန်းမှာ ယခင်ကဲ့သို့ ကျပ်လေး သိန်းဖြင့် အတက်၊ အကျမရှိကြောင်း ဖော်ပြထားပါသည်။

ပြည်လမ်းတစ်လျှောက်ရှိ လှိုင် မရမ်းကုန်းမြို့နယ် တို့တွင် တစ်ပေပတ်လည်စံနှုန်းကို ကျပ် ၃၀၀,၀၀၀ မှကျပ် ၂၈၀,၀၀၀၊ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းကို ကျပ် ၃၀၀,၀၀၀ မှ ကျပ် ၂၈၀,၀၀၀ သို့လည်း အသီးသီး လျှော့ချသတ်မှတ်ကြောင်းသိရပါသည်။

ရန်ကုန်မြို့ပြင် မြို့နယ်များဖြစ်သော အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်း ရှိ မြေတစ်ပေပတ်လည်နှုန်း ထားကို ကျပ် ၁၈၀,၀၀၀ မှ ကျပ် ၁၆၅,၀၀၀ သို့ လျှော့ချခဲ့ကြောင်းသိရပါသည်။ “ အိမ်ခြံမြေ တစ်ပေပတ်လည် စံနှုန်းများလျှော့ချခဲ့သော်လည်း ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သိသာ စွာထူးခြားလာမည်မဟုတ်ကြောင်း၊အရောင်းအ၀ယ်လုပ်တဲ့ အခါ အခွန်ဆောင်နိုင်ဖို့ ပကတိ အခြေအနေနဲ့ မကွာအောင်စံနှုန်း တွေပြင်ထားတာပါ’’ ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက သုံးသပ်ထားကြောင်းလည်းသိရပါသည်။ မြို့တွင်းမြို့နယ်များအပါ အ၀င် လူနေများသောမြို့နယ်များ ရှိ ခြံမြေများ၏ တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်ကို လျှော့ချထားသော်လည်း မြောက်ဒဂုံမြို့နယ် ရှိ တစ်ဧကမြေကွက်ဈေးနှုန်းများကိုမူ ကျပ်သိန်း ၄၀၀ မှ သိန်း ၆၀၀ သို့ စံနှုန်း တိုးမြှင့်သတ်မှတ်ထားကြောင်းသိရပြီး၊ “ဈေးကွက်ပေါက်ဈေးနှင့် နီးစပ်သော တစ်ပေပတ်လည်စံနှုန်း သတ်မှတ်ချက်ကို ပြောင်းလဲ ခြင်းကြောင့် အိမ်ခြံမြေရောင်းဝယ်မှုများတွင် အခွန်ဆောင်မှုများ တိုးလာနိုင်ပြီး အရောင်းအ၀ယ်တကယ် ဖြစ်နေတယ်လို့ ထင်လို့ဖြစ်မယ်’’ ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ ကလည်း ပြောထားပါသည်ကို ယနေ့ထုတ် 7Day Daily သတင်းစာတွင်ဖတ်ရှုခဲ့ရပါသည်။

 

ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service