အိမ္ငွား ထားမည္ဆုိလွ်င္

အိမ္ငွား ထားမည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jun 2019 12:53 pm တွင် တင်ခဲ့သည်
16069 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

#Zawgyi#

ေက်ာင္းေနဘက္ ငယ္သူငယ္ခ်င္း တစ္ဦးက သူငွားထားသည့္ အိမ္ကုိ ခဏဝင္မည္ဆုိသျဖင့္ စာေရးသူလည္း လုိက္ပါသြားမိသည္။

လမ္းတစ္ေလွ်ာက္၌ -

''အိမ္ငွားထားတာက တုိက္ခန္းလား''

''မဟုတ္ဘူးသူငယ္ခ်င္း။ အိမ္လုံးခ်င္းပါ။ ကုိယ္က သမီးနဲ႔ ႏုိင္ငံျခားကုိ လုိက္သြားေတာ့ အိမ္ငွားထားခဲ့တာ သူငယ္ခ်င္း''

''အင္းေလ - ဇနီးက ကြယ္လြန္သြားၿပီဆုိေတာ့ သမီးဆီအလည္အပတ္ေနရတာေပါ့။ အိမ္ငွားေတြရွိေသးလား''

''အိမ္ငွားေတြက တစ္ေန႔က ဆင္းသြားၿပီ။ ဒါေပမယ့္ အိမ္ထဲမွာ အမႈိက္ေတြ၊ ပစၥည္းေတြ အစုံပဲပစ္ထားခဲ့ေတာ့ အလုပ္သမားကို ေခၚရွင္းရတယ္။ အခု အဲဒါဝင္ၾကည့္မလုိ႔''

''ေအး၊ အိမ္ငွားထားရတာက ဝင္ေငြရတယ္ဆုိေပမယ့္ မိမိပစၥည္းလုိ သေဘာထားၿပီး ေနဖုိ႔လုိတယ္။ ျဖစ္သလုိ ေနရင္ေတာ့ အိမ္ပ်က္စီးတာမ်ဳိး ျဖစ္တတ္တယ္''

''ကုိယ္တုိင္လည္း မေနႏုိင္ေတာ့ အငွားတင္ထားလုိက္တာ သူငယ္ခ်င္း'' ဟု ေျပာဆုိရင္းႏွင့္ပင္ အိမ္ေရွ႕သုိ႔ ေရာက္လာၾကသည္။

ၿခံစည္း႐ုိးတံခါးကလည္း ရြဲ႕ေစာင္းေနသည္။ တံခါးမႀကီးဖြင့္လုိက္ေတာ့ ဖုန္နံ႔ေတြက ဆီးႀကိဳေနပါသည္။ ျပဴတင္း ေပါက္တံခါးႏွစ္ခ်ပ္ကို ဖြင့္လုိက္သည္။ ဖဲြ႔ထားသည့္ အခန္းအကာအရံကုိ ဖယ္ရွားထားသည္။

ဒီေနရာက အိပ္ခန္းဖြဲ႔ထားတာ မဟုတ္လား။

''ဟုတ္တယ္ သူငယ္ခ်င္း၊ အလုပ္ခန္းလုပ္ဖုိ႔ဆုိၿပီး အိပ္ခန္းအကာ အရံေတြကုိ ဖယ္ရွားလုိက္တယ္ ေျပာတယ္''

''အလုပ္ခန္းဖြင့္ဖုိ႔ မူလကတည္းက ငွားတာလား''

''အစကေတာ့ မိသားစုငါးဦးေနမယ္ဆုိၿပီး လာငွားတာပဲ''

''မိသားစုငါးဦးဆုိေတာ့ ေသခ်ာေမးမၾကည့္ဘူးလား''

''သူတုိ႔ လင္မယားရယ္၊ ကေလးႏွစ္ေယာက္နဲ႔ ေမာင္တစ္ေယာက္လုိ႔ ေျပာတယ္။ ေယာက်္ားက ကားပြဲစား အေရာင္းအဝယ္လုပ္တယ္ ေျပာတယ္''

''ဒီနံရံမွာ အလုပ္ခ်ိန္၊ ေလ့က်င့္ခ်ိန္ဆုိၿပီး ကပ္ထားပါလား''

''ဘာလုပ္ငန္းလုပ္တယ္ေတာ့ မသိဘူး''

''ၾကည့္ရတာေတာ့ ကုိယ္ကာယ အလွသင္တန္းဖြင့္ထားတယ္လုိ႔ထင္ရတယ္''

''ေအး၊ မီးခလုတ္ေတြလည္း ေနရာေျပာင္းဆြဲထားတာေတြျဖစ္ေနတယ္။ ေနာက္ေဖးၾကည့္လုိက္မွ ေရခ်ဳိးခန္း တံခါးကလည္း ေဆြးၿပီးျပတ္ က်လုျဖစ္ေနတယ္။ ၿပီးေတာ့ ၿခံဝန္းထဲမွာ မီးစက္ထားဖုိ႔ဆုိၿပီး အေဆာက္အအုံခုိင္ ခုိင္မာမာေဆာက္ထား တယ္''

ဟုတ္ပါသည္။ မိတ္ေဆြသူငယ္ခ်င္းျပမွ အိမ္ေရွ႕ ခုနစ္ေပခန္႔အက်ယ္ရွိမည့္ ကြန္ကရစ္ခင္းထားသည့္ ေျမေနရာ တြင္ အုတ္ျဖင့္အေဆာက္အအုံငယ္တစ္လုံးေဆာက္ထားသည္ကို ေတြ႔လုိက္ရသည္။

အေပၚထပ္တက္ၾကည့္လုိက္မွ ပို၍ ရင္ေမာရေပသည္။ အေဆာက္အအုံမွာ အုပ္ညႇပ္ႏွစ္ထပ္အိမ္ျဖစ္သည္။ အေပၚထပ္မွာ ပ်ဥ္ကာထားၿပီး သစ္သားၾကမ္းခင္းျဖစ္သည္။ အေပၚထပ္၌ အခန္းမ်ား ထပ္မံတုိး ခ်ဲ႕ဖြဲ႔ထားသည္ ကုိ ေတြ႔ရသည္။

''မူလကတည္းက အေပၚထပ္မွာ အခုလုိ အခန္းေတြ ဖြဲ႔ထားသလား''

''မဟုတ္ဘူး။ အိပ္ခန္းတစ္ခန္းအျဖစ္ ေရွ႕ပုိင္းကြက္လပ္ထားၿပီး ေနာက္ပုိင္းကို အျပည့္ကာထားတာ''

''အခုက အခန္းေလးခန္းဖြဲ႔ထားေတာ့၊ မူလပုံစံကို ဖ်က္ၿပီးလုပ္ထားတာပဲ၊ ငွားစဥ္က စာခ်ဳပ္ ေသခ်ာမခ်ဳပ္ဘူး လား''

''ကုိယ္တုိင္က ႏုိင္ငံျခားေရာက္ေနေတာ့ အိမ္ပြဲစားလုပ္ေနတဲ့ ညီမတစ္ဝမ္းကြဲကုိ အပ္ထားခဲ့တာ။ ဥပေဒက ဘယ္လုိရွိတယ္ဆုိတာ ေျပာျပပါဦး ဗဟုသုတရွိထားမွ ျဖစ္မယ္''

ထုိ႔ေနာက္စာေရးသူတုိ႔ သူငယ္ခ်င္းႏွစ္ေယာက္သည္ ေတာင္ဥကၠလာပၿမိဳ႕နယ္ ရတနာလမ္းေထာင့္ရွိ ခ်စ္တီး ထမင္းဆုိင္တြင္ ထုိင္ျဖစ္ၾကသည္။

''ထမင္းလည္းစား၊ ဥပေဒ ဗဟုသုတလည္း မွ်ေဝပါဦး''ဟု သူငယ္ခ်င္းက စကားစလုိက္ပါသည္။

''အခုငွားရမ္းထားတာ ဘယ္ေလာက္ၾကာသြားသလဲ''

''အစက ေျခာက္လအတြက္ ငွားတယ္။ ေျခာက္လျပည့္ေတာ့ ေနာက္ေျခာက္လထပ္ငွားပါဆုိလုိ႔ တစ္ႏွစ္ျဖစ္ သြားတယ္''

''ငွားရမ္းခကေတာ့ ေျခာက္လျပည့္ၿပီး အေျပာင္းအလဲရွိေသးလား''

''မရွိဘူး။ သုံးသိန္းက်ပ္နဲ႔ ငွားတာ''

''ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒ၊ ပုဒ္မ ၁ဝ၈ မွာ အငွားခ်ထားသူနဲ႔ ငွားယူသူတုိ႔ရဲ႕ အခြင့္အေရးတာဝန္ေတြကို ျပ႒ာန္းထားတယ္။ အငွားစာခ်ဳပ္မွာလည္း ငွားရမ္းျခင္းကာလ တစ္ႏွစ္ထက္ေက်ာ္လြန္ၿပီး အငွားခ်ထားမယ္ ဆုိရင္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒအရ မွတ္ပုံတင္စာခ်ဳပ္ ျပဳလုပ္ခ်ဳပ္ဆုိရမွာ ျဖစ္တယ္''

''တစ္ႏွစ္ေအာက္ကာလအတြက္ ငွားရမ္းျခင္းဆုိရင္ မွတ္ပုံတင္စာခ်ဳပ္မျပဳလုပ္ဘဲ အရပ္ကတိစာခ်ဳပ္နဲ႔ ရတယ္မဟုတ္လား''

''ရပါတယ္။ ဒါေပမယ့္ အိမ္ငွား ကတိစာခ်ဳပ္မွာ ျပည့္ျပည့္စုံစုံထည့္ဖုိ႔ လုိတယ္။ အထူးသျဖင့္ ဥပေဒနဲ႔ ၿငိစြန္း သည့္ လုပ္ငန္းေတြ မလုပ္ဖုိ႔ ကတိစာခ်ဳပ္ပါအတုိင္း လူေန႐ုံ သက္သက္ျဖစ္ၿပီး၊ လူပိုထပ္ေဆာင္းတင္ ခြင့္မရွိ ျခင္း၊ ထပ္ဆင့္အငွားခ်ထားျခင္းမ်ဳိး မျပဳလုပ္ဖုိ႔ တားျမစ္ေၾကာင္း ကတိစာခ်ဳပ္မွာ ထည့္သြင္းထားဖုိ႔လိုတယ္''

အခုလုိ အိပ္ခန္းေတြ ျပန္လည္ ဖြဲ႔စည္းျပဳလုပ္ခြင့္မရွိဘူး မဟုတ္လား''

''ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒ ပုဒ္မ ၁ဝ၈ (တ) မွာ အိမ္ငွားသည္ မိမိငွားရမ္းထားေသာ ပစၥည္းကုိ ပုိင္ရွင္၏ ခြင့္ျပဳခ်က္မရဘဲ ခုိင္ၿမဲေသာ အေဆာက္အအုံကို မေဆာက္လုပ္ရလုိ႔ သတ္မွတ္ျပ႒ာန္းထားတယ္။ ထပ္ခုိးကဲ့သို႔ ႀကီးမားခုိင္ၿမဲတဲ့ အထပ္မ်ား မျပဳလုပ္ရဘူး။ အခန္းမ်ားဖြဲ႔ရာတြင္ မူလငွားရမ္းထားသည့္ အခန္းမ်ားကုိ ေခတၱခဏအနည္းငယ္သာ ေျပာင္းလဲျပဳလုပ္ထားျခင္း မဟုတ္ဘဲ ယခင္ထားရွိသည့္ အခန္းမ်ားႏွင့္ မတူေအာင္ မ်ားစြာျပဳျပင္ေျပာင္းလဲထားျခင္းသည္ အိမ္ငွားတာဝန္ေဖာက္ဖ်က္ျခင္းျဖစ္တယ္လုိ႔ ေမာင္ခင္ေမာင္ႏွင့္ ေဒၚလွ ရင္ ၁၉၄၈ ခုႏွစ္ ျမန္မာႏုိင္ငံတရား စီရင္ထုံး စာမ်က္ႏွာ - ၄၈၁ အမႈနဲ႔ ေအရာဟင္ဆီေလာ့ႏွင့္ ေဒၚအမာဂ်န္ပါ ၁၉၆၅ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၄ဝ၆ အမႈေတြမွာ ဆုံးျဖတ္ထားတယ္''

''အဲဒီလုိ တာဝန္ပ်က္ကြက္ရင္ အိမ္ရွင္က ဘယ္လုိေဆာင္ရြက္ခြင့္ရသလဲ''

ဥပေဒအရေတာ့ အိမ္ငွားကို ငွားရမ္းျခင္းျဖတ္ေတာက္ၿပီး အိမ္မွ ႏွင္ပုိင္ခြင့္ရွိမွာျဖစ္တယ္။ အျခား အဓိကအခ်က္ ကေတာ့ အိမ္ငွားက အိမ္ရွင္ကို အိမ္ျပန္အပ္တဲ့အခါ မူလပုံစံအတုိင္း ျပန္လည္အပ္ရမယ္လုိ႔ ပစၥည္းလႊဲေျပာင္း ျခင္းဥပေဒပုဒ္မ ၁ဝ၈ (ဇ) မွာ ျပ႒ာန္းထားတဲ့အတြက္ ၾကမ္းခင္းေပါက္ေနမယ္၊ မ်က္ႏွာၾကက္ျပဳတ္ေနမယ္ စတာ ေတြရွိရင္ ျပဳျပင္ၿပီးထားခဲ့ရမွာျဖစ္တယ္ သူငယ္ခ်င္း''ဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

 

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

#Unicode#

 

ကျောင်းနေဘက် ငယ်သူငယ်ချင်း တစ်ဦးက သူငှားထားသည့် အိမ်ကို ခဏဝင်မည်ဆိုသဖြင့် စာရေးသူလည်း လိုက်ပါသွားမိသည်။

လမ်းတစ်လျှောက်၌ -

''အိမ်ငှားထားတာက တိုက်ခန်းလား''

''မဟုတ်ဘူးသူငယ်ချင်း။ အိမ်လုံးချင်းပါ။ ကိုယ်က သမီးနဲ့ နိုင်ငံခြားကို လိုက်သွားတော့ အိမ်ငှားထားခဲ့တာ သူငယ်ချင်း''

''အင်းလေ - ဇနီးက ကွယ်လွန်သွားပြီဆိုတော့ သမီးဆီအလည်အပတ်နေရတာပေါ့။ အိမ်ငှားတွေရှိသေးလား''

''အိမ်ငှားတွေက တစ်နေ့က ဆင်းသွားပြီ။ ဒါပေမယ့် အိမ်ထဲမှာ အမှိုက်တွေ၊ ပစ္စည်းတွေ အစုံပဲပစ်ထားခဲ့တော့ အလုပ်သမားကို ခေါ်ရှင်းရတယ်။ အခု အဲဒါဝင်ကြည့်မလို့''

''အေး၊ အိမ်ငှားထားရတာက ဝင်ငွေရတယ်ဆိုပေမယ့် မိမိပစ္စည်းလို သဘောထားပြီး နေဖို့လိုတယ်။ ဖြစ်သလို နေရင်တော့ အိမ်ပျက်စီးတာမျိုး ဖြစ်တတ်တယ်''

''ကိုယ်တိုင်လည်း မနေနိုင်တော့ အငှားတင်ထားလိုက်တာ သူငယ်ချင်း'' ဟု ပြောဆိုရင်းနှင့်ပင် အိမ်ရှေ့သို့ ရောက်လာကြသည်။

ခြံစည်းရိုးတံခါးကလည်း ရွဲ့စောင်းနေသည်။ တံခါးမကြီးဖွင့်လိုက်တော့ ဖုန်နံ့တွေက ဆီးကြိုနေပါသည်။ ပြူတင်း ပေါက်တံခါးနှစ်ချပ်ကို ဖွင့်လိုက်သည်။ ဖွဲ့ထားသည့် အခန်းအကာအရံကို ဖယ်ရှားထားသည်။

ဒီနေရာက အိပ်ခန်းဖွဲ့ထားတာ မဟုတ်လား။

''ဟုတ်တယ် သူငယ်ချင်း၊ အလုပ်ခန်းလုပ်ဖို့ဆိုပြီး အိပ်ခန်းအကာ အရံတွေကို ဖယ်ရှားလိုက်တယ် ပြောတယ်''

''အလုပ်ခန်းဖွင့်ဖို့ မူလကတည်းက ငှားတာလား''

''အစကတော့ မိသားစုငါးဦးနေမယ်ဆိုပြီး လာငှားတာပဲ''

''မိသားစုငါးဦးဆိုတော့ သေချာမေးမကြည့်ဘူးလား''

''သူတို့ လင်မယားရယ်၊ ကလေးနှစ်ယောက်နဲ့ မောင်တစ်ယောက်လို့ ပြောတယ်။ ယောကျ်ားက ကားပွဲစား အရောင်းအဝယ်လုပ်တယ် ပြောတယ်''

''ဒီနံရံမှာ အလုပ်ချိန်၊ လေ့ကျင့်ချိန်ဆိုပြီး ကပ်ထားပါလား''

''ဘာလုပ်ငန်းလုပ်တယ်တော့ မသိဘူး''

''ကြည့်ရတာတော့ ကိုယ်ကာယ အလှသင်တန်းဖွင့်ထားတယ်လို့ထင်ရတယ်''

''အေး၊ မီးခလုတ်တွေလည်း နေရာပြောင်းဆွဲထားတာတွေဖြစ်နေတယ်။ နောက်ဖေးကြည့်လိုက်မှ ရေချိုးခန်း တံခါးကလည်း ဆွေးပြီးပြတ် ကျလုဖြစ်နေတယ်။ ပြီးတော့ ခြံဝန်းထဲမှာ မီးစက်ထားဖို့ဆိုပြီး အဆောက်အအုံခိုင် ခိုင်မာမာဆောက်ထား တယ်''

ဟုတ်ပါသည်။ မိတ်ဆွေသူငယ်ချင်းပြမှ အိမ်ရှေ့ ခုနစ်ပေခန့်အကျယ်ရှိမည့် ကွန်ကရစ်ခင်းထားသည့် မြေနေရာ တွင် အုတ်ဖြင့်အဆောက်အအုံငယ်တစ်လုံးဆောက်ထားသည်ကို တွေ့လိုက်ရသည်။

အပေါ်ထပ်တက်ကြည့်လိုက်မှ ပို၍ ရင်မောရပေသည်။ အဆောက်အအုံမှာ အုပ်ညှပ်နှစ်ထပ်အိမ်ဖြစ်သည်။ အပေါ်ထပ်မှာ ပျဉ်ကာထားပြီး သစ်သားကြမ်းခင်းဖြစ်သည်။ အပေါ်ထပ်၌ အခန်းများ ထပ်မံတိုး ချဲ့ဖွဲ့ထားသည် ကို တွေ့ရသည်။

''မူလကတည်းက အပေါ်ထပ်မှာ အခုလို အခန်းတွေ ဖွဲ့ထားသလား''

''မဟုတ်ဘူး။ အိပ်ခန်းတစ်ခန်းအဖြစ် ရှေ့ပိုင်းကွက်လပ်ထားပြီး နောက်ပိုင်းကို အပြည့်ကာထားတာ''

''အခုက အခန်းလေးခန်းဖွဲ့ထားတော့၊ မူလပုံစံကို ဖျက်ပြီးလုပ်ထားတာပဲ၊ ငှားစဉ်က စာချုပ် သေချာမချုပ်ဘူး လား''

''ကိုယ်တိုင်က နိုင်ငံခြားရောက်နေတော့ အိမ်ပွဲစားလုပ်နေတဲ့ ညီမတစ်ဝမ်းကွဲကို အပ်ထားခဲ့တာ။ ဥပဒေက ဘယ်လိုရှိတယ်ဆိုတာ ပြောပြပါဦး ဗဟုသုတရှိထားမှ ဖြစ်မယ်''

ထို့နောက်စာရေးသူတို့ သူငယ်ချင်းနှစ်ယောက်သည် တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းထောင့်ရှိ ချစ်တီး ထမင်းဆိုင်တွင် ထိုင်ဖြစ်ကြသည်။

''ထမင်းလည်းစား၊ ဥပဒေ ဗဟုသုတလည်း မျှဝေပါဦး''ဟု သူငယ်ချင်းက စကားစလိုက်ပါသည်။

''အခုငှားရမ်းထားတာ ဘယ်လောက်ကြာသွားသလဲ''

''အစက ခြောက်လအတွက် ငှားတယ်။ ခြောက်လပြည့်တော့ နောက်ခြောက်လထပ်ငှားပါဆိုလို့ တစ်နှစ်ဖြစ် သွားတယ်''

''ငှားရမ်းခကတော့ ခြောက်လပြည့်ပြီး အပြောင်းအလဲရှိသေးလား''

''မရှိဘူး။ သုံးသိန်းကျပ်နဲ့ ငှားတာ''

''ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ၊ ပုဒ်မ ၁ဝ၈ မှာ အငှားချထားသူနဲ့ ငှားယူသူတို့ရဲ့ အခွင့်အရေးတာဝန်တွေကို ပြဋ္ဌာန်းထားတယ်။ အငှားစာချုပ်မှာလည်း ငှားရမ်းခြင်းကာလ တစ်နှစ်ထက်ကျော်လွန်ပြီး အငှားချထားမယ် ဆိုရင် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်စာချုပ် ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်တယ်''

''တစ်နှစ်အောက်ကာလအတွက် ငှားရမ်းခြင်းဆိုရင် မှတ်ပုံတင်စာချုပ်မပြုလုပ်ဘဲ အရပ်ကတိစာချုပ်နဲ့ ရတယ်မဟုတ်လား''

''ရပါတယ်။ ဒါပေမယ့် အိမ်ငှား ကတိစာချုပ်မှာ ပြည့်ပြည့်စုံစုံထည့်ဖို့ လိုတယ်။ အထူးသဖြင့် ဥပဒေနဲ့ ငြိစွန်း သည့် လုပ်ငန်းတွေ မလုပ်ဖို့ ကတိစာချုပ်ပါအတိုင်း လူနေရုံ သက်သက်ဖြစ်ပြီး၊ လူပိုထပ်ဆောင်းတင် ခွင့်မရှိ ခြင်း၊ ထပ်ဆင့်အငှားချထားခြင်းမျိုး မပြုလုပ်ဖို့ တားမြစ်ကြောင်း ကတိစာချုပ်မှာ ထည့်သွင်းထားဖို့လိုတယ်''

အခုလို အိပ်ခန်းတွေ ပြန်လည် ဖွဲ့စည်းပြုလုပ်ခွင့်မရှိဘူး မဟုတ်လား''

''ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၁ဝ၈ (တ) မှာ အိမ်ငှားသည် မိမိငှားရမ်းထားသော ပစ္စည်းကို ပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ ခိုင်မြဲသော အဆောက်အအုံကို မဆောက်လုပ်ရလို့ သတ်မှတ်ပြဋ္ဌာန်းထားတယ်။ ထပ်ခိုးကဲ့သို့ ကြီးမားခိုင်မြဲတဲ့ အထပ်များ မပြုလုပ်ရဘူး။ အခန်းများဖွဲ့ရာတွင် မူလငှားရမ်းထားသည့် အခန်းများကို ခေတ္တခဏအနည်းငယ်သာ ပြောင်းလဲပြုလုပ်ထားခြင်း မဟုတ်ဘဲ ယခင်ထားရှိသည့် အခန်းများနှင့် မတူအောင် များစွာပြုပြင်ပြောင်းလဲထားခြင်းသည် အိမ်ငှားတာဝန်ဖောက်ဖျက်ခြင်းဖြစ်တယ်လို့ မောင်ခင်မောင်နှင့် ဒေါ်လှ ရင် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံတရား စီရင်ထုံး စာမျက်နှာ - ၄၈၁ အမှုနဲ့ အေရာဟင်ဆီလော့နှင့် ဒေါ်အမာဂျန်ပါ ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၄ဝ၆ အမှုတွေမှာ ဆုံးဖြတ်ထားတယ်''

''အဲဒီလို တာဝန်ပျက်ကွက်ရင် အိမ်ရှင်က ဘယ်လိုဆောင်ရွက်ခွင့်ရသလဲ''

ဥပဒေအရတော့ အိမ်ငှားကို ငှားရမ်းခြင်းဖြတ်တောက်ပြီး အိမ်မှ နှင်ပိုင်ခွင့်ရှိမှာဖြစ်တယ်။ အခြား အဓိကအချက် ကတော့ အိမ်ငှားက အိမ်ရှင်ကို အိမ်ပြန်အပ်တဲ့အခါ မူလပုံစံအတိုင်း ပြန်လည်အပ်ရမယ်လို့ ပစ္စည်းလွှဲပြောင်း ခြင်းဥပဒေပုဒ်မ ၁ဝ၈ (ဇ) မှာ ပြဋ္ဌာန်းထားတဲ့အတွက် ကြမ်းခင်းပေါက်နေမယ်၊ မျက်နှာကြက်ပြုတ်နေမယ် စတာ တွေရှိရင် ပြုပြင်ပြီးထားခဲ့ရမှာဖြစ်တယ် သူငယ်ချင်း''ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

 

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service