ရန်ကုန်မြို့သစ်နှင့် မြို့ဟောင်းကြားတွင် ရေအောက်ဥမင်လိုဏ်ခေါင်း ထည့်သွင်းတည်ဆောက်မည်

ရန်ကုန်မြို့သစ်နှင့် မြို့ဟောင်းကြားတွင် ရေအောက်ဥမင်လိုဏ်ခေါင်း ထည့်သွင်းတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
11 Jun 2019 10:34 am တွင် တင်ခဲ့သည်
2670 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) မှ အကောင်အထည် ဖော်မည့် ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်း (ရန်ကုန်မြို့သစ်) နှင့် ရန်ကုန်မြို့ ဟောင်းအကြား ရေအောက်ဥမင်လိုဏ်ခေါင်း ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ဇွန်လ ၃ ရက်ကပြုလုပ်သော ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အကြောင်း ရှင်းလင်းသည့်အခမ်းအနားမှ သိရသည်။

ရန်ကုန်မြို့ ဟောင်းနှင့် မြို့သစ်ကြား လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ စေရန်အတွက် လှိုင်သာယာမြို့နယ် နှင့် ဒလမြို့နယ် တို့တွင် ၆ လမ်းသွား သံကူ ကွန်ကရစ်တံတား၊ ကြည့်မြင်တိုင်မြို့နယ် တွင် ကေဘယ်တံတား၊ အလုံမြို့နယ် သို့ ရေအောက်ဥမင်လိုဏ်ခေါင်းတည်ဆောက်၍ ဆက်သွယ်သွားလာနိုင်ရန်စီစဉ် ထားကြောင်း ယင်းအခမ်းအနားတွင် Video ဖြင့် ရှင်းပြခဲ့ခြင်းဖြစ်သည်။

မြို့သစ်စီမံကိန်းအတွင်း မိုးပျံလမ်းများအပါအဝင် ခေတ်မီအဆင့်မြင့် လူနေအဆောက်အအုံများလည်းပါဝင်မည်ဖြစ်ရာ ပြည်သူလူထုသွားလာရေးလွယ်ကူစေရန် လိုရာခရီးကို မိနစ် ၃၀ နှင့်ရောက်မည့် ဒီဇိုင်းများကိုလည်း စဉ်းစားထားကြောင်း၊ မြို့၏အဓိကနေရာများကို ရေကြောင်းခရီး ဖြင့် အဓိကသွားလာနိုင်မည်ဖြစ်ကြောင်း အဆိုပါ Video တွင်ပါရှိသည်။

ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြို့သစ်ကို စီးပွားရေးမြို့တော်နှင့် လူနေထိုင်ရန်ကောင်းသည့် မြို့တော်ဖြစ်ရန် Road Map ရေး ဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မီဒီယာများအား ပြောကြားထားသည်။

အဆိုပါ အနောက်တောင်မြို့သစ်စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အပိုင်း (၁) တွင် ဧကနှစ်သောင်းကျော်ပါဝင်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ NYDC ကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service