အဆောက်အဦးဆောက်လုပ်လိုသူများတွက် နှစ်ရှည်အရစ်ကျ ငွေပေးချေမှုစနစ်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်မိတ်ဆက်

အဆောက်အဦးဆောက်လုပ်လိုသူများတွက် နှစ်ရှည်အရစ်ကျ ငွေပေးချေမှုစနစ်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
24 May 2019 10:19 am တွင် တင်ခဲ့သည်
9537 ကြိမ် ကြည့်ရှု့ပြီး

အဆောက်အဦးဆောက်လုပ်လိုသူများတွက် နှစ်ရှည်အရစ်ကျ ငွေပေးချေမှုစနစ်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်မိတ်ဆက်အဆိုပါအစီအစဉ်အား ကမ္ဘောဇဘဏ်၊ MYANMAR ART Construction & Development Co.,Ltd နှင့် iMyanmarHouse.com တို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်

မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် နိုင်ငံသားများ၏ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်လိုသည့် စိတ်ကူးအိမ်မက်ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ MYANMAR ART Construction & Development Co.,Ltd၊ iMyanmarHouse.com တို့နှင့် ပူးပေါင်းကာ အဆောက်အဦးဆောက်လုပ်လိုသူများအတွက် မြန်မာနိုင်ငံတွင် နှစ်ရှည်အရစ်ကျ ငွေပေးချေခြင်းစနစ်အား ပထမဆုံး စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆောက်အဦးဆောက်လုပ်လိုသူများအတွက် အဆိုပါ ဝန်ဆောင်မှုအစီအစဉ်အား မြန်မာနိုင်ငံအတွင်းရှိ မည်သည့် နေရာဒေသ နှင့် အဆောက်အအုံအတွက်မဆို နှစ်ရှည်အရစ်ကျစနစ်ဖြင့် တည်ဆောက်ပေးသွားမည် ဖြစ်ပါသည်။

“ကမ္ဘောဇဘဏ်မှ ဒီဝန်ဆောင်မှုအတွက် နှစ်ရှည်ချေးငွေများ ထုတ်ချေးပေးသွားမှာပါ။ ချေးငွေများကို လုပ်ငန်းတန်ဖိုး(အိမ်တန်ဖိုး)ရဲ့ ၇၀ရာခိုင်နှုန်းကို ထုတ်ချေးပေးသွားမှာဖြစ်ပြီး လူနေအိမ် အဆောက်အဦးများအတွက် ဂရန်သက်တမ်းပေါ်မူတည်ပြီး အရစ်ကျငွေပေးချေနိုင်တဲ့ သက်တမ်းကို အများဆုံး (၂၅) နှစ်ထိ ချေးငွေရရှိအောင် Case by case ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အခြားစီးပွားရေးဆိုင်ရာ အဆောက်အအုံများ (ဥပမာ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ အဆောင်၊ စက်ရုံ၊ ဂိုဒေါင်နဲ့ အခြားအဆောက်အုံ) အတွက် လုပ်ငန်းပေါ်မူတည်ပြီး အရစ်ကျငွေပေးချေနိုင်တဲံ သက်တမ်းကို (၃) နှစ်အထိ ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် အဆောက်အဦးကို ပြန်လည်ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများအတွက်လည်း ချေးငွေလျှောက်ထားနိုင်ပါတယ်။ ဒီဝန်ဆောင်မှုအတွက် အရစ်ကျချေးငွေအတိုးနှုန်းကို (၁၃) ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။” ဟု ကမ္ဘောဇဘဏ်၊ အိမ်ရာချေးငွေ ဌာနမှူးဖြစ်သူ ဦးဌေးအောင်ကျော် က ပြောပါသည်။

နှစ်ရှည်အရစ်ကျနှင့် ဆောက်လုပ်ခြင်းအတွက် ပထမဦးဆုံးအနေဖြင့် မြေအမျိုးအစားက နိုင်ငံတော် အသိအမှတ်ပြုထားသော ပိုင်ဆိုင်မှုခိုင်မာကြောင်း ပြသနိုင်သည့် မြေဖြစ်မဖြစ် စစ်ဆေးသွားမည်ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် ဝင်ငွေခိုင်မာမှု ရှိ/မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပါသည်။ ဝင်ငွေခိုင်မာမှုရှိပြီး မြေအမျိုးအစားသည်လည်း နိုင်ငံတော်အသိအမှတ်ပြုထားကြောင်း ခိုင်မာပါက နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝန်ဆောင်မှုကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

အဆိုပါ ဝန်ဆောင်မှုနှင့်ပတ်သက်၍ iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက “ကျွန်တော်တို့ iMyanmarHouse.com အနေနဲ့ ဈေးကွက်ရှာဖွေရေးနဲ့ ဈေးကွက်ဖော်ဆောင်ရေးအပိုင်းကို MYANMAR ART Construction & Development Co.,Ltd နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဒီနှစ်ရှည်အရစ်ကျ ငွေပေးချေစနစ်နဲ့ အဆောက်အဦးဆောက်လုပ်ပေးတဲ့ ဝန်ဆောင်မှုကို ပထမဦးဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ‘မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်ရမယ်ဆိုတာ’ က ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်တစ်ခုဖြစ်ပြီး ဒီဆောင်ပုဒ်နဲ့အညီ ကိုယ်ပိုင်အိမ်ပိုင်ဆိုင်လိုသူများအတွက် နှစ်ရှည်ဘဏ်ချေးငွေနဲ့ ကိုယ့်ရဲ့စိတ်ကူး အိပ်မက်ထဲက အိမ်တစ်လုံးကို တည်ဆောက်နိုင်ဖို့ ဆန်းသစ်တီထွင်တဲ့ ဒီဝန်ဆောင်မှုကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောပါသည်။

နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဆောက်လုပ်လိုသူများအတွက် ကနဦးစတင်လျှောက်ထားရာတွင် မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ၊ ဝင်ငွေရလမ်းဖော်ပြချက်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ အသုံးပြုနေသည့် ဘဏ်စာရင်းရှင်းတမ်း (၆) လစာတို့ဖြင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး အဆိုပါ စာရွက်စာတမ်းများအား MYANMAR ART Construction & Development Co.,Ltd မှ စစ်ဆေးပြီး ကမ္ဘောဇဘဏ်သို့ ပဏာမစစ်ဆေးနိုင်ရန် တင်ပြပေးသွားမည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ် မှ Customer တင်ပြလာသော ၀င်ငွေအချက်အလက်များကို ပဏာမစစ်ဆေးပြီး Home Construction Loan ရနိုင်၊ မရနိုင်အား ပြန်လည်အကြောင်းကြားမည်ဖြစ်ပါသည်။ ဘဏ်မှအကြောင်းပြန်ချက် ရရှိပြီးနောက် ချေးငွေလျှောက်ထားသူ နှင့် MYANMAR ART Construction & Development Co.,Ltd တို့ အတူတကွဆွေးနွေးပြီး ဒီဇိုင်း ရေးဆွဲခြင်း၊ ဈေးနှုန်းတွက်ချက်ခြင်းများ ဆက်လက်လုပ်ဆောင်မည် ဖြစ်ပါသည်။ ဒီဇိုင်းနှင့် ဈေးနှုန်းများ ရေးဆွဲပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပါက MYANMAR ART Construction & Development Co.,Ltd မှ ကမ္ဘောဇဘဏ်သို့ အဆောက်အဦးပုံစံ၊ ဈေးနှုန်းတို့ကို တင်ပြ၍ အတည်ပြုချက်ရယူမည်ဖြစ်သည်။ ဘဏ်မှအတည်ပြုချက်ရရှိပြီးပါက ဆောက်လုပ်ခွင့်တင်ခြင်း၊ ဘဏ်ချေးငွေမြေပုံထုတ်ခြင်းများအား ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးပါက MYANMAR ART Construction & Development Co.,Ltd နှင့် စာချုပ်ချုပ် ဆိုခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ ထိုသို့စတင်ဆောင်ရွက်သည့်အချိန်တွင် နှစ်ဦးသဘောတူစာချုပ်၊ ဆောက်လုပ်ခွင့်၊ ဘဏ်ချေး ငွေမြေပုံထုတ်စာရွက်စာတမ်းများ၊ ဝင်ငွေရလမ်း ဖော်ပြချက်များဖြင့် ကမ္ဘောဇဘဏ်သို့ တရားဝင်ပြန်လည် လျှောက်ထားမည်ဖြစ်သည်။ ထိုသို့လုပ်ငန်းဆောင်ရွက်ခြင်းများအတွက် ဘဏ်ဘက်မှ အချိန်ကာလအားဖြင့် အလုပ်လုပ်ရက် (၁၄)ရက်မှ တစ်လ ခန့်အထိသာ ကြာမြင့်မည်ဖြစ်ပါသည်။

MYANMAR ART Construction & Development Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးကျော်စွာဟိန်း မှ “ကမ္ဘောဇဘဏ်က ချေးငွေခွင့်ပြုမိန့်ကျလာပြီဆိုရင် ဘဏ်ကိုပိုင်ဆိုင်မှု စာရွက်စာတမ်းမူရင်းများ အပ်နှံရပါမယ်။ ပြီးရင် ချေးငွေကို စတင်အသုံးပြုနိုင်ပါပြီ။ ဒီအချိန်အတွင်းမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းများလည်း စတင်ဆောင်ရွက်နေမည်ဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။ MYANMAR ART Construction & Development Co.,Ltd မှ ချေးငွေ စတင်လျှောက်ထားခြင်းမှ စတင်ကာ ဆောက်လုပ်ရေး လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီး BCC ကျသည်အထိ ဆက်လက်တာဝန်ယူဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

ဤဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက

www.imyanmarhouse.com/myanmar-art ဝက်ဘ်ဆိုဒ်လင့်ခ်တွင်လည်းကောင်း iMyanmarHouse.com ၏ Hot Line ဖုန်းနံပါတ်များဖြစ်သော ဝ၉-၄၅၅၂၉၄၈၄၁-၅ များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service