မြို့ကြီး သုံးမြို့က အငှားအိမ်ရာ (၈၀၀)ကျော် အောက်တိုဘာအပြီး တည်ဆောက်မည်

မြို့ကြီး သုံးမြို့က အငှားအိမ်ရာ (၈၀၀)ကျော် အောက်တိုဘာအပြီး တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
21 May 2019 12:02 pm တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး

မြို့ကြီး သုံးမြို့မှာ တည်ဆောက်နေတဲ့ နိုင်ငံ့ဝန်ထမ်း အငှား အိမ်ရာ အခန်းပေါင်း (၈၀၀)ကျော် တည်ဆောက်ခြင်းဟာ သည်နှစ်အောက်တိုဘာလမှာ ပြီးစီးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

မြို့ပြနှင့် အိမ်ရာဖွံ့ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ‘ အောက်တိုဘာလပြီးမယ်၊ (၂၀၁၉)အောက်တိုဘာပေါ့၊ အခန်းပြီးမှာကတော့ (၈၀၀)ကျော်ပေါ့ ‘ လို့ပြောပါတယ်။

သည်နိုင်ငံ့ဝန်ထမ်း အငှား  အိမ်ရာတွေ တည်ဆောက်နိုင်ဖို့အတွက် အစိုးရကနေ လက်ရှိဘဏ္ဍာနှစ်မှာ (၁၅)ဘီလျံခွင့်ပြုထားတယ်လို့ သိရပါတယ်။ သည်အခန်းပေါင်း (၈၆၀)တည်ဆောက်ပြီးစီးရင်တော့ နိုင်ငံ့ဝန်ထမ်းအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေအတွက်လည်း ထည့်သွင်းဆောင်ရွက်ပေးသွားမယ်လို့ ဦးမင်းထိန်က ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနဲ့ကလည်း ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နှစ်သစ်မိန့်ခွန်းပြောကြားရာမှာ နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူသွားတဲ့အခါ သိက္ခာရှိရှိနဲ့ နေထိုင်နိုင်ဖို့ အိမ်ရာတွေတည်ဆောက်ပေးသွားမယ်လို့ ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရအနေနဲ့ လက်ရှိမှာလည်း ဝန်ထမ်းတွေနေထိုင်မှု အဆင်ပြေစေဖို့ ပြည်ထောင်စုဘတ်ဂျက်နဲ့အပြင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်တွေနဲ့ ဝန်ထမ်းအိမ်ရာ (၁၅၇)လုံး၊ အခန်းပေါင်း (၂၄၈၄)ခန်းကိုလည်း တည်ဆောက်လျက် ရှိပါတယ်။

အခြေခံပြည်သူတွေ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်တော့ ရန်ကုန်တိုင်းဒေသကြီး အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများမှ အိမ်ခန်း စုစုပေါင်း (၃၃၂၂)ခန်းကို ပြည်သူတွေနေထိုင်နိုင်ဖို့အတွက်လည်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အခြားတိုင်းဒေသကြီးတွေမှာလည်း အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ခဲ့ရာ   ဧရာဝတီတိုင်းဒေသကြီး  ၊ ပုသိမ်မြို့ မှာ အိမ်ခန်းပေါင်း (၆၇၆)ခန်း ပါဝင်တဲ့ ဥမ္မာဒန္တီအိမ်ရာစီမံကိန်းနဲ့ အိမ်ခန်းပေါင်း (၉၆)ခန်း ပါဝင်တဲ့ ပြည်တော်သာအိမ်ရာ၊ ကရင်ပြည်နယ် ၊ ဘားအံ့  မြို့မှာ အိမ်ခန်းပေါင်း (၄၈)ခန်း ပါဝင်တဲ့ ကြာအင်းတောင်အိမ်ရာတို့ကို တည်ဆောက်ရောင်းချပေးလျက် ရှိတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service