UAB ၊ iGREEN နှင့် iMyanmarHouse.com တို့ ပူးပေါင်း၍ အတန်ဆုံးအိမ်ရာအရောင်းပြပွဲကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
567 ကြိမ် ကြည့်ရှု့ ပြီး

UAB ၊ iGREEN နှင့် iMyanmarHouse.com တို့ ပူးပေါင်း၍ အတန်ဆုံးအိမ်ရာအရောင်းပြပွဲကျင်းပမည်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ UAB Bank ၊ iGREEN Development နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပမည့် အတန်ဆုံးအိမ်ရာ အရောင်းပြပွဲကို ၂၀၁၉ခုနှစ် ၊ မေလ ( ၁၈ ၊ ၁၉ ) ၊ ( စနေ ၊ တနင်္ဂနွေ ) ရက်များတွင် ဓမ္မစေတီလမ်း နှင့် လင့်(ခ်)လမ်းထောင့် ၊ ဗဟန်း ၊ ရန်ကုန်မြို့ရှိ UAB Premier Lounge (Time Link Mall) တွင် မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါအိမ်ရာအရောင်းပြပွဲတွင် စမ်းချောင်း ၊ အင်းစိန် ၊ ကမာရွတ် ၊ မရမ်းကုန်း ၊ လှိုင် ၊ ရန်ကင်း ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆောက်လုပ်ပြီး ကွန်ဒို ၊ တိုက်ခန်း ၊ လုံးချင်းအိမ်များ ကို ၁ စတုရန်းပေ ၅ သောင်းကျပ် မှစတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး UAB Bank နှင့်ချိတ်ဆက်၍ ဝန်ဆောင်မှုအခမဲ့ နှစ်ရှည်အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်မည့်အပြင် Developer နှင့်တိုက်ရိုက်ချိတ်ဆက်ပြီး လပေါင်း (၅၀) အထိ အတိုးမဲ့အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအရောင်းပြပွဲတွင် လှိုင်အဆင့်မြင့်ကွန်ဒို ၊ G4 Mini Condo ၊ လှိုင်အဆင့်မြင့်တိုက်ခန်း ၊ ဘက်စုံသုံးမြေကွက် ၊ Royal Thukha Condominium71 Yadanarစိမ်းလဲ့အောင်ကွန်ဒို ၊ 4 Strand Mini Condo ၊ UBC Condo ၊ 27 West Avenue ၊ 123 Parami Mini Condo ၊ အောင်သစ္စာအိမ်ရာ အစရှိတဲ့ တိုက်ခန်း ၊ ကွန်ဒိုနဲ့ လုံးချင်းအိမ်ရာတွေကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီအရောင်းပြပွဲမှာ ဝယ်ယူသူများက လပေါင်း (၅၀) အတိုးမဲ့အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်တဲ့အပြင် UAB Bank နဲ့ ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဝန်ဆောင်မှု အခမဲ့ရရှိမှာ ဖြစ်ပါတယ်။ ၁ စတုရန်းပေ ၅သောင်းကျပ်မှ စတင်ဝယ်ယူနိုင်မှာဖြစ်လို့ အလွန်တန်တဲ့ဈေးနှုန်းများနဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် ပြပွဲကို ဆက်ဆက်လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။

UAB ၊ iGREEN နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပမည့် အတန်ဆုံးအိမ်ရာအရောင်းပြပွဲ

ကျင်းပမည့်ရက် : 18 & 19 May 2019 (စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် : မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ

ကျင်းပမည့်နေရာ : UAB Premier Lounge (Time Link Mall) ဓမ္မစေတီလမ်း နှင့် လင့်(ခ်)လမ်းထောင့် ၊ ဗဟန်း ၊ ရန်ကုန်

မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပါသည်။

အသေးစိတ် သိရှိလိုပါက

https://www.imyanmarhouse.com/promo/igreen   တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့ လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ပတ်အတွင်း ရန်ကုန်အိမ်ခြံမြေ
ဘန်ကောာက်ကွန်ဒိုသစ်များ နှစ်နှစ်အတွင်း ရောင်းဈေးအနိမ့်ဆုံးဖြစ်ခဲ့
အင်ဒိုနီးရှားတွင် အိမ်တန်ဖိုး၏ ၁ ရာခိုင်နှုန်းသာ လက်ငင်းပေးချေရမည့် နေအိမ်ပေါင်း တစ်နှစ်လျှင် တစ်သန်း ဆောက်လုပ်လျက်ရှိ...
ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၂၀၀ ကျော် ကို ခွင့်ပြု
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၉ ပထမနှစ်ဝက်အတွင်း ဆောက်လုပ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃ ဘီလီယံဖိုးခန့်အထိ ရှိနေ...
သန်လျင်တံတား အမှတ် ၃ လာမည့် ၂၀၂၂ ခုနှစ်အပြီး တည်ဆောက်မည်
အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone က ဂျပန်တွင် ဂိုဒေါင်အဆောက်အအုံများ ကန်ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူရန် စီစဉ်လျက်ရှိ...
ဒဂုံဆိပ်ကမ်းမှာ Community Market ဆောက်ဖို့ စီစဉ်နေ
ရုံးခန်းဖွင့်ရန် ကမ္ဘာ့ဈေးအကြီးဆုံး ၁၀ နေရာ
စက်မှုဇုန်အဖြစ် ခြေဥရေးဆွဲခဲ့သည့် ညောင်နှစ်ပင်စခန်းကို ၂၀၂၀ နှစ်ဆန်းတွင် စတင်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine