အာရပ်စော်ဘွားများပြည်ထောင်စုတွင် လူနေခန်းပေါင်း ၂၅၀ အထိ ပါဝင်မည့် လူနေအိမ်ရာစီမံကိန်းဆောက်လုပ်ရန် တင်ဒါခေါ်ယူမည်

အာရပ်စော်ဘွားများပြည်ထောင်စုတွင် လူနေခန်းပေါင်း ၂၅၀ အထိ ပါဝင်မည့် လူနေအိမ်ရာစီမံကိန်းဆောက်လုပ်ရန် တင်ဒါခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
15 May 2019 12:26 pm တွင် တင်ခဲ့သည်
977 ကြိမ် ကြည့်ရှု့ပြီး

အာရပ်စော်ဘွားများပြည်ထောင်စုရှိ ရှိတ်ခ် ဇာယစ်ဒ် အိုးအိမ်စီမံကိန်း (SZHP ) သည် ရှားဂျာအရှေ့ပိုင်း၊ ခေါ် ဖာကန်ဒေသတွင် လူနေခန်းပေါင်း ၂၅၀ အထိ ပါဝင်မည့် လူနေအိမ်ရာစီမံကိန်းဆောက်လုပ်ရေးအတွက် တင်ဒါခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါဆုံးဖြတ်ချက်ကို SZHP ၏ ဘုတ်အဖွဲ့ အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး အိုးအိမ်ကဏ္ဍကို အထောက်အကူပြုမည့် ဆုံးဖြတ်ချက်ပေါင်း ၁၀၀၀ ခန့် ဘုတ်အဖွဲ့က ချမှတ်ပြီးခဲ့ပြီဖြစ်ကာ ယခုဆုံးဖြတ်ချက်မှာ ၂၀၁၉ ခုနှစ် အိုးအိမ်စီမံကိန်းတွင် ပါဝင်ကြောင်း SZHP ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ခေါ် ဖာကန်ဒေသ၊ အယ်လ် အိုဝေနက်ထ်အရပ်တွင် တည်ဆောက်မည့် နေအိမ်ခန်းတိုင်းသည် အကျယ်အဝန်း စတုရန်းမီတာ ၃၆၀ ရှိမည်ဖြစ်ပြီး အိပ်ခန်း ၃ ခန်းမှ ၄ ခန်းအထိ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းဆောက်လုပ်မှုအတွက် အာရပ်ငွေ သန်း ၈၀၀ မှ ၁ ဘီလီယံ ( ကန်ဒေါ်လာ ၂၁၈ သန်းမှ ၂၇၂ သန်းကြား) ကုန်ကျမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးသတ်နိုင်ဖွယ်ရာရှိသည်ဟု ဆိုသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည် စီမံကိန်းရေးဆွဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ ကွပ်ကဲခြင်းလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရှိမည် ဖြစ်သည်။

တင်ဒါအတည်ပြုမှုကို အာရပ်စော်ဘွားများပြည်ထောင်စု ဝန်ကြီးချုပ်၊ ဒူဘိုင်းအကြီးအကဲဖြစ်သူ ရှိတ်ခ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုအမ်၏ လမ်းညွှန်မှုဖြင့် ဆုံးဖြတ်သွားမည် ဖြစ်သည်။

အာရပ်စော်ဘွားများပြည်ထောင်စု အစိုးရသည် အိုးအိမ်၊ သာယာဝပြောမှု၊ လူမှုစည်းလုံးမှုတို့ကို ဦးစားပေးကြောင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဝန်ကြီး ဒေါက်တာ အယ်လ် နွီမီက ပြောကြားသည်။

ရှားဂျာအုပ်ချုပ်ရေးအဖွဲ့၏ အခန်းကဏ္ဍနှင့် ယခုစီမံကိန်းအတွက် မြေယာထောက်ပံ့ပေးခြင်းအားဖြင့် ပူးပေါင်းပါဝင်မှုတို့ကိုလည်း ဒေါက်တာ အယ်လ် နွီမီက ချီးကျူးဂုဏ်ပြုခဲ့သည်။

စီမံကိန်းကို နိုင်ငံတစ်ဝန်းရှိ လူနေဒေသ ၅ ခုတွင် ဆောက်လုပ်နေခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအားဖြင့် လူနေခန်းပေါင်း ၁၄၉၀ ပါဝင်သည်။

ရှားဂျာမှ အယ်လ် ဆိုယိုးဒေသရှိ စီမံကိန်းမှာ ပထမဆုံး စတင်ခဲ့သည့် စီမံကိန်းဖြစ်သည်။

လက်ရှိအားဖြင့် တိုင်းပြည်တစ်ဝန်းတွင် စီမံကိန်းပေါင်း ၃ ခုဆောက်လုပ်နေပြီး လူနေခန်း စုစုပေါင်း ၁၉၉၀ ခန်း ပါဝင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service