သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ဝင်ငွေနည်းပါးသည့် မိသားစုများကို နေအိမ်သစ် ၆၀၀ ပေးအပ်

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ဝင်ငွေနည်းပါးသည့် မိသားစုများကို နေအိမ်သစ် ၆၀၀ ပေးအပ် - Property News in Myanmar from iMyanmarHouse.com
10 Apr 2019 12:00 pm တွင် တင်ခဲ့သည်
643 ကြိမ် ကြည့်ရှု့ပြီး

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုခရိုင်တွင် ဝင်ငွေနည်းပါးသည့် မိသားစုများအား သီရိလင်္ကာ၊ Megapolis and Western Development ဝန်ကြီးဌာနက နေအိမ်သစ် ၆၀၀ ပေးအပ်ခဲ့ကြောင်း ကိုလံဘိုအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်များ ပေးအပ်ပွဲအခမ်းအနားကို ကိုလံဘိုမြို့၊ ဒီမာတာဂိုဒါအရပ်၊ မီဟိန္ဒု ဆန်ပူရ အိမ်ရာဝန်းအတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီး ပါတာလီ ချမ်ပီကာ ရာနာဝါကာ တက်ရောက်ခဲ့သည်။

ကိုလံဘိုခရိုင် ဖွံ့ဖြိုးရေးစီမံကိန်းများ ဖော်ဆောင်ရေးအတွက် နေအိမ်များ ဆုံးရှုံးခဲ့ရသည့် မိသားစုများကို ဝန်ကြီးဌာနက နေအိမ်များ ပေးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ဝန်ကြီး ရာနာဝါကာက ပြောကြားခဲ့ရာ၌ ယခုနှစ်အကုန်တွင် ကိုလံဘိုမြို့ရှိ ဝင်ငွေနည်းပါးသော မိသားစုများအတွက် နေအိမ်ပေါင်း ၁၅၀၀၀ ခန့်အထိ ပေးအပ်သွားနိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားသည်။

“နေအိမ်ပေါင်း ၅၅၀၀ လုံး ထပ်မံဆောက်လုပ်ဖို့အတွက် အာရှအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (AIIB) နဲ့လည်း ဒီလအတွင်းမှာ သဘောတူညီချက် ရခဲ့ပြီးပါပြီ။ ၂၀၂၃ ခုနှစ်ကိုရောက်ရင် ကိုလံဘိုမှာ နေအိမ်သစ်ပေါင်း ၄၀၀၀၀ ဆောက်လုပ်ပြီးစီးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကိုလံဘိုဟာ တဲစုတ်တွေမရှိတဲ့ မြို့ကြီးတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ရာနာဝါကာက ပြောကြားသည်။

“နေအိမ်တွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပေးဝေသွားမှာ မဟုတ်ပါဘူး။ တဲစုတ်တွေမှာ နေရသူတွေ၊ နေအိမ်အတည်တကျမရှိသူတွေဆိုရင် ဘယ်ပါတီကပဲဖြစ်ဖြစ် ကျွန်တော်တို့ ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service