ရှန်ဟိုင်းရှိ Yi Fang တာဝါကြီးကို စင်္ကာပူကုမ္ပဏီ Keppel Capital က ယွမ်ငွေ ၄ ဘီလီယံကျော်ဖြင့် ဝယ်ယူရာတွင် CBRE ကုမ္ပဏီကြီးက အကျိုးဆောင်ပြုလုပ်ပေးခဲ့

ရှန်ဟိုင်းရှိ Yi Fang တာဝါကြီးကို စင်္ကာပူကုမ္ပဏီ Keppel Capital က ယွမ်ငွေ ၄ ဘီလီယံကျော်ဖြင့် ဝယ်ယူရာတွင် CBRE ကုမ္ပဏီကြီးက အကျိုးဆောင်ပြုလုပ်ပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
10 Apr 2019 11:31 am တွင် တင်ခဲ့သည်
952 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ရှိ Yi Fang တာဝါကြီးကို စင်္ကာပူကုမ္ပဏီ Keppel Capital က ယွမ်ငွေ ၄ ဒသမ ၆ ဘီလီယံဖြင့် ဝယ်ယူရာတွင် CBRE ကုမ္ပဏီကြီး၏ Capital Markets ဌာနက အကျိုးဆောင်ပြုလုပ်ပေးခဲ့ကြောင်း CBRE က ထုတ်ပြန်သည်ဟု တရုတ်ပြည်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Yi Fang တာဝါသည် မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး Grade A အဆင့်ရှိ ရုံးခန်းများနှင့် လက်လီအရောင်းနေရာများ တွဲဖက်ပါဝင်သည့် ဘက်စုံသုံးစီမံကိန်းတစ်ခုဖြစ်ကာ ရှန်ဟိုင်းမြို့၊ ဟိုခုန်းခရိုင် (Hongkou district) တွင် တည်ရှိသည်။

အကျယ်အဝန်း စတုရန်းမီတာ ၇၄၄၀၀ ရှိပြီး ရောင်းချသူမှာ တရုတ်အိမ်ခြံမြေ developer ဖြစ်သော Dalian Yi Fang Group မှ ဖြစ်ကာ ယခုနှစ်အတွင်း ရှန်ဟိုင်းတွင် အကြီးမားဆုံးအိမ်ခြံမြေအရောင်းအဝယ်တစ်ခုဖြစ်လာသည်။

ရှန်ဟိုင်းမြို့၊ North Bund အရပ်တွင် တည်ရှိပြီး ၁၈ ထပ်မြင့်မားသည့် ရုံးအဆောက်အအုံ တာဝါ ၂ ခုတွင် ရုံးခန်းနေရာအတွက် စတုရန်းမီတာ ၄၇၅၀၀ အကျယ်အဝန်းပါဝင်ပြီး လက်လီအရောင်းဆိုင်များအတွက် ၂၆၉၀၀ စတုရန်းမီတာ ပါဝင်သည်။

၂၀၂၀ ပြည့်နှစ်တွင် Beiheng Tunnel ဆောက်လုပ်ပြီးစီးပါက Yi Fang တာဝါသို့ ၅ မိနစ် ကားမောင်းသွားရုံနှင့် ရောက်ရှိနိုင်မည်ဖြစ်ပြီး ရှန်ဟိုင်းမြို့ အခြားဒေသများနှင့်လည်း ဆက်သွယ်ရေးများစွာကောင်းမွန်လာမည် ဖြစ်သည်။

ရှန်ဟိုင်းမြို့၊ ဟိုခုန်းခရိုင်သည် သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသည့်အရပ်အဖြစ် နာမည်ကျော်ပြီး ရှန်ဟိုင်း၏ မြို့ပြဖွံ့ဖြိုးမှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်။

ပြန်လည်ပြုပြင်မွမ်းမံရေးစီမံကိန်းကြီးများစွာ အကောင်အထည်ဖော်နေသော ဟိုခုန်းခရိုင်သည် လျင်မြန်စွာ ပြန်လည်ဆန်းသစ်လာနေ လျက် ရှိသည်။

ယခုစီမံကိန်း တည်ရှိသည့်နေရာဖြစ်သော ဟိုခုန်းခရိုင်၏ တောင်ဘက် North Bund ဒေသသည် လက်ရှိအားဖြင့် ဘဏ္ဍာရေးနှင့် သင်္ဘောလုပ်ငန်းဗဟိုချက်နေရာအဖြစ် ပြောင်းလဲနေသော နေရာလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ

မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service