ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ဧပြီတွင် နောက်ဆုံးအကြိမ် သီးနှံနစ်နာကြေးပေးမည်

ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ဧပြီတွင် နောက်ဆုံးအကြိမ် သီးနှံနစ်နာကြေးပေးမည် - Property News in Myanmar from iMyanmarHouse.com
22 Mar 2019 1:11 pm တွင် တင်ခဲ့သည်
2025 ကြိမ် ကြည့်ရှု့ပြီး

ဟံသာဝတီလေဆိပ် တည်ဆောက်ရေး မြေပြင်ကွင်း ဆင်းတိုင်းတာရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကျူးကျော် စိုက်ပျိုးသူများကို နောက်ဆုံးအ ကြိမ် သီးနှံနစ်နာကြေးပေးမည် ဟု ပဲခူးတိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

စီမံကိန်း ဘဏ္ဍာနှစ် ၂ နှစ်အတွင်း ကျပ်တစ်ဘီလီယံခန့် ပေးအပ်ထားပြီး ယခုကျပ်သိန်း ၂,၀၀၀ ကျော်ကို သီးနှံနစ်နာ ကြေးအဖြစ် လူ ၁၆ ဦးကို ဧပြီ ၃ ရက်တွင် ထပ်မံပေးအပ်ရန် တိုင်းအစိုးရက ဆုံးဖြတ်ခဲ့သည်။

အဆိုပါလေဆိပ်စီမံကိန်းကို ဂျပန်နိုင်ငံ၏ နှစ်ရှည်ချေးငွေရာ ခိုင်နှုန်းပြည့်ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ထိုသို့တည်ဆောက်ရေးလုပ်ငန်းအတွက် ဂျပန်နိုင်ငံနှင့် လေးကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်သည် ဟု လေကြောင်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောသည်။

ဧပြီအတွင်း မြေပြင်တိုင်းတာရေး လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ပြီး လေဆိပ်ခြံစည်းရိုးခတ်ရန် ဘတ်ဂျက်ငွေလည်းရထားပြီးဖြစ်သည်ဟု ဆိုသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်း သိန်းက ဟံသာဝတီလေဆိပ်စီမံ ကိန်းသည် နိုင်ငံတော်အနာဂတ် အတွက်အရေးကြီးသည့် လိုအပ်ချက်ဖြစ်ပြီး မိမိတို့အစိုးရလက်ထက်တွင် နိုင်ငံတော်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်မည်ဟု ဆိုသည်။

၁၉၉၄ နှင့် ၂၀၁၂ တွင် လေဆိပ်စီမံကိန်းအတွင်းရှိ နေထိုင်သူများကို မြေယာလျော်ကြေးပေးထားပြီးဖြစ်၍ ယခုနေထိုင်သူ များသည် ကျူးကျော်နေထိုင်သူများသာဖြစ်သည်ဟု ဦးဝင်းသိန်း ကဆိုသည်။ သို့သော် အစိုးရက ပြည်သူများ နစ်နာမှုမရှိစေရန်သီး နှံလျော်ကြေးပေးခြင်း ဖြစ်သည် ဟု ဦးဝင်းသိန်းက ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်ဝင်ရောက်မှု အကန့်အသတ်ရှိပြီး ပြေးလမ်းတစ်ခုသာရှိ၍လေယာဉ် ကြီးဆင်းသက်ရန် အခက်အခဲရှိသဖြင့် နိုင်ငံတကာ လေဆိပ်အသစ် တည်ဆောက်ရန် လိုအပ် ခြင်းဖြစ်သည်။

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပဲခူးမြို့ကျောက်တိုင်ရွာအနီး ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုသော မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီလေဆိပ်အသစ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။

စီမံကိန်းကို ဂျပန် JGC ကုမ္ပဏီ၊ စင်ကာပူမှ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီ သုံးခုပေါင်း အစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးက ၂၀၁၄ အောက်တိုဘာတွင် တင်ဒါရရှိခဲ့သည်။

ထိုတင်ဒါအောင်ထားမှု သဘောတူညီချက်သက်တမ်းသည် ၂၀၁၈ ဇန်နဝါရီ၌ ကုန်ဆုံးခဲ့သည်။ ဟံသာဝတီ လေဆိပ်စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် သဘောတူညီချက် သက်တမ်းကုန်ဆုံးပြီဖြစ်သော်လည်း ညှိနှိုင်းမှု အဆင်မပြေ၍ သက်တမ်းမတိုးနိုင်သေးကြောင်း စင်ကာပူ Yongnam Holdings ကုမ္ပဏီက ၂၀၁၈ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်

အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...

အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...

ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...

ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

119-mdy
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service