လူကူးခုံးကျော်တံတားအသစ်များ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်တွင် ထပ်မံတည်ဆောက်ရန်စီစဉ်နေ

လူကူးခုံးကျော်တံတားအသစ်များ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်တွင် ထပ်မံတည်ဆောက်ရန်စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
6 Mar 2019 11:28 am တွင် တင်ခဲ့သည်
1096 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်တွင် လူကူးခုံးကျော်တံတားအသစ်များ ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းတိုင်း(၇)မှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်၏ ပြောပြချက်အရ သိရသည်။

" အစိုးရဘတ်ဂျက်ရတဲ့အနေအထားပေါ်မူတည်ပြီး လူကူးခုံးကျော်တံတားတွေ ဆောက်လုပ်မယ်။ မြို့တစ်ပတ်လုံး ရန်ကုန်ဘူတာကြီးမပါရင် လူကူးခုံးကျော်တံတား ၃၅ ခုရှိတယ်။ နောက်ထပ်ဆောက်ပေးမှာတွေလည်းရှိသေးတယ်။ တချို့နေရာတွေမှာ တရားမ၀င်ကူးနေကြတာတွေ၊ အုတ်တံတိုင်းမရှိလို့ ဖြတ်ကူးတာတွေရှိတယ်။ အုတ်တံတိုင်းရှိရဲ့နဲ့ အုတ်တံတိုင်းကိုဖောက်ပြီး ကူးတာတွေလည်းရှိတယ်။ လှည်းတန်းနဲ့ ကမာရွတ်ဘူတာကြားမှာဆိုရင် အုတ်တံတိုင်းအသစ်လုပ်ထားတဲ့နေရာတွေမှာ သံလှေကားတွေထောင်ပြီးတော့ သွားလာနေတာတွေ တွေ့ရတယ်။ အဓိကကတော့ ရထားလမ်းကို ဖြတ်မကူးစေချင်တာပါ။ နောက်ဆို ရထားတွေက မြန်နှုန်းမြင့်လာမှာဆိုတော့ ခရီးသွားပြည်သူတွေဖြတ်သွားဖြတ်လာဆိုရင် အသက်အန္တရာယ်ရှိနိုင်တယ်" ဟု ဦးကျော်မျိုးလွင်က ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ပြီးပါက ရထားများကို မြန်နှုန်းမြင့်ပြေးဆွဲမည်ဖြစ်သည့်အတွက် ပြည်သူများ လမ်းဖြတ်ကူးသွားလာရာတွင် အသက်အန္တရာယ် ထိခိုက်မှုမရှိစေရန် တချို့လမ်းပိုင်းများတါင် ခြံစည်းရိုးကာခြင်း၊ တချို့လိုအပ်သည့် နေရာများတွင် လူကူးခုံးကျော်တံတားများ ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း မတော်တဆမှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ မတော်တဆမှုများသည် ရထားစီးနင်းသူများ၏ စည်းကမ်းမလိုက်နာမှုကြောင့် ဖြစ်ပြီး ကားနှင့်ရထားတိုက်မှု စုစုပေါင်းသုံးခုဖြစ်ပွားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကားလမ်းကူးရထားလမ်းပိုင်းတရားဝင်ဂိတ် ၇၂ ခုနှင့် တရားမ၀င်ဂိတ် ၅၃ ခုရှိပြီး ရထားနှင့်ကားတိုက်မှု သုံးခုစလုံးသည် တရားမ၀င်ကားလမ်းကူးရထားလမ်းပိုင်းဂိတ်များတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ ရထားနှင့်ကားမတော်တဆဖြစ်ပွားမှုများလျော့နည်းစေရန် ပြည်သူအသိပေးပညာပေးဟောပြောပွဲနှင့် မြန်မာ့မီးရထားတိုင်း(၇)မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit: Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service