Rockstar အချိုရည်ထုတ်လုပ်သူ သူဌေးကြီးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၂၁ သန်းဖြင့် အရောင်းဈေးကွက်တင်

Rockstar အချိုရည်ထုတ်လုပ်သူ သူဌေးကြီးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၂၁ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
27 Feb 2019 10:50 am တွင် တင်ခဲ့သည်
676 ကြိမ် ကြည့်ရှု့ပြီး

ရော့ခ်စတားသည် အားဖြည့်အချိုရည်ဖြစ်ပြီး ROCKST★R (သို့မဟုတ်) ЯR ဟူ၍ အမည်စာလုံးကို အသုံးပြုကာ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ထုတ်လုပ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် အမေရိကန်အားဖြည့်အချိုရည်ဈေးကွက်၏ ဈေးကွက်ဝေစု ၁၄ ရာခိုင်နှုန်းကို ရရှိထားသည်။

Rockstar ကို အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်စ်မြို့တွင် အခြေစိုက် ထုတ်လုပ်သည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ အချက်အလက်များအရ Rockstar အချိုရည်ကို အရသာ ၂၀ မျိုးကျော်ဖြင့် ထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်တွင် ဝယ်ယူရရှိနိုင်သည်။

ယခုအခါ Rockstar အချိုရည်ထုတ်လုပ်သူ သူဌေးကြီးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၂၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

Rockstar အချိုရည်ထုတ်လုပ်သူ သူဌေးကြီး ရပ်ဆဲလ် ဝိုင်နာသည် ကယ်လီဖိုနီးယားပြည်နယ်တောင်ပိုင်းတွင် တည်ရှိသော ဟာမိုဆာအမည်ရှိ ကမ်းခြေစံအိမ်ကြီးကို ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

စတုရန်းပေ ၆၂၀၀ ကျယ်ဝန်းသော အဆိုပါစံအိမ်ကို ယခင်က ၂ ကြိမ်ဈေးကွက်တင်ခဲ့ဖူးရာ ဝယ်ယူပြီး တစ်လအကြာတွင် တစ်ကြိမ်ဈေးကွက်တင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း တစ်ကြိမ်ထပ်မံဈေးကွက်တင်ခဲ့သည်။

ကယ်လီဖိုးနီးယား၏ တောင်ဘက်ကမ်းရိုးတန်းနှင့် မိုင် ၂၀ အကွာတွင်တည်ရှိသော Strand လမ်းပေါ်တွင် တည်ရှိကာ အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

၂၀၁၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်တင်ပေးသည်မှာ Chhabria Real Estate မှ အိမ်ခြံမြေအကျိုးဆောင် ရာဂျူး ချဟာ ဘရိုင်ယာဖြစ်သည်။

မစ္စတာ ချဟာဘရိုင်ယာက ပြောကြားရာတွင် ကမ်းခြေမျက်နှာစာ ၃၅ ပေ ပိုင်ဆိုင်ထားခြင်းမှာ စံအိမ်၏အကောင်းဆုံး အချက်အလက်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

“၃၅ ပေဆိုတာက ကျဉ်းမြောင်းတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒီကမ်းခြေအတွက်တော့ ဒါက ကြီးမားတဲ့အကျယ်အဝန်းပါ။ ဒါ့အပြင် တခြားရှုကွင်းရှုကွက်တွေလည်း ရှိနေပါသေးတယ်”ဟု မစ္စတာ ချဟာ ဘရိုင်ယာက ဆက်လက်ပြောကြားသည်။

စံအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး မြေအောက်ခန်းတစ်ခု၊ ကား ၃ စင်းဆန့် ကားဂိုထောင်တစ်ခု၊ ကားရပ်နားရန် အမိုးမပါသော နေရာတစ်ခု၊ အိမ်တွင်းရုပ်ရှင်ရုံ၊ ရေစိမ်ကန်တစ်ခုပါသည့် အမိုးပေါ်အပန်းဖြေနေရာ၊ တတိယထပ်တွင် အားကစားလေ့ကျင့်ရေးခန်းမ တစ်ခုတို့လည်း ပါဝင်သေးသည်။

ယခင်က မက်ဒေါနာပိုင်ဆိုင်ခဲ့ဖူးသော ဘီဗာလီဟေးလ်စံအိမ်ကိုလည်း ၂၀၁၇ ခုနှစ်အတွင်း အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service