HG Metal ကုမ္ပဏီ၏ အဆင့်မြင့် သံမဏိသံချောင်းစက်ရုံ စတင်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
2365 ကြိမ် ကြည့်ရှု့ ပြီး

HG Metal ကုမ္ပဏီ၏ အဆင့်မြင့် သံမဏိသံချောင်းစက်ရုံ စတင်လည်ပတ်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

ရန်ကုန်မြို့၊ ဒဂုံအရှေ့စက်မှုဇုန်တွင်တည်ရှိပြီး အမေရိကန် ဒေါ်လာ ၁၂ သန်း ရင်းနှီးမြှုပ်နှံထားသည့် HG Metal ကုမ္ပဏီ၏စက်ရုံသည် ယခုအခါ လုပ်ငန်းများ အပြည့်အဝလည်ပတ်နေပြီ ဖြစ်သည်။

အဆိုပါစက်ရုံသည် တစ်နှစ်တန် ၅ဝ,ဝဝဝ ကျ စက်ရုံဖြစ်ကာ သံမဏိ သံချောင်းနှင့် အခြားသံမဏိပစ္စည်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်သည်။

'' အများနဲ့ယှဉ်နိုင်တဲ့ ဈေးနှုန်းနဲ့ လုပ်ငန်းအားလုံးအတွက် များပြားလှတဲ့ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေဟာဆိုရင် မြန်မာနိုင်ငံမှာ သိပ်ကို လူကြိုက်များလှပါတယ်။ ဒေသတွင်းမှာ HG Metal ကို လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အမြင့်မားဆုံး ဦးစားပေးအချက် ဖြစ်ပါတယ်''ဟု HG Metal ၏ စီအီးအို မစ္စတာရှင်တေးယန်က ပြောသည်။

HG Metal Manufacturing Ltd (HG Metal) ကုမ္ပဏီသည် အရှေ့တောင်အာရှဒေသတွင် ထိပ်တန်း သံမဏိပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး စင်ကာပူနိုင်ငံရှိ ထုတ်လုပ်မှုနှင့် သိုလှောင်မှု ဧရိယာမှာ စတုရန်းပေ ရှစ်သိန်းခန့်ကျယ်ဝန်းသည်။ စက်မှုလုပ်ငန်းမျိုးစုံ၊ အသုံးချမှု မျိုးစုံအတွက် သံမဏိပစ္စည်း အမည်ပေါင်း ၃,ဝဝဝ ကျော်ကို ထုတ်လုပ်လျက်ရှိသည်။ စွမ်းအင်၊ ပို့ဆောင်ရေး၊ ရေကြောင်း၊ အီလက်ထရွန်းနစ် စသည့် စက်မှုကဏ္ဍ အများအပြားအတွက် သံမဏိပစ္စည်းအမျိုးမျိုး၊ မတူခြားနားသည့် အရွယ်အစား၊ အတိုင်းအတာ၊ ပုံသဏ္ဌာန်မျိုးစုံတို့ကို ကဏ္ဍအလိုက် လိုအပ်ချက်နှင့် အံဝင်ခွင်ကျ ကိုက်ညီစွာ ထုတ်လုပ်ပေးနေသည်ဟု HG Metal ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

၂ဝ၁၈ ခုနှစ် သြဂုတ်လတွင် HG Metal သည် First Fortune International Co. Ltd. ၏ အစုရှယ်ယာ ၅၁ ဒသမ ဝ၄ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၌ ပထမဆုံး အဆင့်မြင့် သံမဏိသံချောင်း (Rebar Cut & Bend) တပ်ဆင်စက်ရုံ တည်ထောင်နိုင်ရေးအတွက် Fortune Peak Investment Pte. Ltd. နှင့် YNJ Engineering Co. Ltd. ကုမ္ပဏီများနှင့် ဖက်စပ်သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော စီးပွားရေးဆိုင်ရာ ဖြေလျှော့ပေးမှုများနှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများလည်း တိုးတက်လာလျက်ရှိသည်။ အစိုးရသည် ရန်ကုန်ဘူတာကြီး ပြန်လည်ဆောက်လုပ်ရေးစီမံကိန်းနှင့် ရန်ကုန်ဒလတံတား စီမံကိန်းများကဲ့သို့ အကြီးစားမီဂါစီမံကိန်းများကို အကောင်အထည်ဖော်နေပြီး တစ်ဖက်တွင်လည်း လူနေအိမ်ခန်းများ တိုးချဲ့တည်ဆောက်လျက်ရှိကာ ရန်ကုန် မိုးပျံရထားလမ်းစီမံကိန်းကို ဆောင်ရွက်ရန်လည်း အဆိုပြုထားသည်။

ထိုစီမံကိန်းအားလုံးသည် အရည်အသွေးမြင့်ပြီး ဈေးနှုန်းချိုသာသော သံမဏိပစ္စည်း လိုအပ်ချက်ကို မြင့်မားစေလျက်ရှိသည်။ အရှေ့တောင်အာရှ သံနှင့်သံမဏိ အဖွဲ့အစည်း (Seaisi) ၏အဆိုအရ မြန်မာနိုင်ငံ၏ သံမဏိအသုံးပြုမှုပမာဏမှာ ပျှမ်းမျှ နှစ်စဉ်တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်းရှိကာ ၂ဝ၂ဝ ပြည့်နှစ်တွင် တန်ချိန် သုံးသန်းကျော်သို့လည်းကောင်း၊ ၂ဝ၂၅ ခုနှစ်တွင် တန်ချိန် ငါးသန်းသို့လည်းကောင်း အသီးသီးရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

''ဒီစက်ရုံကြီး အပြည့်အဝ လည်ပတ်တဲ့အခါ HG Metal ရဲ့ မြန်မာနိုင်ငံအတွင်း တည်ရှိမှုကို အားကောင်းလာစေမှာ ဖြစ်တဲ့အပြင် ကျွန်တော်တို့ ရောင်းချနေတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအပေါ် ယုံကြည်စိတ်ချ ရမှုကိုလည်း ပိုမိုမြင့်မားလာစေနိုင်မှာ ဖြစ်ပါတယ်''ဟု HG Metal ၏ အလုပ်မှုဆောင်ဒါရိုက်တာ မစ္စတာ အန်ထော်နီဖူးက ပြောသည်။

HG Metal သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများလည်း ဆက်လက်တိုးချဲ့ လုပ်ကိုင်မည်ဖြစ်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ ပဉ္စမအကြိမ်မြောက် PropertyGuru မြန်မာ့အိမ်ခြံမြေဆုပေးပွဲ ၂၀၁၉” အတွက် ဇကာတင်စာရင်း ထုတ်ပြန်ကြေညာ
စက်မှုဇုန်အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန် စက်မှုဇုန်အတွင်း မြေကွက်ပိုင်ရှင်များ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီသို့ ဆက်သွယ်ရန် အသိပေးချက်ထုတ်ပြန်ထား...
ဂျပ်စတင်ဘီဘာက သူ၏ နေအိမ်ကို followers ပေါင်း ၁၁၉ သန်းရရှိထားသော သူ၏ Instagram လူမှုကွန်ရက် စာမျက်နှာမှတဆင့် အရောင်းဈေးကွက်တင်...
ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ အငှားချထားပေးရန်လျှောက်လွှာခေါ်ယူ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် နေအိမ်တစ်လုံးကို ၁ ဒေါ်လာ (မြန်မာငွေ ၁၅၃၃ ကျပ်) မျှဖြင့် အမှန်တကယ် ဝယ်ယူရရှိနိုင်ပြီ...
တရုတ်ပြည်၏ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး CITIC Group က ပေကျင်းမြို့တွင် အမြင့်မားဆုံးဖြစ်သော CITIC တာဝါ မိုးမျှော်တိုက်ကြီးကို ၈ နှစ်ကြာ ဆောက်လုပ်ခဲ့ပြီးနောက် ဖွင့်လှစ်လိုက်ပြီ...
ရန်ကုန်မြို့ပတ်ရထားလမ်း အရှေ့ခြမ်း တညင်းကုန်း-မင်္ဂလာဒုံ-ပုရွက်ဆိတ်ကုန်း ရထားလမ်းအား အောက်တိုဘာ ၁၇ တွင်ပြန်လည်ဖွင့်လှစ်...
ဒီဇယ်တင်သွင်းမှု လာမယ့်နှစ်ကျဆင်းနိုင်
ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် အိမ်ရာဖွံဖြိုးရေးလုပ်ငန်းများလုပ်ကိုင်မည်
ဗီယက်နမ်ရှိ တန်ဖိုးနည်းအိမ်ခြံမြေများက ဟောင်ကောင်နှင့်တရုတ်တို့၏ အာရုံကိုဖမ်းစားလာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)