HIV ရောဂါပိုးရှိသည်ဟု ကိုယ်တိုင်ထုတ်ဖော်ဝန်ခံထားသူ ကမ္ဘာကျော်ရုပ်ရှင်မင်းသား ချာလီရှင်းက လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင်

HIV ရောဂါပိုးရှိသည်ဟု ကိုယ်တိုင်ထုတ်ဖော်ဝန်ခံထားသူ ကမ္ဘာကျော်ရုပ်ရှင်မင်းသား ချာလီရှင်းက လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင် - Property News in Myanmar from iMyanmarHouse.com
5 Feb 2019 12:03 pm တွင် တင်ခဲ့သည်
1533 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ချာလီရှင်း၏ အမည်ရင်းမှာ ကားလော့စ် အာဝင် အက်စ်တီဗက်ဇ်ဖြစ်ပြီး ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် နယူးယောက်မြို့၌ မွေးဖွားသည်။

Platoon (၁၉၈၆), Wall Street (၁၉၈၇), Young Guns (၁၉၈၈), Eight Men Out (၁၉၈၈), Major League (၁၉၈၉), Hot Shots! (၁၉၉၁) နှင့် The Three Musketeers (၁၉၉၃) တို့ အပါအဝင် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

လော့စ်အိန်ဂျလိမြို့တွင် ကမ္ဘာကျော်များ အခြေချရာ ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိပြီး မူလက ကန်ဒေါ်လာ ၁၀ သန်းခန့်ဖြင့် ဈေးခေါ်ခဲ့သည့်နေအိမ်ကို ယခုအခါ ကန်ဒေါ်လာ ၈ ဒသမ ၄၉ သန်းဖြင့် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။

မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး စတုရန်းပေ ၉၀၀၀ နီးပါးကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်သည်။

Mulholland Estates အိမ်ရာဝန်းအတွင်း တည်ရှိပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်ဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့သောကြောင့် ပြီးခဲ့သော ဇန်နဝါရီလ ၂၅ ရက်တွင် လျှော့ဈေးဖြင့် ပြန်လည် ဈေးကွက်တင်ခဲ့သည်။

Keller Williams Realty World Class မှ ဂျူလီယာ ပါလာစင် အယ်လ်ကာဒီနှင့် Keller Williams Westlake Village မှ မာ့ခ် တီယိုရန်တို့က ဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်သည်။

အရောင်းဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းစေရန်အတွက် ယခုကဲ့သို့ ဈေးလျှော့ပေးခြင်းဖြစ်ကြောင်း မစ္စတာ တီယိုရန်က ပြောကြားသည်။

ချာလီရှင်းသည် အဆိုပါနေအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဝယ်ဈေးအတိုင်း ပြန်လည်ရောင်းချရန် ကြိုးစားခဲ့သော်လည်း ရောင်းမထွက်ခဲ့ကြောင်း မစ္စတာ တီယိုရန်က ဆက်လက်ပြောကြားသည်။

ချာလီရှင်းသည် စီဘီအက်စ်ရုပ်သံလိုင်းမှ ကာလတာရှည် ထုတ်လွှင့်ပြသနေသော "Two and a Half Men" တွင် ပါဝင်သရုပ်ဆောင်နေရာမှ နှုတ်ထွက်လိုက်ရပြီးနောက် နေအိမ်ကို အရောင်းဈေးကွက်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုကာလက ချာလီရှင်းသည် အမေရိကတွင် သရုပ်ဆောင်ကြေးအမြင့်မားဆှုံး ရုပ်သံသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေခဲ့ပြီး ဇာတ်လမ်းတွဲတစ်ပိုင်းလျှင် ကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ဝင်ငွေရရှိသည်ဟု ဆိုသည်။

နေအိမ်မှာ ၂ ထပ်အဆောက်အအုံဖြစ်ပြီး ပါတီပွဲများကျင်းပရန် ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားကာ ရေကူးကန်နှင့် spa တို့ ပါဝင်ပြီး ခြံနောက်ဘက်တွင်လည်း ပန်းဥယျာဉ်တစ်ခုနှင့် လက်မ ၈၀ ရှိ ဖန်ပြားရုပ်သံစက်တပ်ဆင်ထားသော အကင်နေရာတစ်ခုလည်း ပါဝင်သည်။

နေအိမ်အတွင်းတွင်လည်း ထိုင်ခုံ ၁၆ လုံးဆန့် ရုပ်ရှင်ပြခန်း၊ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်၊ ထိုင်ခုံ ၁၀ လုံးဆန့် ညစာစားခန်းနှင့် ဂိမ်းကစားခန်းတစ်ခန်းတို့လည်း ပါဝင်သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service