ကနေဒါတွင် စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည့်နေအိမ်ပါဝင်ကာ ၅၇ ဧကကျယ်ဝန်းသည့် ကိုယ်ပိုင်ကျွန်းတစ်ခု ရောင်းချမည်

ကနေဒါတွင် စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည့်နေအိမ်ပါဝင်ကာ ၅၇ ဧကကျယ်ဝန်းသည့် ကိုယ်ပိုင်ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Jan 2019 11:26 am တွင် တင်ခဲ့သည်
724 ကြိမ် ကြည့်ရှု့ပြီး

ကနေဒါနိုင်ငံအရှေ့ပိုင်း နိုဗာစကိုးရှားကျွန်းစုတွင် စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည့်နေအိမ်ပါဝင်ကာ ၅၇ ဧကကျယ်ဝန်းသည့် ကိုယ်ပိုင်ကျွန်းတစ်ခု ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။

နိုဗာစကိုးရှားကျွန်းစုသည် ကနေဒါတွင် ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံရသည့် ကျွန်းစုတစ်ခုလည်းဖြစ်သည်။

နိုဗာစကိုးရှားကျွန်းစုတွင် ကျွန်းပေါင်း ၃၈၀၀ ကျော် ပါဝင်သည်။

ယခုခုရောင်းချမည့်ကျွန်းမှာ အမေရိကန်မိသားစုတစ်ခုက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အရောင်းဈေးကွက်တင်ထားသည်မှာ ၈ နှစ်ခန့်် ရှိခဲ့ပြီ ဖြစ်သည့်တိုင် ယနေ့တိုင်ရောင်းမထွက်သေးချေ။

Kaulbach ဟု အမည်ရသော အဆိုပါကျွန်းကို သာယာလှပသော ပင်လယ်သဲသောင်ကမ်းခြေများဝန်းပတ်ထားပြီး နိုဗာစကိုးရှား၏ သာယာလှသော မာဟုန်းပင်လယ်ကွေ့မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

“ဒီနေရာဟာ တကယ့်ကို အမှတ်တရဖြစ်စေနိုင်တဲ့နေရာမျိုးဖြစ်ပြီး အပန်းဖြေစခန်းကြီးတစ်ခု၊ ကုမ္ပဏီအခြေစိုက်နေရာတစ်ခု (ဒါမှမဟုတ်) မြတ်နိုးဖွယ်ရာကောင်းတဲ့ ဒုတိယနေအိမ်တစ်ခုအဖြစ် အသုံးပြုလို့ရပါတယ်”ဟု အိမ်ခြံမြေအကျိုးဆောင် Mariana Cowan က ပြောကြားသည်။

ကျွန်းပေါ်ရှိ ပင်မနေအိမ်ကို လက်ရှိပိုင်ရှင်များက လွန်ခဲ့သော ၁၂ နှစ်ခန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သိမ်းငှက်သိုက်ဟု အမည်ပေးထားသည်။

နေအိမ်အတွင်းအိပ်ခန်း ၁၁ ခန်း၊ ရေချိုးခန်း ၉ ခန်းနှင့် မီးလင်းဖို ၁၀ ခုပါဝင်ကာ နိုဗာစကိုးရှားကျွန်းမကြီးသို့ လှေဖြင့် ၅ မိနစ်ခရီးသာ ဝေးကွာသည်။

“ကျွန်းကိုရောက်ပြီး ကွေ့ဝိုက်တဲ့လမ်းကလေးအတိုင်း ကားမောင်းလာရင် ခမ်းနားလှတဲ့ နေအိမ်ကြီးဆီ ရောက်ရှိမှာ ဖြစ်ပါတယ်” နေအိမ်မှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး မွမ်းမံထိန်းသိမ်းထားသော မြက်ခင်းပြင်များ၊ စိမ်းလန်းသောသစ်ပင်များ ၊ ရေကန်များ ပါဝင်သည်။

၁၂ နှစ်သက်တမ်းရှိနေအိမ်မှာ လှပသောရိုးရာဟန်ကို လှစ်ဟပြသနေသည်။

master bedroom နှင့်ဧည့်ခန်းနေရာများတွင် ရှုပ်ထွေးသော pine wood မျက်နှာကြက်များတွေ့ရသည်။

စာကြည့်ခန်းတွင် ဝက်သစ်ချသားနံရံများ၊ အရှေ့တိုင်းဖြစ် ခြေသုတ်ခုံများတွေ့ရပြီး ကပ်လျက်တွင် တယ်လီဖုန်းဆက်သွယ်ရေးအခန်းတစ်ခု ပါဝင်သည်။

“နေအိမ်ဒီဇိုင်းသွင်ပြင်တစ်ခုလုံးဟာ ရှေးခေတ်နေအိမ်တစ်လုံးရဲ့ သွင်ပြင်မျိုးခံစားရစေပါတယ်။ သစ်ထည်လက်ရာတွေ၊ ဆောက်လုပ်ထားပုံတွေ အရာရာဟာ နှစ်ပေါင်း ၁၀၀ လောက် သက်တမ်းရှိတယ်လို့ ခံစားရစေပါတယ်” Young, Bella အစရှိသော ကျွန်းများအပြင် ပင်လယ်ကွေ့တွင်ရှိသည့် အခြားသော ကျွန်းပေါင်းများစွာကို ပင်မနေအိမ်၏ နေစာလှုံခန်းမှ တဆင့် ရှုမြင်ရမည် ဖြစ်သည်။

နေစာလှုံခန်းကို ပြင်သစ်တံခါးများ၊ ကြီးမားသောပြတင်းပေါက်ကြီးများ၊ slate floors များ၊ ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ကျောက်တုံးမီးလင်းဖိုတစ်ခုတို့ဖြင့် မွမ်းမံထားသည်ကို တွေ့ရသည်။

ကား ၂ စင်းဆန့် ကားဂိုဒေါင်၏ အပေါ်ထပ်တွင် ဝန်ထမ်းများ နေထိုင်နိုင်မည့်နေရာပြုလုပ်ပေးထားသည်။ ပင်မနေအိမ်အနီးတွင် နှစ်ထပ်ယာတောအိမ်တစ်လုံးနှင့် ပင်လယ်ကမ်းခြေအနီးတွင်လည်း ကမ်းခြေနေအိမ်တစ်လုံး ပါဝင်သေးသည်။ အဆိုပါကမ်းခြေနေအိမ်ကို ၂၀၀၂ ခုနှစ်အတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအဆောက်အအုံအားလုံးသည် ဂေါက်ကွင်းနှင့် ရွက်လွှင့်ကလပ်နေရာများနှင့် မိနစ်အနည်းငယ်သာကွာဝေးသည်။

Kaulbach ကျွန်းကို ၂၀၁၀ ပြည့်နှစ်အတွင်းက စတင်အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြစ်ကာ လက်ရှိအချိန်တွင် ဒေါ်လာ ၂ သန်းခွဲဈေးလျှော့ချပေးထားပြီး ကန်ဒေါ်လာ ၇ သန်း ဈေးခေါ်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service