နှစ်ဦးတွဲအမည်ပေါက် မြေကွက်အား တစ်ဖက်သတ် ခွဲဝေအမည်ပြောင်း၍ မရနိုင်

နှစ်ဦးတွဲအမည်ပေါက် မြေကွက်အား တစ်ဖက်သတ် ခွဲဝေအမည်ပြောင်း၍ မရနိုင် - Property Knowledge in Myanmar from iMyanmarHouse.com
19 Dec 2018 1:14 pm တွင် တင်ခဲ့သည်
1450 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

တစ်နေ့တွင် ကျောင်းနေဖက်မိတ်ဆွေဖြစ်သူ ဒေါ်မာလာညွန့် ရောက်ရှိလာပြီးသူမတို့မောင်နှမနှစ်ယောက်ပိုင် မြေကွက် တွင် လက်ရှိနေထိုင်သည့် တစ်ဖက်ခြမ်းအား တစ်ဦးတည်းအမည်ပေါက် ပြောင်းလိုကြောင်းနှင့် အစ်ကိုဖြစ်သူက သဘောမတူ၍ ပြောင်းမရသဖြင့် အကြံပေးပါရန်တောင်းခံလာသည်မို့ ညီအစ်ကိုမောင်နှမအမည်ပေါက်ဖြစ်၍ ရှုပ်စရာမရှိကြောင်းနှင့်အစ်ကိုလုပ်သူမှ သဘောမတူခြင်းကြောင့်လည်း နှစ်ဦးပူးတွဲ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်မိတ္တူနှင့် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနက ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ပြောပြကာ သာဓကတစ်ခုအာ ပြောပြရပေသည် ။

“ အဲဒါနဲ့ ပတ်သက်ပြီး မာလာ့လိုပဲ နှစ်ဦးပူးတွဲအမည်ပေါက်ကနေပြီး တစ်ဦးက တစ်ဖက်သတ် အမည်ပြောင်းမိလို့ တရားမဝင်ဘဲ စာချွန်တော်အမိန့်နဲ့ ထုတ်ဆင့်ပယ်ဖျက်ခဲ့ဖူးတဲ့ သာဓက ရှိခဲ့တယ်လေ ”

“ အဲဒါကို ကိုယ်ပြောရရင်တော့ မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေစီမံခန့်ခွဲမှုနှင့်ေ မြတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သာ ဆောင်ရွက်ရမည်ဖြစ်ခြင်းကို “ ဦးလှမြင့်ဖူးနှင့် ဌာနမှူး ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပါ ၂ ၊ ၂၀၁၅ ခုနှစ် ၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၈၂ ၊ ၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၁၆၂ ” စီရင်ထုံးမှာ ရည်ညွန်းထားပါတယ် ”

“ အဓိကအားဖြင့် ပြောရရင် မြေကွက်ခွဲစိတ်ခြင်းနဲ့ စပ်လျဉ်းပြီး ၊ သတ်မှတ်သည့် ဧရိယာအတိုင်းအတာနှင့် လျှောက်ထားလိုသူဟာ မြေတိုင်းလျှောက်ထားစဉ် က တင်ပြခဲ့သော အထောက်အထားများအပြင် ၊ လိုအပ်သည့် စာရွက်စာတမ်းမူရင်းများကို တင်ပြရန်၊ မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၇ တွင် သတ်မှတ်ဖော်ပြထားပါတယ် ”

“ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် လျှောက်ထားသူနှင့်လျှောက်ထားခံရသူ အမှတ်(၂)တို့ ၊ နှစ်ဦးပူးတွဲအမည်ပေါက်လျက်ရှိသည့် အချင်းဖြစ် မြေကွက်ကြီး ဧရိယာ ၀.၄၅၄ ဧကတွင် အမှတ် ၉ အဆောက်အဦး တည်ရှိရာ ၊ မြေကွက်ဧရိယာ ၀.၃၂၃ ဧကကို လျှောက်ထားခံရသူ အမှတ် ၂ က ၄င်းတစ်ဦးတည်း အမည်ပေါက် လျှောက်ထားရန်အတွက် မြေကွက်ခွဲ ၊ မြေပုံကုးနှင့် မြေတိုင်းလျှောက်ထားခြင်းအပေါ် ၊ နှစ်ဦးပူးတွဲအမွေဆက်ခံပိုင်ဆိုင်ကြောင်း ၊ မှတ်ပုံတင်စာချုပ်မိတ္တူ ၊ နှစ်ဦးအမည်ပေါက်လွှဲပြောင်းခြင်းမှတ်တမ်း မိတ္တူတို့ဖြင့်သာ လက်ခံဆောင်ရွက်ပေးခဲ့ခြင်းသည် ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း မြင်သာပါတယ် ”

“ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ဒေါ်မီမီမြင့်ဖူး လက်ရှိဖြစ်သည့်အပိုင်းကို ဦးလှမြင့်ဖူး၏ သဘောတူညီချက်မရရှိဘဲ နှစ်ဦးပူးတွဲအမည်ပေါက်မှ ဒေါ်မီမီမြင့်ဖူးတစ်ဦးတည်းအမည်ပေါက်အဖြစ် ၊ တစ်ဖက်သတ်မြေကွက်ခွဲဝေပေးခဲ့ခြင်းသည် ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း သုံးသပ်ခဲ့ပါတယ် ”

“ အမှုဖြစ်စဉ်မှာ ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ မြေတိုင်းရပ်ကွက် အမှတ် ၃၅ ဒီ ၊ မြေကွက်အမှတ် ၄၇ ဒီ/၁အေ ၊ ဧရိယာ ၀.၄၅၄ ဧကရှိ မြေသည် လျှောက်ထားသူ ဦးလှမြင့်ဖူးနှင့်လျှောက်ထားခံရသူ အမှတ် ၂ ဒေါ်မီမီမြင့်ဖူးတို့မှ မြန်မာဓလေ့ထုံးထမ်းနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်ခဲ့ပြီး ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်အမှတ် ၂၉၄၃ /၂၀၁၄ အရ မှတ်ပုံတင်ထားကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ၏ ၁၈.၉.၂၀၁၄ ရက်စွဲဖြင့် ဦးလှမြင့်ဖူးနှင့် ဒေါ်မီမီမြင့်ဖူးတို့နှစ်ဦး ပူးတွဲအမည်ပေါက် ပြောင်းလဲပိုင်ဆိုင်ခွင့် ရရှိခဲ့ကြကြောင်း ၊ အဆိုပါ ပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်းများကို ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ မြဝတီဘဏ်၏ လော်ကာအမှတ် ဒီ , ၃၄၂ တွင် နှစ်ဦးအပ်နှံကာ ၊ သော့တစ်ချောင်းစီကိုင်ဆောင်၍ နှစ်ဦးသဘောတူပြီး နှစ်ဦးအတူတကွ ထုတ်ယူမှသာ ဘဏ်မှ ထုတ်ယူခွင့်ပြုရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ် ”

“ အဆိုပါ နှစ်ဦးပူးတွဲအမည်ပေါက်မြေကွက်ကြီးတွင် အမှတ် ၉ ၊ အဆောက်အဦး တည်ရှိရာ အပိုင်းကို ဒေါ်မီမီမြင့်ဖူးက လျှောက်ထားသူအား အသိပေး အကြောင်းကြားခြင်းမရှိဘဲ ၊ အမည်ပေါက်လျှောက်ထားရန်အတွက် မြေကွက်ခွဲ ၊ မြေပုံကူးနှင့် မြေတိုင်းလျှောက်ထားခဲ့ကြောင်းကို သတင်းစာကြော်ငြာပါမှ သိရှိရသဖြင့် ၊ လျှောက်ထားသူမှ အထောက်အထားစာရွတ်စာတမ်းများဖြင့် တင်ပြကန့်ကွက်ခဲ့ကြောင်း ၊ လျှောက်ထားသူမှလည်း မြေကွက်ခွဲ ၊ မြေပုံကူးနှင့် မြေတိုင်းခွင့်ပြုရန်လျှောက်ထားခဲ့ရာ ၊ အဆိုပါ မြေကွက် ၄၇၁-ဒီ/၁ အေသည် မြေစာရင်းတွင် ခွဲစိတ်ပြီးဖြစ်ကြောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ၂၉.၄.၂၀၁၅ ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့လာကြောင်း ၊ နှစ်ဦးပူးတွဲအညီအမျှ ပိုင်ဆိုင်အကျိုးခံစားခွင့် ရှိသည်ကို ဆန့်ကျင်သွေဖီလှက် ၊ လျှောက်ထားသူ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ မြေကွက်များ ခွဲစိတ်ပြီးကြောင်း ၊ အကြောင်းကြားစာ ပေးပို့လာခြင်းသည် ဌာန၏ လုပ်ထုံးလုပ်နည်းမူဘောင်ကို ကျော်လွန်၍ တစ်ဖက်သတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သောကြောင့် ၊ အာဏပေး စာချွန်တော် အမိန့်ထုတ်ဆင့်ပေးသင့်ကြောင်း ဦးလှမြင့်ဖူးက လျှောက်ထားလာခြင်းဖြစ်ပါသည် ”

“ ထို့ကြောင့် ဤတရားမ အထွေထွေလျှောက်ထားမှုကို စရိတ်နှင့်တကွ ခွင့်ပြုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ၁၀.၄.၂၀၁၅ ရက်စွဲပါရုံးတွင်အမိန့်အမှတ် ၁၄၈၁ /၂၀၁၅ ဖြင့် မြို့မြေစာရင်းတွင် ပြင်ဆင်မှတ်သားရန် ညွန်ကြားခြင်း အမိန့်စာကို အာဏပိုင်မေး စာချွန်တော်အမိန့်ထုတ်ဆင့်ပယ်ဖျက်လိုက်ပါတယ် ”

“ အဲဒီဖြစ်စဉ်အတိုင်းကို နမူနာထားပြီး မာလာ့အနေနဲ့လည်း ၊ တစ်ဖက်သတ်မြေကွက်ခွဲဝေမှုကို အစ်ကိုဖြစ်သူ သဘောမတူဘဲနဲ့တော့ ၊ မဆောင်ရွက်ပါနဲ့ကွယ် ၊ အေးအေးဆေးဆေးနဲ့ ပြဿနာမဖြစ်ကြဘဲ ၊ မောင်နှမနှစ်ယောက်အတူ ယှဉ်တွဲနေသွားကြဖို့ကို တိုက်တွန်းပါရစေ ” ဟု အကြံပေးခဲ့ပါတော့သည် ။

Credit: ကြာညိုသင်း (ဥပေဒရေးရာအတိုင်ပင်ခံရှေ့နေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service