ငှါးရမ်းတိုက်ခန်းကို အိမ်ရှင်ခွင့်ပြုချက်မရဘဲ ပြင်ဆင် ၊ ထပ်ခိုးတင်ခြင်းပြုလို့ ရမရ

ငှါးရမ်းတိုက်ခန်းကို အိမ်ရှင်ခွင့်ပြုချက်မရဘဲ ပြင်ဆင် ၊ ထပ်ခိုးတင်ခြင်းပြုလို့ ရမရ - Property Knowledge in Myanmar from iMyanmarHouse.com
11 Sep 2018 12:59 pm တွင် တင်ခဲ့သည်
1375 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အပျောက်စနစ်နဲ့ ဝယ်ယူထားတာ မဟုတ်ဘဲ လစဉ်အိမ်လခပေးတဲ့ စနစ်နဲ့ စပေါ်ငွေတင်ပြီး အိမ်လခငှါးရမ်းတဲ့ အဆောက်အအုံတွေကို အိမ်ရှင် သဘောမတူဘဲ ပြင်ဆင်တာတွေ ၊ ထပ်မံငှါးရမ်းတာတွေ ပြုလုပ်လို့ မရပါဘူး ။ တိုက်ခန်းတွေမှာ အိမ်ခန်းဖွဲ့ပြင်ဆင်တာတွေထက် ပိုပြီး ထပ်ခိုးတပ်ဆင်တဲ့ကိစ္စတွေဟာ ဥပဒေမဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ် ။ အချို့တိုက်ခန်းအောက်ထပ်တွေမှာ မြို့တော်စည်ပင်သာယာရေးကော်မတီထံ လူနေခွင့်လျှောက်ထားတဲ့ အခါ တိုက်ခန်းထပ်ခိုမပါဘဲ မူလအိမ်ပုံစံအတိုင်း လျှောက်ကြပါတယ် ။ လူနေခွင့်လက်မှတ်ရမှ မှန်ခန်းထပ်ဖွဲ့ပြီး တစ်ထပ်ဆောင်ရွက်တာတွေ ရှိနေတယ်လို့ သိရပါတယ် ။ဒါကြောင့် သက်ဆိုင်တဲ့ ပုဒ်မ အရ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ (၁၀၈) ပိုဒ်ခွဲ (တ)မှာ အငှါးချထားသူ အိမ်ရှင်ရဲ့ သဘောတူညီချက်မရှိဘဲ ငှါးရမ်းနေထိုင်သူတွေအနေနဲ့ အငှါးချထားတဲ့ ပစ္စည်းအပေါ်မှာ အမြဲတမ်းအဆောက်အအုံ မဆောက်လုပ်ရလို့ ပြဋ္ဌာန်းထားတာတွေရှိတယ်လို့ သိရပါတယ် ။

တကယ်လို့ အိမ်ငှါးက တာဝန်ဖောက်ဖျက်ရင် မြို့ပြဆိုင်ရာ ငှါးရမ်းခ ကြီးကြပ်ရေးဥပဒေ (၁၂ ) (၁) (က) အရ အိမ်ငှါး တာဝန်ဖောက်ဖျက်မှုနဲ့ တရားစွဲဆို နှင်ချပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် အိမ်ရှင်သဘောတူချက် မရှိဘဲ ထပ်ခိုးဆောက်လုပ်တာဟာလည်း အိမ်ငှါးတာဝန်ဖောက်ဖျက်တာကြောင့် အိမ်ရှင်မှာ အိမ်ငှါးကို မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးဥပဒေပုဒ်မ ၁၂ (၁) (က) အရ နဲ့ နှင်ထုတ်ခွင့်ရှိတယ် ။ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်လျှောက်ထားရင် (မြေရှင် ) (အိမ်ရှင် ) ရဲ့သဘောတူညီချက်တွေရှိရမှာ ဖြစ်ပြီး အပြန်အလှန်နားလည်းမှုတွေ လိုအပ်ပါတယ်။ Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service