Golden City က ပိုမိုခေတ်မီဆန်းသစ်သည့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများအား ရန်ကုန်အိမ်ယာဈေးကွက်သို့မကြာမီ မိတ်ဆက်ပေးမည်

Golden City က ပိုမိုခေတ်မီဆန်းသစ်သည့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများအား ရန်ကုန်အိမ်ယာဈေးကွက်သို့မကြာမီ မိတ်ဆက်ပေးမည် - Property News in Myanmar from iMyanmarHouse.com
24 Aug 2018 11:22 am တွင် တင်ခဲ့သည်
3234 ကြိမ် ကြည့်ရှု့ပြီး

ဆုများစွာရရှိထားသည့် အဆိုပါအိမ်ရာစီမံကိန်းသည် ၎င်း၏ပထမဆုံးသော Customer များအား မကြာမီပေးအပ်မည့် Phase 2 တိုက်ခန်းများ၏ တမူထူးခြားသော ဒီဇိုင်းများကို ခင်းကျင်းပြသထားသည့် showroom အားဖွင့်လှစ်ခဲ့သည်

- PropertyGuru Myanmar Property Awards 2018 ဆုပေးပွဲတွင် ဆုလေးဆု ဆွတ်ခူးခဲ့သည့် Golden City သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောက်လုပ်ပြီးစီးခဲ့သည့် အဆင့်မြင့်အိမ်ရာ စီမံကိန်းဖြစ်ပြီး ယနေ့တွင် ၎င်း၏ Phase 2 နေအိမ်တိုက်ခန်းများကို ပြသမိတ်ဆက်ပေးခဲ့ကာ လာရောက်လေ့လာသူ customer များအနေနှင့် အဆိုပါတိုက်ခန်းများတွင် နေထိုင်ရသည့် အတွေ့အကြုံ အစစ်အမှန်ရရှိစေမည့် showroom အား ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ Golden City Phase 2 သည် စုစုပေါင်း စတုရန်းမီတာ ၅၅,၀၀၀ ကျယ်ဝန်းပြီး ခေတ်မီဆန်းသစ်သော အခန်းတွင်း အလှဆင် ဒီဇိုင်းများနှင့် ဖန်တီးတည်ဆောက်ထားသည့် လူနေအိမ်ခန်းတာဝါ ၃ လုံးပါရှိပါသည်။ နေထိုင်သူများအတွက် ရန်ကုန်မြို့ထဲ၌ပင် သက်တောင့်သက်သာ နှင့် လွယ်ကူအဆင်ပြေသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် Ever-FIT fitness စင်တာ၊ ရေကူးကန်၊ အများသုံးမီးဖိုချောင်နှင့် ပြင်သစ်စတိုင်ဥယျာဉ်များကို ထည့်သွင်းတည်ဆောက်ပေးထားပါသည်။

အဆိုပါအိမ်ရာစီမံကိန်းသည် Golden City ပရောဂျက်အကြောင်းလေ့လာလိုသည့် နေထိုင်သူများနှင့် customer များအတွက် Showroom အသစ်အား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းအား ပထမတန်းစား ဗိသုကာဒီဇိုင်းများ၊ အဆင့်မြင့် အခန်းတွင်းအလှဆင်မှုများ နှင့် အရည်အသွေးမြင့်မားသည့် အသုံးအဆောင်ပစ္စည်းများကို ထည့်သွင်းတည်ဆောက်ထားသဖြင့် တခြားမည်သည့်နေရာတွင်မှ မရနိုင်သည့် နေထိုင်မှုအတွေ့အကြုံတစ်ခုကို ခံစားရရှိနိုင်စေမည်ဖြစ်သည်။

“ကျွန်တော်တို့ Golden Cityကို စီးပွားရေးလုပ်ငန်းတွေနဲ့ နေထိုင်သူတွေ အားလုံးနှင့် သင့်တော်တဲ့ ကွန်ဒိုမီနီယံဆိုင်ရာ အထောက်အကူပစ္စည်းကောင်းများအသုံးပြုပြီး အသေးစိတ်ဒီဇိုင်းဆွဲ တည်ဆောက်ပေးထားတာကြောင့် သူမတူတဲ့ လူနေမှုဘဝကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနှင့် ကမ္ဘာ့ထိပ်တန်း ဗိသုကာပညာဒီဇိုင်းများနှင့် အရည်အသွေးမြင့်မားကောင်းမွန်တဲ့ အခန်းတွင်းအလှဆင်မှုများထည့်သွင်းထားတဲ့ Phase 2 တိုက်ခန်းများကို မကြာခင်မိတ်ဆက်ပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။” ဟု Golden Land Real Estate Development Co., Ltd, ၏ Vice President နှင့် Marketing Director ဖြစ်သူ Mr. Alex Lee မှပြောကြားသည်။

Golden City သည် PropertyGuru Myanmar Property Awards 2018 ဆုပေးပွဲတွင် မြန်မာနိုင်ငံ၏ ထိပ်တန်းအဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး၊ ‘Best Condominium Development’, ‘Best Mixed-Use Development’ နှင့် 'Best Landscape Design and Corporate Social Responsibility (CSR) Developer’ အစရှိသော ဆု ၄ ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ The PorpertyGuru Myanmar Property Awards ဆုပေးပွဲသည် ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သော ဒေသဆိုင်ရာ PropertyGuru Asia Property Awards programme ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

Golden City စီမံကိန်း

Golden City သည် Golden Land Real Estate Development Co. Ltd, မှ ၂၀၁၄ခုနှစ် မတ်လတွင် စတင်တည်ထောင်မိတ်ဆက်ခဲ့သည့် အဆင့်မြင့်လူနေအိမ်ရာနှင့် စီးပွားရေးဘက်စုံသုံးအထွေထွေစီမံကိန်း တစ်ခုဖြစ်ပြီး၊ ရန်ကုန်မြို့တွင် ပထမဦးဆုံးဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ဒိုမီနီယံစီမံကိန်းဖြစ်ပါသည်။ အဆိုပါ အဆင့်မြင့် ကွန်ဒိုအိမ်ရာသည် ပတ်ဝန်းကျင်အားသာချက်များစွာရှိပြီး သွားလာရလွယ်ကူအဆင်ပြေသော ရန်ကုန်မြို့၏ စီးပွားရေးအချက်အချာဖြစ်သည့် ရန်ကင်းမြို့နယ်တွင်တည်ရှိပါသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို အဆင့် ၄ဆင့်နှင့် ရုံးခန်းတာဝါတစ်ခု ဟူ၍ခွဲခြားသတ်မှတ်ထားပါသည်။

Golden City အကြောင်း

Golden City သည် Singapore Exchange Securities Trading Limited ၏ Catalist board ၌ မှတ်ပုံတင်ထားသည့် ETC SINGAPORE LTD ၏ အဖွဲ့ဝင် Golden Land Real Estate Development Co.Ltd မှ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဖော်ဆောင် ထားသော ပရောဂျက်တစ်ခု ဖြစ်ပါသည်။ Golden City ပရောဂျက်ကို ၂၀၁၄ ခုနှစ် မတ်လက စတင်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉၀ သန်း ပါဝင်သည့် ရန်ကုန်မြို့မှ ပထမဦးဆုံးတည်ဆောက်ပြီးစီးထားသည့် အထူးကွန်ဒိုမီနီယံ တစ်ခုလည်းဖြစ်ရာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သီးသန့် အထက်တန်းလွှာလူနေမှုပုံစံကို ဖော်ဆောင်ပေးသွားမည့် ဦးဆောင် အိမ်ရာဖော်ဆောင်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။

The Golden City ကွန်ဒိုမီနီယံသည် မြို့တော်ရန်ကုန်၏ ကျက်သရေဆောင် ရွှေတိဂုံဘုရားအား ဖူးတွေ့နိုင်မည့် ရင်သပ်ရှုမော ဖွယ်လှပသည့် အင်လျားကန်အနီးတွင် တည်ရှိပါသည်။ ကမ္ဘာ့အဆင့်မီ ဗိသုကာမြောက် လူနေအဆောက်အအုံဒီဇိုင်းပုံစံနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ရေကူးကန်တစ်ခု၊ အားကစားခန်းမတစ်ခုနှင့် ကလေးကစားကွင်းတစ်ခုတို့အပါအ၀င် အခြားသော အဆင့်မြင့်ဝန်ဆောင်မှုများ ပါဝင်ပါသည်။ ထို့ပြင် စီးပွားရေးအချက်ချာကျပြီး သန့်ရှင်းလှပသောလမ်းမပေါ်တွင် တည်ရှိကာ A အဆင့်ရှိ ရုံးခန်းနေရာများ၊ ဇိမ်ခံဟိုတယ်တစ်ခု၊ အဆင့်မြင့်တိုက်ခန်းများနှင့် ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Golden City က ပိုမိုခေတ်မီဆန်းသစ်သည့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများအား ရန်ကုန်အိမ်ယာဈေးကွက်သို့မကြာမီ မိတ်ဆက်ပေးမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း...
Twilight ရုပ်ရှင်ကားများတွင် Bella Swan ၏ နေအိမ်အဖြစ် အသုံးပြုခဲ့သော စံအိမ် အငှားဈေးကွက် တွင်ရှိနေပြီး အားလပ်ရက် အပန်းဖြေလိုသူများ ငှားရမ်းတည်းခိုနိုင်၊ သို့သော် Twilight အမာခံပရိသတ်များ စိတ်မကောင်းစရာ သတင်းတစ်ခုရှ...

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြောခဲ့မှုအပေါ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချ...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာန် ဆောက်လုပ်မည့် ဒေါ်လာ သန်း ၅၀ တန် အံ့မခန်း စံအိမ်ကြီး...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်
ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
Magical World
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service