ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ တော်မီ ဟေးလ်ဖစ်ဂါ၏ ဂရင်းဝစ်ခ်ျစံအိမ်ကြီး ကန်ဒေါ်လာ ၆ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တော်မီ ဟေးလ်ဖစ်ဂါ၏ စံအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊
ကွန်နက်တီကပ်ပြည်နယ်၊ ဖဲရ်ဖီးခရိုင်ရှိ ဂရင်းဝစ်ခ်ျအမည်ရှိ မြို့ကလေးတွင်
ဖြစ်သည်။
ဟေးလ်ဖစ်ဂါတစ်ချိန်က နေထိုင်ခဲ့ဖူးသော အဆိုပါစံအိမ်ကြီးတွင် အိပ်ခန်း ၇
ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။
ဂရင်းဝစ်ခ်ျမြို့၊ ရေးဗားစ်ဗီလ်လမ်း၊ အမှတ် ၅၇၈ တွင် တည်ရှိပြီး မြေအကျယ်
အဝန်း ၄ ဒသမ ၆ ဧကရှိကာ နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၉၇၃၃ ရှိသည်။
Appleyard Estate ဟု အမည်ပေးထားသည့် စံအိမ်ကြီးသို့ ကျောက်စရစ်လမ်းမှ ကားမောင်းဝင်နိုင်ပြီး ရေကူးကန်၊ တင်းနစ်ကွင်းနှင့် အိမ်တွင်းရုပ်ရှင်ရုံတို့
ပါဝင်သည်။
အဆိုပါနေအိမ်ကြီးတွင် တော်မီ ဟေးလ်ဖစ်ဂါ၏ reality shows များဖြစ်သော CBS မှ ထုတ်လွှင့်သည့် “The Cut” နှင့် MTV မှ ထုတ်လွှင့်သော “Rich Girls” အစီအစဉ်များ ရိုက်ကူးခဲ့ဖူးသည်။
ယင်းအစီအစဉ်တွင် စံအိမ်ကြီးအတွင်းရှိ ပရော်ဖက်ရှင်နယ် အသုံးပြုနိုင်သော အသံဖမ်းစတူဒီယိုတစ်ခုကိုလည်း ထည့်သွင်းရိုက်ကူးခဲ့ သေးသည်။
၁၉၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မြေညီထပ်တွင် နေစာလှုံ မှန်ခန်း၊ ညစာစားခန်းနှင့် လသာဆောင်တစ်ခုတို့ ပါဝင်သည်။
တော်မီ ဟေးလ်ဖစ်ဂါက လက်ရှိပိုင်ရှင်ကို ၂၀၀၆ ခုနှစ်တွင် ကန်ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)