အခွန်ဘယ်လို ပေးဆောင်ကြမလဲ

အခွန်ဘယ်လို ပေးဆောင်ကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
12 Mar 2018 12:49 pm တွင် တင်ခဲ့သည်
8212 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများ၊ မြေ ၊ အိမ်၊ တိုက်ခန်း၊ အဆောက်အအုံ အစရှိသည့် အခြေပစ္စည်းများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်း/လက်ခံခြင်း ၊ တည်ဆောက်ခြင်း ၊ ပြုပြင်ခြင်းများအတွက် ဝင်ငွေခွန်နှင့်တံဆိပ်ခေါင်းခွန် ပေးဆောင်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁။ ရန်ကုန်မြို့နှင့်မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များအတွင်းရှိ အခြေပစ္စည်းဖြစ်ပါက တိုင်းဒေသကြီးကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့သို့လည်းကောင်း၊ ရန်ကုန်နှင့်မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ်များနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအတွင်းရှိ အခြေပစ္စည်းဖြစ်ပါက မြို့နယ်ကာလ တန်ဖိုးစိစစ်ရေး အဖွဲ့ (မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ) ထံသို့လည်းကောင်း အောက်ပါ စာရွက်စာတမ်း အထောက်အထားများတင်ပြ၍ ဝယ်ယူခြင်း၊ ရောင်းခြခြင်း၊ လွှဲပြောင်း/လက်ခံခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း ပြုလုပ်မည့် အခြေပစ္စည်းများအား ကာလတန်ဖိုးသတ်မှတ်ချက် ရယူရမည် ဖြစ်ပါသည်။

(က) ရောင်းဝယ်ခြင်း ဖြစ်ပါက နှစ်ဦးသဘောတူအရောင်းအဝယ်စာချုပ် (မူကြမ်း) မူရင်းနှင့်မိတ္တူ

(ခ) တည်ဆောင်ခြင်းဖြစ်ပါက မြို့တော်/မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဆောင်လုပ်ခွင့်အမိန် မူရင်းနှင့်မိတ္တူ ၊ အဆောက်အဦ ဆောက်လုပ်မည့် ပုံကြမ်းနှင့်ကုန်ကျစရိတ် အသေးစိတ်တွက်ချက်မှု မူရင်းနှင့် မိတ္တူ။

(ဂ) လွှဲပြောင်းပေးခြင်းဖြစ်ပါက ပေးကမ်းခြင်းစာချုပ်(မူကြမ်း) မူရင်း၊ မိတ္တူနှင့်အခြား အမွေစားအမွေခံများရှိပါက ၎င်းတို.၏သဘောတူညီချက် ကျမ်းကျိန်လွှာမူရင်း၊ မိတ္တူ

(ဃ) လွှဲပြောင်း၊ ရောင်းချရန်ကိစ္စအတွက် တစ်နှစ်အတွင်း ထုတ်ယူထားသည့် မြေပိုင်ဆိုင်မူအထောက်အထား ပုံစံ ၁၀၅/၁၀၆ မူရင်းနှင့်မိတ္တူ၊ မြေငှားဂရန်ရှိပါက ဂရန်မူရင်းနှင့်မိတ္တူ

(င) ဝယ်ယူသူ၊ တည်ဆောက်သူ၊ လွှဲပြောင်းရယူမည့်သူ၏ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားမူရင်းနှင့်မိတ္တူ၊ အခြေပစ္စည်း၏ ရှေ့၊ နောက်၊ ဘေးဓာတ်ပုံ

(၂) ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ပေးသည့်တန်ဖိုးအပေါ် အခွန်ဆိုင်ရာ ရှင်းလင်းခြင်းနှင့် ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များ ထမ်းဆောင်နိုင်ရေးအတွက် အခြေပစ္စည်း တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ်၍ အောက်ပါအတိုင်း ဆက်လက် ဆောင်ရွက်ရမည်။

(က) အခြေပစ္စည်း ဝယ်ယူခြင်း သို့မဟုတ် တည်ဆောက်ခြင်း ဖြစ်ပါက သတ်မှတ်ကာလတန်ဖိုးအပေါ် ဝင်ငွေရလမ်း အထောက်အထား အတိအကျ တင်ပြနိုင်ပါက ယင်းအထာက်အထားများ တင်ပြပြီး ဝင်ငွေ စိစစ်မှုခံယူရန်၊ တင်ပြနိုင်ခြင်း မရှိပါက သတ်မှတ်အခွန်နှုန်းဖြင့် ကျသင့်အခွန်ကို ပေးသွင်းရန်၊

(ခ) ကျသင့်အခွန်နှုန်းမှာ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေအရ သက်သာခွင့်များ မနှုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံသား မည်သူမဆို အခြေပစ္စည်း တစ်ရပ်ဝယ်ယူခြင်း၊ တည်ဆောင်ခြင်း၊ ရယူခြင်းအတွက် တစ်ဦးလျင် တစ်ကြိမ်သာ ခံစားခွင့်ရှိပြီး၊ အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် အောက်ပါအခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပါသည် -

(ဂ) မေတ္တာဖြင့် ပေးကမ်းခြင်း ဖြစ်ပါက ပေးကမ်းသည့် အထောက်အထားများ တင်ပြ၍ မေတ္တာဖြင့်ပေးကမ်းခြင်းနှင့် အကျုံးဝင်ခြင်း ရှိ/မရှိ စိစစ်မှုခံယူရန်၊ မေတ္တာဖြင့် ပေးကမ်းခြင်းအတွက် ဝင်ငွေခွန် ပေးဆောင်ရန် မလိုပါ။

(ဃ) မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည့် နှုန်းထားမှာ သတ်မှတ်တန်ဖိုးအပေါ်တွင် ၅ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဖြစ်ပါသည်။

(င) ဝင်ငွေရလမ်း စိစစ်မှုခံယူခြင်း၊ ကျသင့်ဝင်ငွေခွန် ပေးသွင်းခြင်း အစရှိသည့် အခွန်ဆိုင်ရာ စိစစ်မှု ခံယူပြီးဖြစ်ပါက ချုပ်ဆိုမည့် စာချုပ်စာတမ်း အမျိုးအစားအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်း တန်ဖိုးအတိုင်း တံဆိပ်ခေါင်းများ ဝယ်ယူ၍ စာချုပ်တွင် ကပ်နိုင်ခြင်းဖြင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန်နှင့် တံဆိပ်ခေါင်းခွန် နှုန်းထားမှာ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။

၃။ ချုပ်ဆိုမည့် စာချုပ်စာတမ်းအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး ဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ပြီးသည့် စာချုပ်စာတမ်းနှင့်အတူ ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ (သို့မဟုတ်) မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (သို့မဟုတ်) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝယ်ယူသူ (သို့မဟုတ်) လွှဲပြောင်းရယူသူ၏ အမည်ပေါက်၊ နာမည်ပြောင်းခြင်းကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၎။ တည်ဆောက်ခြင်း ဖြစ်ပါက အခွန်ဆိုင်ရာ လိုက်နာဆောင်ရွက်ပြီးကြောင်း အထောက်အထား ဖြင့် လူနေထိုင်ခွင့် ခွင့်ပြုမိန့် ရယူဆောင်ရွက်ရမည် ဖြစ်ပါသည်။

Credit: Win Naing Land

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service