ပုသိမ်မြို့ကို ဗဟိုပြု၍ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များပါဝင်သည့် စီမံကိန်းတခုကို ဒေါ်လာဘီလီယံ ၅၀၀ အကုန်အကျခံ၍ ပြုလုပ်သွားမည်

ပုသိမ်မြို့ကို ဗဟိုပြု၍ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များပါဝင်သည့် စီမံကိန်းတခုကို ဒေါ်လာဘီလီယံ ၅၀၀ အကုန်အကျခံ၍ ပြုလုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
27 Feb 2018 11:15 am တွင် တင်ခဲ့သည်
5724 ကြိမ် ကြည့်ရှု့ပြီး
ပုသိမ်မြို့ကိုအခြေပြု၍ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များပါဝင်သည့် စီမံကိန်းတခုကို အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ အကုန် အကျခံကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သိရသည်။

စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်များအပြင် ရန်ကုန်မှပုသိမ်သို့ ဖောက်လုပ်ထားသော မီးရထားလမ်းကို ချဲ့ထွင်ကာ ကားလမ်း၊ ရထားလမ်းသစ်ဖောက်လုပ်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း ဓနစံရာဆောက် လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင် ဦးရဲလင်းက ဖေဖော်ဝါရီ ၂၂ ရက်၌ News Watch သို့ ပြောသည်။

''ကုန်ကျစရိတ်က ဒေါ်လာဘီလီယံ ၅၀၀ အထိ မှန်းထားတယ်။ လမ်းတင် မဟုတ်ဘူး။ စက်မှုမြို့တော်၊ နောက်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ Smart City၊ ပင်လယ်ရေနက်ဆိပ်ကမ်း၊ အဲဒါမျိုးတွေပါမယ်။ အပိုင်း တနှစ်သုံးနဲ့ သွားမှာပေါ့။ စုစုပေါင်းကုန်ကျစရိတ်က ဘီလီယံ ၅၀၀ လောက် ရင်းနှီးမြှုပ်နှံရမှာ။ ဒါကြောင့် ကျွန်တော်တို့ကလည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဒီကိစ္စဆွေးနွေးနေတာပေါ့။ လက်ရှိ ဖြစ်နိုင်ခြေရှိ၊ မရှိ ဆန်းစစ်မှု ကိုရီးယားနဲ့ လုပ်နေတယ်''ဟု ၎င်းက ပြောသည်။

ယခင်က ရန်ကုန်မြို့မှ ပုသိမ်သို့ မိုးပျံလမ်းစီမံကိန်းတခု ဖောက်လုပ်သွားမည့်အစီအစဉ်တခုရှိခဲ့သော်လည်း ကုန်ကျ စရိတ်များပြားသည့်အတွက် ယခုအခါ ရန်ကုန်မြို့မှ ပုသိမ်သို့ ဖောက်လုပ်ထားသော လက်ရှိမီးရထား လမ်းကိုချဲ့ထွင်ကာ ကားလမ်းသစ်တခုဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''မိုးပျံလမ်းအတွက် ဖြစ်နိုင်ခြေရှိ၊ မရှိအကြို လေ့လာဆန်းစစ်မှုတွေလုပ်ထားတယ်။ လက်ရှိမီးရထားလမ်းကို ချဲ့မှာပေါ့။ လမ်းကိုမြေဖို့ ထပ်ချဲ့ပြီး ကားလမ်းရော၊ ရထားလမ်းရောသုံးမယ်။ အဲဒီလမ်းကိုနှစ်မျိုးတွက်တယ်။ ကျွန်တော်တို့ မိုးပျံလမ်းလုပ်ရင် ပိုက်ဆံတွေပိုကုန်မှာပေါ့နော်။ ဒါကြောင့် ပြည်ထောင်စုအစိုးရကို တင်ပြတဲ့ အခါမှာ လက်ရှိလမ်းကို လူကြီးတွေက ပိုလုပ်စေချင်တယ်။ ဒါကြောင့်မို့ မီးရထားလမ်းကိုချဲ့ပြီးတော့ ကားလမ်း၊ ရထားလမ်းဖောက်ပြီးလုပ်မယ့် လမ်းအသစ်ကိစ္စကို လုပ်နေတာ''ဟု ဦးရဲလင်းက ပြောသည်။

လက်ရှိအချိန်တွင် လမ်းသစ်လုပ်ငန်းတိုးတက်မှုနှုန်းသည် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းအတွက် ဧရာဝတီတိုင်းရှိ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များအသင်း MCEA နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနများနှင့်ချိတ်ဆက်၍ ငွေကြေးတွက်ချက်မှုများပါသည့်အတွက် MCD Myanmar Construction Develop-ment Public Company မှ အဓိကလုပ်ဆောင်နေကြောင်း သိရသည်။ ထို့အပြင် စီမံကိန်းစတင်ဆောင်ရွက်ရာ၌ အစိုးရနှင့် EU ကုမ္ပဏီများ၊ ဂျပန်ကုမ္ပဏီများပါ ပါဝင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းသည် နိုင်ငံတော်နှင့် အများပိုင်ကုမ္ပဏီများအတွက် အကျိုးအမြတ်ရှိမည်ဖြစ်ပြီး ပြည်သူလူထုအတွက်လည်း အထောက်အကူဖြစ်မည်ဖြစ်ကြောင်း စီမံကိန်းတည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ ရန်ကုန်၌ လူဦးရေများပြားနေခြင်းကို ဧရာဝတီတိုင်းသို့ ဖြန့်ချပေးခြင်းဖြစ်ကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service