စည်ပင်ဖြိုတော့မည့် တိုက်ခန်း မဝယ်မိရလေအောင်

စည်ပင်ဖြိုတော့မည့် တိုက်ခန်း မဝယ်မိရလေအောင် - Property Knowledge in Myanmar from iMyanmarHouse.com
1 Nov 2017 11:37 am တွင် တင်ခဲ့သည်
1509 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တိုက်ခန်းဝယ်မယ်ဆိုရင် ခွင့်ပြုချက်မဲ့နဲ့ တရား မဝင် တည်ဆောက်ထားတဲ့ တိုက်တွေရှိတာကြောင့် စိစစ်ပြီးမှ ဝယ်ယူသင့် တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန် ရှိသူတစ်ဦးက တိုက်ခန်းဝယ်မယ်ဆိုရင် ရောင်းမယ့်သူ၊ ရောင်းမယ့်ကန်ထရိုက်ကို ပါမစ်မိတ္တူနဲ့ BCC (လူနေထိုင်ခွင့်ပါမစ်) ပြခိုင်းပါ၊ ပါမစ်ရှိရင် ပြနိုင် တယ်၊ ပါမစ်မရှိရင် မပြနိုင်ဘူး၊ အဲဒီအခန်းမျိုးမဝယ်နဲ့ပေါ့ လို့ ပြောပါတယ်။

ဆောက်နေတဲ့အချိန်မှာလည်း စည်ပင်က ခွင့်ပြုတဲ့ ဆိုင်းဘုတ်အစိမ်းရောင် ထောင်ထားရင် တရားဝင်ဆောက်လုပ်တာ ၅၀ ရာခိုင်နှုန်း သေချာပါတယ်။ ဆိုင်းဘုတ်အစိမ်းကို အတုထောင်တာတွေရှိတတ်တာကြောင့် စည်ပင်ဝက်ဘ် ဆိုက်ထဲမှာ အဲသည် အဆောက်အအုံရဲ့ လိပ်စာကို ရိုက်ထည့်လိုက်ရင် ခွင့်ပြုပေးထားရင် အဲသည် လိပ်စာပေါ်လာမယ်။ ခွင့်ပြုတာ မရှိရင်တော့ မပေါ်ဘူးလို့ သိရပါတယ်။

တရားဝင်တည်ဆောက်ဖို့ ခွင့်ပြုတဲ့ ပါမစ်မိတ္တူတွေကို မြို့နယ်အုပ်ချုပ်ရေး မှူးတွေကိုလည်း ပေးထားတာကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှာလည်း စုံစမ်းနိုင်ပါတယ်

ဈေးနှုန်းကွာခြားချက်ကြောင့် တရားမဝင်တိုက်ခန်းတွေကို ဝယ်ကြတယ်၊ တရားဝင်တိုက်ခန်းက လက်ရှိ သင်္ဃန်းကျွန်းဘက်မှာ ကျပ်သိန်း ၂၅၀ လောက် ပေါက်တယ်၊ တရားမဝင်တိုက်ခန်းတွေက ကျပ်သိန်း ၁၀ဝ လောက်သာရှိတယ် လို့ နောင်ဦး အိမ်ခြံမြေအကျိုးဆောင်မှ ဦးမြင့်ဦးက ပြောပါတယ်။

တရားမဝင်ခွင့်ပြုချက်မဲ့ တည်ဆောက်တဲ့တိုက်ခန်းဝယ်မိရင် လျှပ်စစ်မီတာ လျှောက်ထားလို့ မရသလို မြေညီထပ်တွေဆိုရင်တော့ လုပ်ငန်းလိုင်စင် လျှောက်ခွင့်နဲ့ ဆိုင်းဘုတ်ထောင်ခွင့်မရဘူးလို့ သိရပါတယ်။

စည်းကမ်းမဲ့ တည်ဆောက်တာတွေများလာတာကြောင့် လက်ရှိရန်ကင်းက
ခွင့်ပြုချက်မဲ့ အဆောက်အအုံသုံးလုံးကို ဖြိုခဲ့သလို စံနမူနာဖြစ်ဖို့ သင်္ဃန်းကျွန်းဘက်မှာလည်း ဖြိုဖို့စီစဉ်နေပါတယ်။ စံနမူနာပြ ဖြိုမယ့်တိုက်ခန်းမဝယ်မိအောင်စုံစမ်းစစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။

ခွင့်ပြုချက်မဲ့တည်ဆောက်တဲ့ အဆောက်အအုံတွေက အရှေ့ပိုင်းခရိုင်မှာ ၆၀၂ လုံး၊ အနောက်ပိုင်းခရိုင်မှာ ၉၉ လုံး၊ တောင်ပိုင်းခရိုင်မှာ ၁၂၄ လုံးနဲ့ မြောက်ပိုင်းခရိုင်မှာ ၃၃၂ လုံးအထိ ရှိပြီး ခွင့်ပြုချက်ထက် ကျော်လွန်တည်ဆောက်တဲ့ အဆောက်အအုံ ၅၅ လုံးအထိ ရှိခဲ့တယ်လို့ ၂၀၁၃ ခုနှစ် စာရင်းတွေအရ
သိရပါတယ်။

Credit : Property Journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service