ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေး၏ နယူးယောက်မြို့ လယ် ကွန်ဒိုခန်းရောင်းထွက်ပြီ

ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေး၏ နယူးယောက်မြို့ လယ် ကွန်ဒိုခန်းရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
2 Oct 2017 1:23 pm တွင် တင်ခဲ့သည်
1524 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေးပိုင်ဆိုင်သော အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ လယ်၊ မန်ဟက်တန်အရပ်ရှိ ကွန်ဒိုခန်း ရောင်းထွက်သွားပြီဖြစ်သည်။

ဆပ်တန်ပဲလေ့စ်ကွန်ဒိုရှိ လူနေခန်းကို ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ သန်းစွန်းစွန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခုရောင်းထွက်သွားသည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉ ဒသမ ၉၅ သန်းဖြင့် ဖြစ်သောကြောင့် ၅ သန်းနီးပါး မြတ်စွန်းခဲ့သည်။

အခန်းအကျယ်မှာ ၂၆၆၉ စတုရန်းပေရှိပြီး ထောင့်ခန်းဖြစ်သည်။မျက်နှာကျက်မှာ ၁၁ ပေခန့်အထိမြင့်မားပြီး အဖြူရောင်ဝက်သစ်ချသား ကြမ်းခင်းများ ခင်းကျင်းထားသည်။ဈေးကွက်တင်ခဲ့သည့် ကုမ္ပဏီမှာ ဒီဘိုရာ ဂရပ်ဘ်မန်းမှဖြစ်သည်။

ဘီယွန်းစေးက မန်ဟက်တန်ကွန်ဒိုခန်းကို ယခုနှစ် ဇွန်လလယ်ပိုင်းတွင် ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
နေအိမ်ခန်း ဝယ်ယူရန် ပထမဆုံးစုံစမ်းသူနှင့် ဝယ်ယူသူမှာ တစ်ဦးတည်းဖြစ်ကြောင်း ဝယ်လက်ကိုယ်စားပြု အကျိုးဆောင် ဗစ်တိုးရီးယား ရှတိန်နာက ပြောကြားသည်။

ဝယ်လက်က ကွန်ဒိုခန်းကြည့်ရှုပြီး နှစ်ရက်အတွင်း အရောင်းအဝယ်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ ပိုင်ရှင်မှာ ဘီယွန်းစေးဖြစ်သည်ကိုပင် မသိရှိခဲ့ကြောင်း အကျိုးဆောင် ဗစ်တိုးရီးယားက ဆိုသည်။
အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘီယွန်းစေးသည် ရက်ပါ ဂျေးဇက်နှင့် လက်မထပ်မီက ယခုကွန်ဒိုခန်းကို ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

သတင်းများအရ ဘီယွန်းစေးတို့ စုံတွဲသည် လော့စ်အိန်ဂျလိရှိ နေအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၈၈ သန်းဖြင့် ဝယ်ယူခဲ့သည့်အပြင် အရှေ့ ဟမ့်ပ်တန်ရှိ နေအိမ်တစ်လုံးကိုလည်း ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူထားခဲ့သေးသည်။

ကန်ဒေါ်လာ သန်း ၉၀ နီးပါးတန်ကြေးရှိသည့် နေအိမ်ကြီးမှာ ကျည်ကာမှန်များတပ်ဆင်ထားသည်ဟု ဆိုသည်။ အဆိုပါသတင်းကို iMyanmarHouse.com တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/654192 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

ထို့အပြင် လော့စ်အိန်ဂျလိရှိ အခြားနေအိမ်တစ်လုံးကိုလည်း အငှား-တစ်လလျှင် ဒေါ်လာ ၄ သိန်း၊ အရောင်း ၅၄ သန်းကျော်ဖြင့် ဈေးကွက်တင်ခဲ့သည့် သတင်းကိုလည်း တင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/629925 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေး၏ နယူးယောက်မြို့ လယ် ကွန်ဒိုခန်းရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေး၏ နယူးယောက်မြို့ လယ် ကွန်ဒိုခန်းရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေး၏ နယူးယောက်မြို့ လယ် ကွန်ဒိုခန်းရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေး၏ နယူးယောက်မြို့ လယ် ကွန်ဒိုခန်းရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် ဘီယွန်းစေး၏ နယူးယောက်မြို့ လယ် ကွန်ဒိုခန်းရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service