သောမတ်စ်အက်ဒီဆင်၏ အောင်မြင်မှုသင်ခန်းစာများ

သောမတ်စ်အက်ဒီဆင်၏ အောင်မြင်မှုသင်ခန်းစာများ - Property Knowledge in Myanmar from iMyanmarHouse.com
1 Sep 2017 12:15 pm တွင် တင်ခဲ့သည်
1760 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

သောမတ်အက်ဒီဆင်လို့ ပြောလိုက်တာနဲ့ ကမ္ဘာကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ နာမည်ကျော် တီထွင်သူ၊ သိပ္ပံပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် သိပြီးသားဖြစ်မှာပါ။ ဓာတ်စက်၊ ရုပ်ရှင်ကင်မရာနဲ့ နေ့စဉ်သုံး လျှပ်စစ်မီးလုံးတို့က အက်ဒီဆင်ရဲ့ ထင်ရှားကျော်ကြားလှတဲ့ တီထွင်မှုတွေပဲဖြစ်ပါတယ်။ အက်ဒီဆင်ဟာ သမိုင်းကြောင်းတစ်လျှောက်မှာ တီထွင်မှုအများဆုံး ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန်၊ ပြင်သစ်၊ ဗြိတိသျှပြည်ထောင်စုနဲ့ ဂျာမနီနိုင်ငံတို့မှာ သူ့နာမည်နဲ့ မူပိုင်ခွင့်ပေါင်း ထောင်နဲ့ချီပြီး ရှိပါတယ်။ ဒီလိုအောင်မြင်ကျော်ကြားတဲ့ သိပ္ပံပညာရှင် သောမတ်အက်ဒီဆင်ဆီ ပြောခဲ့တဲ့ အောင်မြင်မှု သင်ခန်းစာတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ မဖြစ်နိုင်တာ မရှိပါဘူး။
“စိတ်ကူးကို အကောင်အထည်ဖော်နိုင်သူတိုင်းဟာ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကို ကြုံတွေ့ရတဲ့အခါ စိတ်ပျက်အားငယ်တတ်ကြတယ်။ ဒီနေရာက စိတ်ပျက်အားငယ်နေရမယ့် နေရာမဟုတ်ဘူး”
မဖြစ်နိုင်ဘူးဆိုတာက စိတ်ပျက်စရာမဟုတ်ပါဘူး။ မဖြစ်နိုင်ဘူးဆိုတာတွေက အောင်မြင်မှုနဲ့ ကျောချင်းကပ်လို့ ဆိုနိုင်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့အတားအဆီးတွေကို ကျော်ဖြတ်နိုင်ရင် အောင်မြင်မှုက သင့်အတွက်ပါပဲ။ ဒါ့ကြောင့် မဖြစ်နိုင်ဘူးထင်ရတိုင်း စိတ်ပျက်အားငယ်မနေပါနဲ့။ အာရုဏ်မတက်ခင်အချိန်က အမှောင်မိုက်ဆုံးဆိုတာက နားလည်ထားပါ။

၂။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။
“ပါရမီရှင်ဖြစ်လာဖို့ဆိုတာ ဥာဏ်ရည်ကွန့်မြူးမှု (၁)ရာခိုင်နှုန်းနဲ့ ချွေးစက်(၉၉)ရာခိုင်နှုန်း ပေါင်းစပ်ထားတာဖြစ်တယ်”
လူအများစု အခွင့်အရေးကို ဆုံးရှုံးလိုက်ကြတာဟာ ပင်ပန်းခက်ခဲတယ်လို့ ထင်ရတာကြောင့် ဖြစ်တယ်လို့ သောမတ်အက်ဒီဆင်က ပြောခဲ့ဖူးပါတယ်။ အလုပ်မကြိုးစားပဲ အောင်မြင်မှုဆိုတာ ရှိမလာနိုင်ပါဘူး။ အောင်မြင်မှုဆိုတာ သွေးချွေးနဲ့ ရင်းပြီး တည်ဆောက်ရတာဖြစ်ပါတယ်။ အလုပ်ကြိုးစားတဲ့သူဆီကိုပဲ အောင်မြင်မှုရ ရောက်လာမှာဖြစ်ပါတယ်။

၃။ လုပ်နိုင်စွမ်းကို အသုံးချပါ
“ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိသလောက် လုပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်တောင် အံ့အားသင့်ရပါလိမ့်မယ်။”
လူအများစုက အမှန်တကယ်လုပ်နိုင်စွမ်းထက် လျော့နည်းပြီး လုပ်ကြပါတယ်။ ဘယ်သောအခါမှ အားကုန်ထုတ်ပြီး လုပ်ဆောင်လေ့မရှိတဲ့အတွက် ဘယ်လောက်အထိလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို မသိကြပါဘူး။ လူတစ်ယောက်ဟာ ကိစ္စတစ်ခုကို သိရှိတတ်မြောက်ထားပြီး နှစ်ပေါင်းများစွာ အာရုံစိုက်လုပ်ဆောင်မယ်ဆိုရင် အံ့သြစရာကိစ္စတွေ လုပ်နိုင်လာပါလိမ့်မယ်။ ဒီအခါမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကိုယ်ကိုယ်တိုင် အံ့သြလို့ဆုံးမှာ မဟုတ်ပါဘူး။

၎။ သီးသန့်နေတတ်ပါစေ
“အကောင်းဆုံး စဉ်းစားတွေးခေါ်မှုတွေကို တစ်ဦးတည်းရှိချိန်မှာပဲ လုပ်ဆောင်နိုင်တယ်”
ဟုတ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာပဲ အကောင်းဆုံး အကြံဥာဏ်တွေကို ရရှိနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတာတွေကိုပဲ ဆွေးနွေးနေတဲ့ လူတွေကြားထဲမှာ မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ဖို့ စဉ်းစားတွေးခေါ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ဦးတည်းအေးချမ်းတိတ်ဆိတ်စွာ စဉ်းစားနိုင်မယ့်နေရာကို သွားပါ။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို သိမြင်လာပါလိမ့်မယ်။

၅။ မနားမနေအလုပ်လုပ်ပါ
“မနားမနေအလုပ်လုပ်ခြင်းက ရောင့်ရဲမှုမရှိခြင်းဖြစ်ပြီး ရောင့်ရဲမှုမရှိခြင်းက တိုးတက်မှုရဲ့ လိုအပ်ချက်ဖြစ်တယ်”
အလုံးစုံကျေနပ်နေသူတစ်ယောက်ဆိုတာ ကျရှုံးမှုတစ်ခုပဲလို့ သောမတ်အက်ဒီဆင်က ပြောခဲ့ဖူးပါတယ်။ လက်ရှိအခြေအနေနဲ့ တင်းတိမ်ရောင့်ရဲနေသမျှ တိုးတက်မှုရှိလာမှာ မဟုတ်ပါဘူး။ မရောင့်ရဲ မတင်းတိမ်နိုင်မှ တိုးတက်မှုရှိလာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန် ပေါင်(၃၀)လောက် ပိုများနေတာကို အဆင်ပြေနေတာပဲလို့ မှတ်ထင်ထားသမျှ ခန္ဓာကိုယ်အချိုးအစား ဘယ်တော့မှပြောင်းလဲ လျော့ကျသွားမှာ မဟုတ်ပါဘူး။

၆။ မြင်အောင်ကြည့်မှ အောင်မြင်မှာဖြစ်ပါတယ်။
“ကျွန်တော် ဘယ်တော့မှမကျရှုံးခဲ့ဖူးဘူး။ အလုပ်မဖြစ်တဲ့နည်းလမ်းတွေကိုပဲ တွေ့ခဲ့တာပါ”
ကိစ္စတစ်ခုကို ရှုမြင်သုံးသပ်မှုက အရေးကြီးပါတယ်။ ဟုတ်ပါတယ်။ ရလဒ်လို့ မေးရင် အလုပ်မဖြစ်ဘူးဆိုတာကို သိလိုက်ရတာကလည်း ရလဒ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘ၀ကိုလည်း ဒီလိုပဲ ရှုမြင်နိုင်ဖို့ လိုပါတယ်။ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေလို့ မြင်မယ့်အစား အလုပ်မဖြစ်၊ မအောင်မြင်နိုင်တဲ့ နည်းလမ်းတွေကို တွေ့ရှိခဲ့တယ်လို့ သဘောထားနိုင်ဖို့ လိုပါတယ်။ ဒီလိုမြင်တတ်ရင် အလုပ်ဖြစ်မယ့်နည်းလမ်းကို တွေ့တဲ့အထိ ဆက်လက်လုပ်ဆောင်ရင်း အောင်မြင်မှုကို ရရှိလာမှာဖြစ်ပါတယ်။

၇။ အလုပ်ကြိုးစားပါ၊ ဇွဲလုံ့လရှိပါ၊ ဆင်ခြင်တုံတရားရှိပါ
“ဘယ်အရာမဆို စွမ်းဆောင် အောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့အရာသုံးခုက အလုပ်ကြိုးစားမှု၊ ဇွဲလုံ့လနဲ့ ဆင်ခြင်တုံတရား ပဲဖြစ်တယ်”
အလုပ်ကြိုးစားမှုဟာ အောင်မြင်မှုရဲ့ အခြေခံဖြစ်ပါတယ်။ အလုပ်မကြိုးစားချင်ဘူးဆိုရင် အောင်မြင်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဘယ်သူကမှ လွယ်လွယ်လေးနဲ့ အောင်မြင်ခဲ့တယ်လို့ မပြောပါဘူး။ နောက်ထပ် အရေးကြီးတာက အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ရှိဖို့ ဖြစ်ပါတယ်။ စိတ်အားထက်သန်တဲ့ အလုပ်တစ်ခုကို လုပ်ပြီဆိုရင် ဘယ်တော့မှ အာရုံစူးစိုက်မှု မပျက်သွားပါစေနဲ့။ နောက်ဆုံးအချက်ကတော့ ဆင်ခြင်တုံတရားရှိဖို့ ဖြစ်ပါတယ်။ ဘယ်အရာကိုမဆို ဆင်ခြင်သုံးသပ်တတ်ဖို့ လိုပါတယ်။

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရားဝင်ကိုယ်စားလှယ်များအကြောင်း ဥပဒေဗဟုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားဝင်ကိုယ်စားလှယ်များအကြောင်း ဥပဒေဗဟုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service