တရားဝင်ကိုယ်စားလှယ်များအကြောင်း ဥပဒေဗဟုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရားဝင်ကိုယ်စားလှယ်များအကြောင်း ဥပဒေဗဟုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
20 Jul 2025 12:20 pm တွင် တင်ခဲ့သည်
165 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ပြစ်မှုနှင့် တရားမမှု အမှုအမျိုးအစား (၂)မျိုးနှစ်စားရှိသည့်အနက် ငွေရေးကြေးရေး၊ အိမ်ခြံမြေများနှင့် စပ်လျဉ်း၍ နစ်နာမှု၊ အငြင်းပွှားမှု ပေါ်ပေါက်သည့်အခါ တရားမမှုဖြင့် တရားစွဲဆိုကြပါသည်။

တရားမမှုများ၌ အမှုသည်ကိုယ်စား အမှုတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိသူများ ရှိပါသည်။ အမူသည်သက်ရှိ ထင်ရှားရှိနေစဉ်တွင် ကိုယ်စား ပါဝင်သူကို အခွင့်ရကိုယ်စားလှယ်ဟု ခေါ်ဆိုပြီး အမှုသည်သေဆုံးပြီး နောက်မှ အမွေဆက်ခံခွင့်အရ အမှုတွင်ပါဝင်လာသူများကို တရားဝင်ကိုယ်စားလှယ်ဟု ခေါ်ဆိုပါသည်။

တရားမမှုများမှာ အမှု၏ သဘောသဘာဝကြောင့် အမှုရပ်စဲခြင်းများ ရှိသလို အမှုသည်သေဆုံးသည့်အခါ တရားဝင်ကိုယ်စားလှယ် မထည့်သွင်းသည့်အတွက် ကျင့်ထုံးကြောင့် အမှုရပ်စဲခြင်းများလဲရှိပါသည်။ တရားမမှုများတွင် တရားလို/တရားပြိုင် အမှုအတော်အတွင်း သေဆုံးလျှင် ကာလစည်းကမ်းသတ်အတွင်း ၎င်းတို့၏ အမွေဆက်ခံခွင့်ရှိသူများကို ထည့်သွင်းရမည်ဖြစ်ပါသည်။

တရားလို၏ တရားဝင်ကိုယ်စားလှယ်အား တရားလိုသေဆုံးပြီး ရက်ပေါင်း-(၉၀) မကျော်လွန်မီ တရားရုံးတွင် လျှောက်ထားမှုပြုရမည်။ သတ်မှတ်အချိန်ကာလအတွင်း တရားဝင်ကိုယ်စားလှယ် ထည့်သွင်းနိုင်ခြင်း မရှိပါက အမှုမှာ အလိုအလျောက် ရပ်စဲသွားမည်ဖြစ်ပါသည်။

အယူခံအမှုများတွင်လဲ ထို့နည်းတူစွာ လျှောက်ထားသူ ကွယ်လွန်လျှင် တရားဝင်ကိုယ်စားလှယ် ထည့်သွင်းမှု ပြုသွားနိုင်ပါသည်။ မူလမှု၌ ရှုံးနိမ့်သူမှာ အယူခံမှုအတွင်း ကွယ်လွန်လျှင် အမှုမှာ ရပ်စဲသွားခြင်းများလဲ ရှိနိုင်ပါသည်။

သေဆုံးသူ တရားလို၏ နေရာတွင် တရားဝင် ကိုယ်စားလှယ် မထည့်သွင်းဘဲနှင့်လဲ ကျန်တရားလိုများဖြင့် အမှုအား ဆက်လက်ဆောင်ရွက်နိုင်သော အမှုအမျိုးအစားများလဲရှိပြီး ထိုအမှုအမျိုးအစားတွင် တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရန် မလိုအပ်ပါ။

အမှု၌ တရားပြိုင်တစ်ဦး ကွန်လွန်ပြီး ကျန်တရားပြိုင်များသာ ဆက်လက်ဆောင်ရွက်နိုင်သောအကြောင်းအရာဖြစ်လျှင် တရားဝင်ကိုယ်စားလှယ် ထည့်သွင်းရန် မပေါ်ပေါက်နိုင်ပါ။ ကျန်တရားပြိုင်နှင့်သာ ဆောင်ရွက်ခွင့် မရှိသော ကိစ္စရပ်ဖြစ်ပါက သေသူတရားပြိုင်၏ တရားဝင်ကိုယ်စားလှယ်အား မဖြစ်မနေ ထည့်သွင်းရန်လိုပါသည်။ တရားပြိုင်၏ တရားဝင်ကိုယ်စားလှယ်အားလဲ ကာလစည်းကမ်းသတ် ရက်ပေါင်း- (၉၀)အတွင်း လျှောက်ထားရမည်။

တရားဝင်ကိုယ်စားလှယ်အဖြစ် လျှောက်ထားမှုပြုရာတွင် အကျိုးသက်ဆိုင်သူ သက်သာခွင့်ရထိုက်သူမှ တရားရုံးတွင် လျှောက်ထားနိုင်သည့် အခွင့်အရေးရှိပါသည်။ တရားရုံးမှ ၎င်းကိုယ်တိုင်မှ တရားဝင်ကိုယ်စားလှယ် ထည့်သွင်းခြင်း ပြုမည်မဟုတ်ပါ။ အမှုတွင် တရားဝင်ကိုယ်စားလှယ် မထည့်သွင်းပါက နစ်နာမည်ဟု ယူဆသူ ဘက်မှ တရားဝင်ကိုယ်စားလှယ် လျှောက်ထားရမည်ဖြစ်ပါသည်။

ပုဂ္ဂလိကအခွင့်အရေး အသေရေဖျက်မှုအရ နစ်နာကြေးအတွက် တရားစွဲဆိုမှုများတွင် တရားလို/တရား ပြိုင် သေဆုံးပါကအမှုရပ်စဲမည်ဖြစ်ပြီး အမွေဆက်ခံသူကို တရားဝင်ကိုယ်စားလှယ်အဖြစ် အမှု၌ မထည့်သွင်းနိုင်ပါ။ အမွေပစ္စည်းများ စီမံခန့်ခွဲရန်အတွက် အမွေထိန်းစာလက်မှတ် လျှောက်ထားခြင်းတွင်လဲ တစ်ဦးချင်းအခွင့်အရေး အရ လျှောက်ထားခြင်းဖြစ်သည့်အတွက် အမှု၌လျှောက်ထားသူ ကွယ်လွန်လျှင် တရားဝင်ကိုယ်စားလှယ်များ ပါဝင်လာခွင့်မရှိသလို အမှုမှာ ရပ်စဲမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service