အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့

အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jul 2025 1:04 pm တွင် တင်ခဲ့သည်
278 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေနေရာလွတ် ရှားပါးလာပြီး နေအိမ်တွေဟာ အထပ်မြင့်တွေ ဖြစ်လာတဲ့အခါ အလှစိုက်အပင်ငယ်လေးတွေကို အိမ်ထဲမှာပဲ နည်းလမ်းရှာပြီး စိုက်ပျိုးလာကြပါတယ်။ Indoor Plant တွေက အရွယ်အစားစုံ၊ အမျိုးအစားစုံ ရှိ ကြပြီး တစ်မျိုးချင်းစီရဲ့ သဘာဝနဲ့ လိုအပ်ချက်တွေလည်း ကွဲပြားတာကြောင့် သူတို့ကို ပြုစုရမယ့် နည်းလမ်းတွေလည်း ကွာခြားပါတယ်။ ကိုယ့်အိမ်မှာ စိုက်ထားတဲ့ အိမ်တွင်းအပင်ငယ်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ရှင်သန်ကြီးထွား နိုင်ဖို့ သိထားရမယ့် အခြေခံအချက်‌လေးတွေကို ဖော်ပြလိုက်ပါတယ်။

ကိုယ့်အိမ်နဲ့ သင့်တော်မယ့် အပင်အမျိုးအစား

အိမ်မှာ Indoor Plant စိုက်တော့မယ်ဆိုရင် ကိုယ့်အိမ်နဲ့ သင့်တော်မယ့် အပင်အမျိုးအစားကို ရွေးချယ်ခြင်းက အခြေခံအချက်ပါပဲ။ နေရာအကျယ်အဝန်း၊ နေရောင်ရရှိမှု၊ အိမ်တွင်းစိုထိုင်းစ အစရှိတဲ့အချက်တွေအပြင် ကိုယ်က အပင်တွေပြုစုပျိုးထောင်တာ ကျွမ်းကျင်မှု ဘယ်လောက်ရှိလဲ စတဲ့ အချက်တွေကို အပင်ရွေးချယ်တဲ့အခါ ထည့်စဥ်စားဖို့ လိုအပ်ပါတယ်။

အကြမ်းခံတဲ့ ကန္တာရဆူးပင်နဲ့ ရှားစောင်းနွယ်ဝင်အပင်တွေ၊ ဂမုန်းနဲ့ ရွက်လှပင် တွေ၊ သစ်ခွပင်တွေ အစရှိတဲ့ ရွေးချယ်စရာ အိမ်တွင်းအလှစိုက်အပင် အမျိုးအစားအများကြီး ရွေးချယ်လို့ ရပါတယ်။

အလင်းရောင် (နေရောင်ခြည်) နဲ့ လေဝင်လေထွက်

အပင်တွေရဲ့ အခြေခံလိုအပ်ချက်တစ်ခုက နေရောင်ခြည်ဖြစ်တာကြောင့် အိမ်တွင်းစိုက်အပင်လေးတွေကလည်း နေရောင်ကောင်းစွာ ရရှိဖို့ လိုအပ်ပါတယ်။ တစ်ချို့အပင်တွေက နေရောင်ကောင်းကောင်းရတာကို ကြိုက်ကြပေမယ့် တစ်ချို့အပင်တွေအတွက်တော့ အလင်းရောင်ဖျော့ဖျော့ဆို လုံလောက်ပါပြီ။ အပင်အမျိုးအစားပေါ် မူတည်ပြီး နေရောင်ခြည်လိုအပ်တဲ့ ပမာဏနဲ့ ကြာချိန်တွေ ကွဲပြားသွားနိုင်ပေမယ့် အပင်အများစုကတော့ ပူပြင်းတဲ့ မွန်းတည့်နေ တိုက်ရိုက်ထိတာမျိုး မခံနိုင်ကြပါဘူး။

Indoor Plant အများစုက အခန်းအပူချိန်မှာ ကောင်းစွာ ရှင်သန်နိုင်ကြပါတယ်။ အပင်မျိုးစိတ်တွေပေါ်မူတည်ပြီး တချို့က စိုထိုင်းစများတဲ့ ပတ်ဝန်းကျင်ကို ပိုကြိုက်ကြတာမျိုးလည်း ရှိတာကြောင့် ဒီလိုအပင်တွေကိုတော့ ရေလောင်းတာအပြင် အရွက်လေးတွေကို ရေဖြန်းပေးတာမျိုးပါ လုပ်ပေးဖို့လိုပါတယ်။ ဒါပေမယ့် ဘယ်လို Indoor Plant အမျိုးအစားပဲဖြစ်ဖြစ် အပူပေးစက်၊‌ လေအေးပေးစက်တို့လို စက်ပစ္စည်းတွေနား မထားမိဖို့ လိုပါတယ်။

လိုအပ်တဲ့ ရေပမာဏ

အပင်ရဲ့ မျိုးစိတ်နဲ့ အရွယ်အစားပေါ်မူတည်ပြီး သူတို့နဲ့ ကိုက်ညီတဲ့ ရေပမာဏ ရရှိနေဖို့ လိုအပ်ပါတယ်။ အိမ်တွင်းအပင်လေးတွေကို လိုအပ်တာထက်ပိုပြီး ရေပေးမိတယ်ဆိုရင် အမြစ်တွေပုပ်လို့ အပင်သေသွားနိုင်သလို လုံလောက်တဲ့ ရေမမာဏ မရဘူးဆိုရင်လည်း ခြောက်သွေ့ပြီး သေဆုံးသွားနိုင်ပါသေးတယ်။ ဒါကြောင့် မှန်ကန်တဲ့ ရေမမာဏ ရရှိဖို့အတွက် ရေမလောင်းခင် အပင်စိုက်ထားတဲ့ မြေကြီးရဲ့ စိုထိုင်းဆကို အရင်စစ်ဆေးကြည့်ရပါမယ်။

ရှားစောင်းနွယ်ဝင် ဆူးပင်ငယ်လေးတွေက ရေပမာဏ အများကြီးမလိုတာကြောင့် တစ်ခါရေလောင်းပြီး ရင် သူ့ရဲ့မြေဆီလွာမခြောက်မချင်း ထပ်လောင်းပေးဖို့ မလိုပါဘူး။ တခြား အိမ်တွင်းအလှစိုက် အပင်ငယ်လေး တွေကတော့ စိုစွတ်ပြီး ရေလည်း ဝပ်မနေတဲ့ မြေဆီလွှာအခြေအနေဖြစ်အောင် ဂရုစိုက်ရေလောင်းပေးရပါမယ်။ သစ်ခွမျိုးစိတ်တွေကတော့ လောင်းလိုက်သမျှရေတွေ ဝပ်မနေအောင် အပေါက်ကျဲကျဲပါတဲ့ အိုးတွေနဲ့ ထည့်စိုက်တတ်ကြပြီး သူတို့ကို ရေလောင်းတာအပြင် ရေမှုန်လေးတွေ ဖြန်းပေးဖို့လည်း လိုအပ်ပါတယ်။

မြေဆီလွှာ

Indoor Plant တွေက အိုးထဲမှာ ထည့်စိုက်ရတဲ့ အပင်ငယ်လေးတွေဖြစ်တာကြောင့် ပန်းအိုးထဲမှာ မြေဆီလွှာ လုံလုံလောက်လောက်ရှိနေဖို့၊ မြေကြီးက ကြပ်မနေဘဲ ပွပွရွရွလေးဖြစ်နေဖို့ လိုအပ်ပါတယ်။ ဆိုင်ကဝယ်လာခဲ့တဲ့အတိုင်း မြေကြီးကို မပြုမပြင်ထားလို့မရပါဘူး။ မြေသြဇာထည့်တာ၊ အပင်အားဆေးကျွေးတာ၊ မြေဆွပေးတာ စတဲ့ ဂရုစိုက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

အိုးထဲမှာ ရေဝပ်နေတာမျိုးမဖြစ်အောင် ရေစီးရေလာ ကောင်းတဲ့ အိုးမျိုး သုံးထားလားဆိုတာလည်း သေချာအောင် စစ်ဆေးရပါမယ်။ အချိန်တစ်ခုရောက်လာလို့ ကိုယ့်အပင်လေးက ကြီးလာတယ် (သို့) အပင်ပွားလာတယ်ဆိုရင် ပိုကြီးတဲ့အိုးကို ပြောင်းစိုက်ပေးတာ၊ အိုးခွဲ စိုက်ပေးတာတွေလည်း လုပ်ဖို့ လိုပါတယ်။

အပင်အားဖြည့်ဆေးများ

ကိုယ့်ရဲ့ အိမ်တွင်းအပင်လေးတွေ ကောင်းကောင်းရှင်သန်ကြီးထွားစေဖို့ဆိုရင် ဝါနေတဲ့၊ ခြောက်သွေ့နေတဲ့ အရွက်တွေကို ခြွေပေးတာ၊ ကိုယ်လိုချင်တဲ့ ပုံစံရအောင် အကိုင်းအခက်တွေကို ပုံသွင်းပေးတာ စတဲ့ ပြုစုပျိုး ထောင်မှုတွေ လိုအပ်ပါတယ်။ အရွက်စားပိုးတွေ၊ အပင်ကပ်ပါးပိုးတွေရန်က ကာကွယ်ဖို့အတွက် သင့်တော်တဲ့ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အရွက်အားဆေးတွေလည်း အသုံးပြုပေးရပါမယ်။ အပင်မျိုးစိတ်တစ်ခုချင်းစီ အတွက် သီးသန့်ထုတ်ထားတဲ့ အားဆေးတွေ၊ ပိုးသတ်ဆေးတွေကို အညွှန်းမှာပါတဲ့ ပမာဏအတိုင်း အသုံးပြု ပေးသင့်ပါတယ်။

အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးတယ်ဆိုတာ စိတ်အေးချမ်းရတဲ့ ဝါသနာတစ်ခုပါ။ အပင်လေးတွေ စိမ်းစိမ်းစိုစို နဲ့ ကောင်းကောင်းရှင်သန်ကြီးထွားနေတာကို မြင်ရဖို့အတွက် စိတ်ရှည်ရှည်ထားပြီး ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ ကိုယ်က အပင်စိုက်တာ အတွေ့အကြုံနုသေးရင် အကြမ်းခံပြီး ဂရုစိုက်ရလွယ်တဲ့ အပင်မျိုးလေးတွေကို စစိုက်ကြည့်သင့်ပါတယ်။ အပင်တစ်ပင်နဲ့တစ်ပင် လိုအပ်ချက်တွေ မတူညီတာကြောင့် ကိုယ်စိတ်တဲ့ အပင်ရဲ့ သဘာဝကို သေချာလေ့လာပြီး ဂရုစိုက်ပျိုးထောင်ပေးမယ်ဆိုရင် အိမ်တွင်းအပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ရှင်သန်ကြီးထွားလာမှာ အသေချာပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service