ဂရန်က တစ်မျိုး၊ ပါမစ်က တစ်ဖုံ၊ မြေဝယ်သူမှာ အခက်ကြုံ

ဂရန်က တစ်မျိုး၊ ပါမစ်က တစ်ဖုံ၊ မြေဝယ်သူမှာ အခက်ကြုံ - Property Knowledge in Myanmar from iMyanmarHouse.com
14 Aug 2017 11:48 am တွင် တင်ခဲ့သည်
1850 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်ခြံမြေဈေးကွက်များ ဝယ်ယူကြရာတွင် မှန်မှန်ကန်ကန် ရရှိရန် ကြိုးစား ကြရာ၌ စိမ်ပမ်း၊ လူပမ်း ဖြစ်ကြရသူ များပါသည်။ အိမ်ခြံမြေ ရောင်းသူများမှာ မူလအမည်ပေါက်ပိုင်ရှင် မဟုတ်ပါက ပို၍ စိတ်ညစ်ရပါသည်။ စိတ်ညစ်ရ သည့်အထဲတွင် အိမ်ခြံမြေ ပွဲစားများ၏ "အကျော်" "အခွ" များကြောင့်လည်း ဝယ်လိုသူမှ "ငါးသိုင်းများ ဟင်းဟုန်" ဖြစ်ကာ မဝယ်ဖြစ်တော့ဘဲ ပွဲပျက်သွား ရသည့်အခါလည်း ရှိတတ်သည်။

ကိုယ်စားလှယ်ပါဝါ ယူထားခြင်း၏ အကြောင်းရင်းမှာ အခွန်မဆောင်ချင်လို့ပါ

ပွဲပျက်သွားရခြင်းအကြောင်းမှာ ရောင်းမည့်မြေနှင့်အိမ်သည် အနှစ်(၆၀)ဂရန် အမည်ပေါက်ဖြစ်သော်လည်း အမည်ပေါက်သူထံမှ အဆင့်ဆင့် ဝယ်ယူထား သူများက မိမိတို့အမည်ပြောင်းထားခြင်းမပြုဘဲ ကိုယ်စားလှယ်လွှဲစာ (SP/ GP) ယူထားပြီး နေလိုက်ကြသည်။

အမည်ပေါက် သေလျှင် ကိုယ်စားလှယ်ပါဝါလည်း လိုက်၍သေ

ဝယ်ယူနေထိုင်သူက ယင်းသို့ ပါဝါဖြင့် နေထိုင်ခြင်းဖြင့် အခွန်ဆောင်ရသည့်ေ ဘးမှ ကင်းလွတ်နေခဲ့သောလည်း မိမိအား SP/GP ပါဝါ လွှဲပေးထား သည့် မြေအမည်ပေါက် ကွယ်လွန်သွားပြီဆိုပါက စိတ်ညစ်စရာနဲ့ ကြုံရတော့ သည်။ မြေအမည်ပေါက်ကွယ်လွန်သွားသဖြင့် ယင်းအမည်ပေါက်သူက ပေး ထားသည့် SP/GP များမှာလည်း အမည်ပေါက်နှင့်အတူ သေသွားတော့ သည်။

ဝယ်သူအမည်ပြောင်းမည့်ကိစ္စ နည်းလမ်းနှစ်သွယ်ဖြင့် စဉ်းစားရ

ဤသို့ ပါဝါများ သုံးမရတော့သည့်အခါ ရောင်းလိုသူက နည်းလမ်းရှာရတော့ သည်။ မြေအမည်ပေါက်သူ၏ မိသားစုထံသွား၍ အကူအညီ တောင်းပြီး အမည်ပြောင်းမလား သို့မဟုတ် ယင်းမြေအမည်ပေါက်သူ၏ မိသားစုတို့ကို တရားပြိုင်ထား၍ "မြေနှင့်အိမ် အရောင်းအဝယ် ကတိစာချုပ်ကို မှတ်ပုံတင် ချုပ်ဆိုပေးစေလိုမှု" ဖြင့် တရားစွဲဆို၍ ရယူမည်လား စသည်ဖြင့် စဉ်းစားရေ တာ့သည်။

တရားစွဲပြီး အမည်ပြောင်းမည်လား၊ ကျန်ရစ်သူ မိသားစုကို ချဉ်းကပ်မည်လား

တရားရုံးတွင် တရားစွဲယူ၍ အမည်ပြောင်းယူရမည့်ကိစ္စမှာ အပြောလွယ် သလောက် အလုပ်ခက်သဖြင့် ထိုနည်းလမ်းကို ကြိုက်နှစ်သက်သူ ရှားသည်။ ထို့ကြောင့် မြေအမည်ပေါက်သူ၏ မိသားစုထံ ချဉ်းကပ် ၍ အမည်ပြောင်းလေ့ ရှိကြသည်။ အမည်ပေါက်ကွယ်လွန်သူတွင် ဇနီး/ခင်ပွန်း ကျန်ရစ်ခဲ့လျှင် ဇနီး/ ခင်ပွန်း မရှိတော့လျှင် သားသမီးများက အမွေ ဆက်ခံနိုင်သည်။

မြေအမည်ပေါက်သေသည့် မြေ၊ အမည်ပြောင်းရသည်မှာ မလွယ်လှပေ

ဇနီး/ခင်ပွန်း/သားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ် ဆိုပြီးနောက် နောက်ဆုံးဝယ်ယူသူသို့ တိုက်ရိုက်ပြန်ရောင်း၍ ရသည်။ေ နာက်ဆုံးဝယ်ယူသူသို့ အမွေဆက်ခံသူတို့က မြေနှင့်အိမ် အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင် ချုပ်ဆိုပေးနိုင်သည်။ မှတ်ပုံတင်စာချုပ် ရမှသာလျှင်ေ နာက်ဆုံး ဝယ်သူအမည်ပေါက်ရန် မြို့တော်စည်ပင် မြေစီမံဌာနတွင် သွားေ ရာက်၍ အမည်ပြောင်းလျှောက်ရသည်။ ဤကဲ့သို့ အဆင့်တွေ များလှသဖြင့် အမည်ပေါက် ကွယ်လွန်သွားသော အနှစ်(၆၀) ဂရန်ကို ဖယ်လိုသူများ က ရှောင်ကြသည်။ ထို့ကြောင့်လည်း အရောင်းအဝယ် ပွဲဖျက်ကြခြင်း ဖြစ် သည်။

မြေဂရန်ကို မျက်နှာလွှဲ၊ မြေချပါမစ် ဝယ်ရလျှင် ကောင်းမှာပဲ

ဤကဲ့သို့ အရှုပ်အထွေးများကို မခံစားနိုင်သောကြောင့် ပါမစ်မြေကိုသာ ဝယ်လိုသော စာရေးသူမိတ်ဆွေတစ်ဦးသည် မိမိစိတ်တိုင်းကျ ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ပါမစ်မြေကွက်တစ်ခုကို လိုက်ရှာနေသည်မှာ ကြာပြီဖြစ်သည်။ တွေ့မယ့်တွေ့တော့လည်း နေရာကောင်း မြေကွက်တစ်ကွက် ရောင်းသူနှင့် တိုက်ရိုက်တွေ့ဆုံမိသည်။ ရောင်းမည့်မြေကွက်ကလည်းေ ထာင့်ကွက်မို့ အလွန်ကြိုက်သွားသည်။ မြေကွက်အနေအထားကလည်း အရှေ့အလှည့်ဖြစ်သည်မို့ ပို၍ သဘောကျမိသည်။ ဈေးကလည်း သင့်သည်။ သိန်း(၅၀၀) နှင့် ရမည်ဟု ရောင်းသူက ဆိုသည်။

တစ်လအတွင်း သိန်း(၅၀) အပိုရမည်မို့ စရန်ပေး စာချုပ်လိုက်ကြစို့

စာရွက်စာတမ်းကြည့်ရှုရန် တောင်းကြည့်လိုက်သည့်အခါ "တစ်လခန့် စောင့် ပါဦး" ဟု ဆိုလာသည်။ တစ်လခန့်အကြာတွင် ပါမစ်မူရင်းရ၍ လက်ရောက် အပ်ပေးသည့်အခါတွင် ကျန်ငွေချေပါဟု ပြောသည်။ ယခု စရန်ပေးစာချုပ် သည့်အချိန်တွင် သိန်း(၁၀၀)ခန့် ပေးခဲ့ပါ။ တစ်လပြည့်သည့်နေ့၌ မြေချပါမစ် မူရင်း လက်ရောက်မအပ်နိုင်ပါက သိန်း(၅၀) အပို ထပ်ဆောင်းပေးမည် ဟု ရောင်းလိုသူက ကတိပြုသဖြင့် နှစ်ဦးသဘောတူ စရန်ငွေပေး ကတိစာ ချုပ်ကို ချုပ်ဆိုဖြစ်ခဲ့ကြသည်။

သတ်မှတ်ရက်မှာ ပါမစ်မရ၊ အလျော်ပေးလိုက်သည်က အရင်းတစ်ဝက်ပါသဗျ

သို့သော် ဌာနဆိုင်ရာ ရုံးများမှာ ပုဂ္ဂလိက လုပ်ငန်းကဲ့သို့ သတ်မှတ်ရက်တွင် ရမည်ဟု အတိအကျ ပြောဆိုကတိပြုရန် ခက်ခဲလှသည်။မမျှော်လင့်သော အခက်အခဲအကြပ်အတည်းများလည်း ရှိကြသည်။ ယင်းသို့ မမျှော်မှန်းနိုင်ေ သာ အခက်အခဲများကြောင့် သတ်မှတ်ရက် တစ်လပြည့်မြောက်သည့်နေ့ တွင် ရောင်းသူမျှော်လင့်သလို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေချပါမစ် ထွက်မလာတော့ပေ။

ကတိသစ္စာ တည်သော အိမ်ခြံမြေ အကျိုးဆောင်များလည်း ရှိ

ထိုအခါ ရောင်းသူနှင့် ဝယ်သူ ချုပ်ဆိုခဲ့သည့် စရန်ငွေပေး ကတိစာချုပ်အရ သတ်မှတ်ရက်တွင် မြေချပါမစ် မအပ်နိုင်သဖြင့် ရောင်းသူက ဝယ်သူကို သိန်း(၁၅၀) ပေးလိုက်ရတော့သည်။ ဤသို့ ဖြစ်လာသည့်အခါ ရောင်း သူ လည်း ငွေရှာ၍ ပြန်ပေးရသဖြင့် စိတ်မချမ်းမသာဖြစ်ရသည်။ ဝယ်သူဘက်က လည်း ကတိစာချုပ်အရသာ သိန်း(၅၀)ပိုယူလိုက်ရသော်လည်း ဝမ်းသာအား ရတော့ မရှိလှပါ။ မြေကွက်တစ်ကွက်အား စိတ်တိုင်းကျ၍ ဝယ်လိုက်ပါေ သ်ာလည်း မှန်းချက်နှင့်နှမ်းထွက်က မကိုက်သည်မို့ မပျော်နိုင်ပါ။

အိမ်ခြံမြေကွက်တစ်ကွက် ဝယ်ရသည်မှာ အပြောလွယ်သလောက် အလုပ် ခက်သည်ကို လက်တွေ့မြေဝယ်သူတိုင်း ဤသို့ ကြုံရတတ်သည်။

မြေဝယ်သူတိုင်း ကြုံရသည့်ဝေဒနာ ခံစားရသူတိုင်း မမေ့နိုင်ပါ

ထို့ကြောင့် အိမ်ခြံမြေကွက် ဝယ်လိုသူတိုင်းသည် မိမိတို့စိတ်တိုင်းကျ မြေ ကွက် တစ်ကွက်ရဖို့ အချိန်ပေးရခြင်း စရိတ်စက အကုန်အကျ များခြင်း၊ ပွဲစားအမျိုးမျိုးနဲ့ ဆက်ဆံရခြင်း၊ စိတ်ညစ်စရာများနှင့် ကြုံတွေ့ရတတ်ခြင်း၊ အလိမ်အညာခံရတတ်ခြင်း၊ လူပေါင်းစုံနှင့်တွေ့ကြုံရတတ်ခြင်း ရတာမလို လိုတာမရ ဖြစ်တတ်ခြင်း စသည် ဝေဒနာများ ခံစားကြရပါသည်။

အိမ်ခြံမြေ ဝယ်မည် ဆုံးဖြတ်လျှင် ကျွမ်းကျင်သူကို အရင်ရှာပါ

ယင်းဒုက္ခများကို မခံစားလိုက်ပါ၍ အိမ်ခြံမြေပွဲစားများ၏ လက်တွင် ဝကွက်၍ အပ်မည်ဆိုပါကလည်း ယင်းတို့၏ မာယာပရိယာယ်ကျော့ကွင်းအတွင်း ကျေ ရာက်သွားပြီး၊ ကာလပေါက်ဈေးထက် သိန်း ၅၀၊ သိန်း ၆၀ ဈေးပိုသွားခြင်း စာချုပ်အဆက်အဆက် မပြည့်စံခြင်း၊ မမှန်ကန်ခြင်း "အပ်နှင့်ထွင်းရမည့် ကိစ္စကို ပုဆိန်ဖြင့် ပေါက်ရခြင်း" စသည် ကိန်းကြုံတတ်ခြင်းများကြောင့် အိမ်ခြံမြေဝယ်တော့မည်ဆိုလျှင် ပါမစ်မြေဖြစ်စေ၊ ဂရန်မြေဖြစ်စေ ဘိုးဘွား ပိုင်မြေဖြစ်စေ စလစ်မြေဖြစ်စေ၊ ကျွမ်းကျင်သော ပုဂ္ဂိုလ်များနှင့်သာ ဆက်သွယ်ဝယ်ယူသင့်ကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com Property Website အတွက် အင်တာဗျူး၍ ရေးသားဖော်ပြသည်။

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service