သဘာဝဘေးဒဏ်ခံနိုင်ဖို့ မြန်မာနိုင်ငံမှာ နေအိမ် ၄ သန်းနီးပါး ခိုင်ခိုင်ခန့်ခန့်ပြင်ဆင်ဆောက်လုပ်ဖို့ လိုအပ်နေလို့ ကုလပြော

သဘာဝဘေးဒဏ်ခံနိုင်ဖို့ မြန်မာနိုင်ငံမှာ နေအိမ် ၄ သန်းနီးပါး ခိုင်ခိုင်ခန့်ခန့်ပြင်ဆင်ဆောက်လုပ်ဖို့ လိုအပ်နေလို့ ကုလပြော - Property News in Myanmar from iMyanmarHouse.com
14 Aug 2017 10:18 am တွင် တင်ခဲ့သည်
1384 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံသားလေးဦးမှာ တစ်ဦးလောက်က ခိုင်ခန့်စိတ်ချရမှုမရှိတဲ့ နေအိမ်အဆောက်အအုံတွေမှာ နေထိုင်နေကြရလျက်ရှိပြီး ယင်းအခြေအ
နေဟာ သဘာဝဘေးဒုက္ခဆိုးတွေ ကျရောက်လာ
ခဲ့ချိန်မျိုးမှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခုလို
ဖြစ်နေတယ်ဆိုပြီး ကုလသမဂ္ဂက ထုတ်ပြန် သတိပေးပြောကြားလိုက်ပါတယ်။

ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁၃ ဒသမ ၅ သန်း ဒါမှမဟုတ် နိုင်ငံစုစုပေါင်းလူဦးရေရဲ့ လေးပုံ ပုံတစ်ပုံ
လောက်ဟာ ဆိုရင် ၀ါး၊ သစ်၊ ဓနိတို့လိုမျိုး မြန်မြန်ဆန်
ဆန် ပျက်စီးယိုးယွင်းသွားနိုင်တဲ့ ပစ္စည်းတွေနဲ့ ဆောက်
လုပ်ထား တဲ့ နေအိမ်တွေမှာပဲ နေနေကြရတာဖြစ်
တာကြောင့် သဘာဝဘေးအန္တရာယ်ကို ခုသာခံသာ
စွမ်းအားနည်းနေတယ်လို့ အစိုးရထုတ်ပြန်ချက်
တစ်စောင်နဲ့ ကုလ လူဦးရေရန်ပုံငွေ UNFPA တို့ရဲ့
ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ယခုဆိုရင်လည်း နိုင်ငံမှာ နေအိမ်အလုံးပေါင်း
၃ ဒသမ ၈ သန်းလောက်ကို အသစ်ပြန်ဆောက်ဖို့ ဒါမှ
မဟုတ် ခိုင်ခန့်စိတ်ချရအောင် ပြင်ဆင်ဆောက်လုပ်
သွားဖို့ လိုအပ်နေလျက်ရှိကြောင်း ကုလ အစီရင်ခံစာ
မှာ ဖော်ပြထားပါတယ်။ ယင်းဟာ နောက်ဆုံးထုတ်ပြန်ခဲ့
တဲ့သန်းခေါင်စာရင်းအချက်အလက်တွေမှာ အခြေခံပြီး တွက်ချက်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ ခိုင်ခန့်စိတ်ချရတဲ့ နေအိမ်တွေ မရှိရင်တော့ ပြည်သူတွေ
အနေနဲ့ တကယ်လို့များ သဘာဝဘေးကျလာခဲ့ရာ အိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားနိုင်ပါတယ်၊ ဒါမှာမဟုတ်
ထိခိုက်ဒဏ်ရာရသွားနိုင်ပါတယ်၊ ဒီလိုမှမဟုတ်ရင်
လည်း အသက်တွေတောင် ဆုံးရှုံးသွားရနိုင်ပါတယ်”
လို့ UNFPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်
Janet Jackson က ပြောပါတယ်။

အလားတူ အဆိုပါနေအိမ်တွေမှာ နေထိုင်နေကြရသူ
အများစုဟာ ချက်ရေးပြုတ်ရေးနဲ့ မီးထွန်းဖို့အတွက်
ဖယောင်းတိုင်၊ ရေနံဆီ၊ ထင်း စတာတို့ကိုအသုံးပြုရ
တဲ့အတွက်ကြောင့် ဆိုးကျိုးအန္တရာယ်များနေကြောင်း၊
ယင်းအပြင် ၎င်းတို့အတွက် ပတ်ဝန်းကျင်လေမသန့်
ရှင်းမှုနဲ့ ကျန်းမာရေးထိခိုက်နိုင်မှု တို့ပါ ကြုံတွေ့
ရနိုင်ကြောင်း ၎င်းက ပြောသွားပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service