မလေးရှားနိုင်ငံ၌ ဧရာမရထားလမ်းပိုင်းစီမံကိန်းကို တရုတ်နိုင်ငံက စတင်ဖောက်လုပ်

မလေးရှားနိုင်ငံ၌ ဧရာမရထားလမ်းပိုင်းစီမံကိန်းကို တရုတ်နိုင်ငံက စတင်ဖောက်လုပ် - Property News in Myanmar from iMyanmarHouse.com
11 Aug 2017 9:33 am တွင် တင်ခဲ့သည်
675 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု တွန်းအားပေးမှုတစ်ခုအဖြစ် တရုတ်-မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေး အတွက် သမိုင်းဝင် လုပ်ငန်းတစ်ခုဖြစ်သော ဧရာမရထားလမ်းပိုင်း တည်ဆောက်မှုစီမံကိန်းကို (မလေးရှားနိုင်ငံ ကွန်တန်မြို့ (Kuantan)၌) သြဂုတ်လ ၉ ရက်တွင် တရားဝင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အရှေ့ ဖက်ကမ်းရိုးတန်းတွင် ပြည်သူ့ ပို့ ဆောင်ရေးအခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ရန်အတွက် အရှည် ၆၈၈ ကီလိုမီတာရှိသော အရှေ့ ဖက်ကမ်းရိုးတန်း ရထားလမ်းပိုင်း ( ECRL) ကို မလေးရှားရင်းဂစ်ငွေ ၅၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၂.၈၃ ဘီလီယံ) အကုန်အကျခံ၍ ရထားလမ်းပိုင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်းအုတ်မြစ်ချအခမ်းအနားတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ထည့်သွင်းပြောကြားခဲ့သည်။

ECRL သည် အရှေ့ ဖက်ကမ်းရိုးတန်းတွင် ပထမဆုံး တည်ဆောက်သည့် အဓိကအသက်သွေးကြော ရထားလမ်းပိုင်းဖြစ်သည်။ ၄င်းရထားလမ်းသည် အနောက်ဘက်ကမ်းရိုးတန်းကိုလည်း ဆက်သွယ်ပေးထားပြီး “ ကားလမ်းများ နှင့် အဝေးပြေးလမ်းများကို ချိတ်ဆက်ပေးမည့် ကွန်ရက်တစ်ခုဖြစ်သလို အလွန်တရာဆိုးဝါးပြီး မညီမမျှဖြစ်နေသည့် ရထားလမ်းပိုင်းငယ်များကိုလည်း ချိတ်ဆက်ပေးမည်” ဖြစ်ကြောင်း သိရသည်။

အဆိုပါရထားလမ်းပိုင်း စီမံကိန်းသည် မလေးရှားနိုင်ငံအတွက် ဖွံ့ ဖြိုးတိုးတက်မှု အခြေအနေသို့ အပြောင်းအလဲ တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်နာဂျစ်က ပြောကြားခဲ့ပြီး ကွာလာလမ်ပူမြို့ တော်ရှိ ဂွမ်းဘက်(Gombak) နှင့် နိုင်ငံအရှေ့ မြောက်ပိုင်း ကလန်တန်ပြည်နယ် ကိုတာဘာရူးမြို့ အကြား ခရီးအကွာအဝေးကြာမြင့်ချိန်ကို ၇ နာရီမှ ၄ နာရီအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းရထားလမ်းပိုင်းကို တရုတ်နိုင်ငံ ဆက်သွယ်ရေး တည်ဆောက်မှုကုမ္ပဏီ (China Communications Construction Company Ltd ) က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း နှင့် ၄င်းကုမ္ပဏီသည် မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ပီနန်မြို့ ၏ အထင်ကရအမှတ်အသားဖြစ်သော ပီနန်တံတားကြီးကို တည်ဆောက်ပေးခဲ့သည့် ကုမ္ပဏီအုပ်စုဝင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားလမ်းပိုင်း အုတ်မြစ်ချ အခမ်းအနားသို့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် နှင့် ဒုတိယဝန်ကြီးချုပ် ဝမ့်ယန်(Wang Yong) လည်းတက်ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ ဝမ့်ယန်းက မိန့် ခွန်းပြောကြားရာတွင် ရထားလမ်းပိုင်းစီမံကိန်းသည် ဒေသတွင်း ဖွံ့ ဖြိုးတိုးတက်မှု နှင့်အကျိုးရလဒ်များစွာကို ကူညီပေးမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အခြား အထင်ကရအမှတ်အသားတစ်ခုဖြစ်လာမည့် ရထားလမ်းပိုင်းတည်ဆောက်ရေးအတွက် မလေးရှားနိုင်ငံနှင့် အနီးကပ်လက်တွဲ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နှင့် မလေးရှားပြည်သူများအနေဖြင့် ဖြစ်နိုင်သမျှအမြန်ဆုံး အကျိုးတရားများကို ခံစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Credit: Xinhua
မလေးရှားနိုင်ငံ၌ ဧရာမရထားလမ်းပိုင်းစီမံကိန်းကို တရုတ်နိုင်ငံက စတင်ဖောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မလေးရှားနိုင်ငံ၌ ဧရာမရထားလမ်းပိုင်းစီမံကိန်းကို တရုတ်နိုင်ငံက စတင်ဖောက်လုပ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service