ဟဂယ်လ်စီမံကိန်း အပိုင်း၂ တွင် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံများ ပါဝင်မည်

ဟဂယ်လ်စီမံကိန်း အပိုင်း၂ တွင် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံများ ပါဝင်မည် - Property News in Myanmar from iMyanmarHouse.com
20 Jul 2017 11:43 am တွင် တင်ခဲ့သည်
1338 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ်အခြေစိုက် မြို့ပြတည်ဆောက်ရေးကုမ္ပဏီ ဟောင်အန်းဂယ်လိုင်း (ဟေဂယ်လ်) HAGL နှင့် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံများ အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသော Royal Ace Mega ကုမ္ပဏီတို့ အဆင့်မြင့် ရုပ်ရှင် ရုံများ ပူးပေါင်းဆောင်ရွက်ရန် နှစ်ရှည်ငှားရမ်းခြင်းစာချုပ်ကို ဇူလိုင် ၁၇ ရက်က မလီယာဟိုတယ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါသဘောတူညီချက်အရ ဟေဂယ်လ်၏ အပိုင်းနှစ်စီမံကိန်းတွင် Royal ACE Mega ကုမ္ပဏီမှ Mega Ace ဟူသော အမည်ဖြင့် ရုပ်ရှင်ပိတ်ကားြေ ခာက်ခုပါဝင်သော ရုပ်ရှင်ရုံငယ် ခြောက်ခု၊ အထူးနားနေခန်းနှင့် ရုပ်ရှင်န မူနာများ ပြသမည့် အခန်းများပါဝင်မည့် အကျယ်အဝန်း စတုရန်းမီတာ
၂,၅၈၁ ဒသမ ၆ ရှိသော ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံများ အကောင်အထည်ဖော် ထည့်သွင်းတည်ဆောက် မည်ဖြစ်သည်။

ဟေဂယ်လ်မြန်မာ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Cao Duy Thinh က ''ကျွန်တော်တို့က ဟေဂယ်လ်ဆောက်လုပ်ရေးစီမံကိန်းကို အပိုင်းနှစ်ပိုင်းနဲ့ အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး အပိုင်းတစ်မှာ မြန်မာပလာဇာ၊ မြန်မာစင်တာနဲ့ မလီယာဟိုတယ်တို့ ပါဝင်ပြီး ၂ဝ၁၅ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။အပိုင်းနှစ်မှာတော့ နိုင်ငံတကာ အဆင့်မီကုန်ပစ္စည်းဆိုင်တွေ၊ ခေတ်မီဈေးဝယ်စင်တာ၊ ကလေးကစားကွင်း၊ စားသောက်ဆိုင်တွေနဲ့ ခေတ်မီရုပ်ရှင်ရုံပါဝင်တဲ့ အကျယ်အဝန်းစုစုပေါင်း ၉၃,၇၄၂ စတုရန်းမီတာရှိမယ့် အထပ်ငါးထပ်မြင့်အဆောက်အအုံတစ်ခုကို
အကောင်အထည်ဖော် ဆောက်လုပ်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။

ထို့ပြင် ဟေဂယ်လ်စီမံကိန်းများကို ပိုမိုကောင်းမွန်သော အရည်အသွေးမျာြး ဖစ်စေရန် စီမံကိန်းအပိုင်းနှစ်တွင် ပါဝင်သော ရုံးခန်းအဆောက်အအုံများ၏ စတုရန်းမီတာ ၃ဝ,ဝဝဝ ခန့်ကို ခေတ်မီ ဈေးဝယ်စင်တာ တစ်ခုအနေဖြင့်ြေ ပာင်း လဲပြင်ဆင်ရန် အတည်ပြုခဲ့ကြောင်း ၄င်းက ပြောသည်။

''စတုရန်းမီတာ ၃ဝ,ဝဝဝ ရှိမယ့် ရုံးခန်းနေရာမှာ ခေတ်မီဈေးဝယ်စင်တာ တစ်ခု အစားထိုးဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ အဲဒီဈေးဝယ် စင်တာမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ ကလေးကစားကွင်း၊
ရုပ်ရှင်ရုံနဲ့ စူပါမားကက် စတာတွေ ထည့်သွင်းအကောင်အထည်ဖော် သွားမှာ ဖြစ်ပါတယ်။ ဒီလိုရည်ရွယ်ချက်ကြောင့်လည်းMega Ace ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံစီမံကိန်းအတွက် နှစ်ရှည်အငှား စာချုပ် လက်မှတ်ရေးထိုးခဲ့ တာ ဖြစ် ပါတယ်''ဟု ၄င်းက ပြောသည်။

Royal Ace Mega ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်မိုးနွေဦး က ဟေဂယ်လ်စီမံကိန်းတွင် ကြည့်ရှုသူဦးရေ ၁,ဝဝဝ ကျော်ဆံ့မည့် ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံကို ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ပြောသည်။

''ကျွန်မတို့က ရုပ်ရှင်ရုံတွေကို ပြန်လည်အဆင့်မြှင့်တင်တဲ့ကုမ္ပဏီဖြစ်ပြီး လက်ရှိမှာ ရုပ်ရှင်ရုံရှစ်ရုံကို အဆင့်မြှင့်တင်ပြီးပါပြီ။ ယခုလက်ရှိအချိန်မှာ ကျွန်မတို့နိုင်ငံတွင်းမှာ ရုပ်ရှင်ရုံ ၇၉ ရုံပဲ ရှိနေပြီး ရုပ်ရှင်ရုံအရေအတွက် အလွန်နည်းပါးနေပါတယ်''ဟု ၄င်းက ပြောသည်။

ရုပ်ရှင်ရုံအရေအတွက် အနည်းပါးဆုံးအချိန်မှာ ၂ဝ၁၄ ခုနှစ်ဖြစ်ခဲ့ပြီး ထိုအချိန် က စုစုပေါင်း ၃၁ ရုံသာ ရှိခဲ့ကြောင်း၊ ယခုအချိန်တွင် ရုပ်ရှင်ရုံ အနည်း ငယ် ပြန်လည်တိုးများလာကြောင်း ၄င်းက ပြောသည်။

''၁၉၆၈ ခုနှစ်က မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံ ၁၂၁ ရုံ ရှိခဲ့ပေမဲ့ ၂ဝ၁၄ ခုနှစ်မှာ ရုပ်ရှင်ရုံ ၃၁ ရုံပဲ ကျန်ပါတော့တယ်။ အခုအချိန်မှာ ရုပ်ရှင်ရုံ ၇၉ ရုံရှိလာပြီဖြစ်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက်
သိသိသာသာ အရေအတွက် တိုးတက်လာပေမဲ့ ကျွန်မတို့နိုင်ငံမှာ ရုပ်ရှင်ရုံအရေအတွက်က နည်းပါးနေဆဲပဲ ဖြစ်ပါတယ်''ဟု ဒေါ်မိုးနွေဦး က ပြောသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရုပ်ရှင်ရုံအရေအတွက် လွန်စွာနည်းပါးလျက်ရှိပြီး ရုပ်ရှင်ရုံများ တိုးချဲ့တည်ဆောက်ရန် လိုအပ်နေသေးကြောင်း ၄င်းက ပြောသည်။

''အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရုပ်ရှင်ရုံ ၁,၁ဝဝ ကျော်ရှိပြီးတော့ မလေးရှားနိုင်ငံမှာ ရုပ်ရှင်ရုံ
၁,ဝ၅ဝ ကျော် ရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လူဦးရေ ၅၇ သန်းအတွက် ရုပ်ရှင်ရုံ ၇၉ ရုံပဲ ရှိပါသေး
တယ်။ ရန်ကုန်မြို့မှာ အားလပ်ရက် လည်ပတ်ဖို့ အပန်းဖြေနေရာတွေ နည်းပါးနေပြီးတော့
ရုပ်ရှင်ရုံလည်း လုံလုံလောက်လောက်မရှိသေးပါဘူး''ဟု ၄င်းက ပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service