ရန်ကုန်မြို့သစ်စီမံကိန်း သေချာ ပြင်ဆင်စေချင်

ရန်ကုန်မြို့သစ်စီမံကိန်း သေချာ ပြင်ဆင်စေချင် - Property News in Myanmar from iMyanmarHouse.com
14 Jul 2017 10:57 am တွင် တင်ခဲ့သည်
2558 ကြိမ် ကြည့်ရှု့ပြီး
မြို့သစ်တစ်ခုချဲ့ထွင် ဆောက်လုပ်မယ်ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းရဲ့ ၆၀ ရာခိုင်နှုန်းက သွင်းကုန်ချည်းပဲဖြစ်တာကြောင့် အချိန်အခါကြည့်ပြီးမှသာ လုပ်ဆောင်သင့်တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းကျွမ်းကျင်သူတစ်ဦးဖြစ် တဲ့ ဦးကျော်ကျော်စိုးက ပြောပါတယ်။

သူက 'ရန်ကုန်မှာ နေနေရင်းနဲ့တော့ မြို့သစ်ဆောက်တဲ့ ဘက်ပြောင်းမနေ ဘူး၊ စီးပွားရေးလုပ်ငန်းရှင်တချို့ကတော့ နောင်တစ်ချိန်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြိုဝယ်တာတွေ ရှိမယ်။ လူဦးရေးက ခုနစ်သန်းထပ်တိုးလာမှာ နိုင်ငံတကာ မှာလဲ သူ့အနေအထားနဲ့ သူချဲ့တာ၊ အခြေအနေနဲ့ အချိန်အခါကိုတော့ သိရ မှာပေါ့' လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ လူဦးရေ ၁၄ ရာခိုင်နှုန်းလာရောက်နေထိုင်တဲ့ ရန်ကုန်မြို့ကို မြို့သစ်စီမံကိန်း ဆောက်လုပ်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာ လာမယ့် ၁၀ နှစ်အတွင်း လူဦးရေ ၁၀ သန်းအထက်ရှိမယ့် Mega City (မြို့ကြီးမဟာ) အဆင့်ကို ရောက်ရှိလာမှာဖြစ်လို့ မြို့ကို ဒေါင် လိုက်အနေအထားနဲ့ အလျားလိုက်အနေအထားနှစ်မျိုးစလုံးနဲ့ ချဲ့ထွင်ဖို့ လို အပ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော်ကို တိုးချဲ့တည်ဆောက်ဖို့ လိုအပ်တာက အနာဂတ်လူဦးေ ရ မျှော်မှန်းချက်အရ လက်ရှိလူဦးရေနဲ့ လူဦးရေတိုးနှုန်းတွေကြောင့် ဖြစ်တယ် လို့ ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှု နဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးေ ဒ်ါနီလာကျော်က ဒုတိယအကြိမ်ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ် အစည်း အဝေးမှာ ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေမှာ စီးပွားရေးအ ရတော့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်မဟုတ်နိုင်ပေမဲ့ နေထိုင်မှုအဆင့်အ တန်းတစ်ခုအတွက် ဖြေရှင်းမယ်ဆိုရင်တော့ ကောင်းတဲ့နည်းလမ်းဖြစ်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့နဲ့ ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်သူအချို့က ဆိုပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်မြို့သစ်စီမံကိန်းဆောက်လုပ်မယ်ဆိုရင် ကန်ထရိုက် တာတွေ ငွေရင်းနှီးမြှုပ်နှံသူတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတွေ အေ နနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ချင်မှနိုင်မယ်လို့ ရွှေကမ္ဘာဆောက်လုပ်ရေး ကုမ္ပ ဏီ ဥက္ကဌ ဦးမောင်မောင် ကသူ့ယူဆချက်ကို ပြောပါတယ်။

သူက 'စီးပွားရေးအရတော့ ရှိမယ် အလွန်နည်းပါးမယ်။ လက်ရှိစီးပွားရေး လုပ်ငန်းက အားလုံးသိတဲ့အတိုင်းပဲ၊ ရှေ့တိုးမရနောက် ဆုတ်မရ၊ ဆောက် လုပ်ရေးလုပ်ငန်းဆိုတာ ပိုင်ဆံတွေ မြေကြီးထဲထည့်ပြီး အပေါ်တက်ရတာ ၀ယ်သူရှိမှ နိုင်ငံရေးကလဲ အခြေအနေကောင်းမှ အစိုးရပေါ်မှာတော့ မူတည် တယ်' လို့ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရင် ရန်ကုန်မြို့မှာ ရှိတဲ့ ကျူးကျော်တွေ၊ အငြိမ်းစားဝန်ထမ်းတွေအတွက် လိုအပ်တဲ့ နေထိုင်မှုစနစ်ပေးနိုင်မယ်လို့ သိရ ပါတယ်။

UN Habitat ရဲ့စံနှုန်းနဲ့ ဂျာကာက လေ့လာထားတာက ရန်ကုန်ရဲ့ တစ်စတု ရန်းကီလိုမီတာမှာ လူဦးရေ ၁၅,၀၀၀၊ တစ်စတုရန်းမိုင်မှာ လူဦးရေ ၃၉,၀၀၀ အထက်နေထိုင်ရင် သိပ်သည်းမှုများတဲ့ မြို့ပြပုံစံ သတ်မှတ်ထားပါတယ်။

ရန်ကုန်မြို့ရဲ့လက်ရှိနယ်နိမိတ်အတွင် လူဦးရေတစ်သန်းကနေနှစ်သန်းအထိ ထပ်မံနေထိုင်နိုင်ရေး ထပ်မံဆောက်လုပ်ရမှာဖြစ်တဲ့အတွက် အရင်နေထိုင် သူတွေနဲ့ ညှိနှိုင်းရမှာတွေက လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေ မှာဖြစ်ပါ တယ်။

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်တဲ့အတွက် ကျူးကျော်ပြဿနာ၊ အလုပ် လက်မဲ့၊ ရေပေးဝေမှု၊ လျှပ်စစ်မီး၊ လမ်းပိတ်ဆို့မှု၊ မြေယာဈေးကြီးမှုပြဿ နာတွေကို ဖြေရှင်းနိုင်မယ်လို့ ၀န်ကြီး ဒေါ်နီလာကျော်က ဇူလိုင် ၁၀ ရက်နေ့ က ရှင်းပြပါတယ်။

အကျိုးရှိမယ့်သူတွေ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်တောင် ပိုင်းခရိုင် တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ တို့ကိုသတ်မှတ်ထားပါတယ်။ တည်ဆောက်မယ့် ခန့်မှန်းစီမံကိန်းဧရိယာမှာ ဧက ၃၀,၀၀၀ ရှိတယ်လို့သိရပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဆောက်လုပ်ရင် သက်ဆိုင်ရာနယ်မြေတွေက လယ် သမားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အလုပ်သမားေ တွ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဆိုင်တွေ အလုပ်အကိုင်အခွင့် အ လမ်းတွေ ရရှိလာမှာဖြစ်တယ်။

အရင်အစိုးရလက်ထက်တုန်းက လယ်ပိုင်ရှင်မြေပိုင်ရှင်တွေကို ရှယ်ယာရှင် အနေနဲ့ ပြန်လည်ပိုင်ဆိုင်ခွင့်ပေးမယ်ဆိုတဲ့အတွက် ရန်ကုန်မြို့သစ်စီမံ ကိန်း ဆောက်လုပ်မယ့်နေရာတွေက လယ်သမားတွေ အကျိုးအမြတ်ရနိုင်မြှာ ဖစ်တယ်လို့ ဦးကျော်ကျော်စိုးက ပြောပါတယ်။

သူကဆက်ပြီး ' ဆောက်လုပ်ရေးအလုပ်သမားတွေအတွက်လဲ အလုပ်အကိုင် အခွင့်အလမ်းတွေရလာမယ်။ အဲဒါတွေတော့ ကောင်းကျိုးရှိတယ်' လို့ပြော ပါတယ်။

အခုလောလောဆယ်မှာ ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဖို့ မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့ အစိုးရအဖွဲ့ပူးပေါင်းထားတဲ့ Yangon Metropolitan Development Public Copany ကို ဖွဲ့စည်းထားပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းမှာ အရင်အစိုးရလက်ထက်က တင်ဒါအောင်ခဲ့ပြီး မူ လစာချုပ်ချုပ်ဆိုခဲ့တဲ့ ကုမ္ပဏီသုံးခုကို စာချုပ်ဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်။

ဦးမောင်မောင်က ' အရင်အစိုးရလက်ထက်က တင်ဒါအောင်တဲ့ကုမ္ပဏီ သုံး ခုကိုဖျက်လိုက်တာကောင်းတယ်၊ စီမံကိန်းကကြီးတော့လဲ သုံးခုနဲ့အဆင် မြေ ပဘူး။ အကုန်လုံးဝိုင်းပြီး လုပ်ရမှာ၊ အစိုးရဘက်ကလဲ စည်းမျဉ်းစည်းကမ်းေ လးနဲ့ဆို ဘာပြဿနာမှမရှိဘူး' လို့ဆိုတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းက ကြီးမားတဲ့ စီမံကိန်းဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရကခွင့်ပြုချက်ရမှသာ လုပ်ဆောင်သင့်တယ်လို့ ဆိုကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တာတွေကို ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးနိုင်ဖို့ ကိုယ်စားလှယ်ကိုးယောက်က စာရင်းပေး သွင်းထားတယ်လို့သိရပါတယ်။

ဦးကျော်ကျော်က 'ဒီကဟာတွေကို လွှတ်တော်အနေနဲ့ လုပ်သင့်တယ်မလုပ် သင့်ဘူးကို ရက်ပိုင်းအတွင်း မဆုံးဖြတ်သင့်ပါဘူး။ အချက်အလက်တွေ အများ ကြီး ကောက်ခံပြီးမှသာ ဆုံးဖြတ်သင့်တယ်' လို့ သူ့အမြင်ပြောတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service