Land MarK Development စီမံကိန်း ၂၀၂၁တွင်ပြီးစီးမည်

Land MarK Development စီမံကိန်း ၂၀၂၁တွင်ပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
14 Jul 2017 9:46 am တွင် တင်ခဲ့သည်
1275 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့လယ်တွင်တည်ဆောက်မည့် LandMark Development စီမံကိန်းမှာ ၄နှစ်ကျော်ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၁ တွင် ပြီးစီးမည်ဖြစ်ကြောင်း Yoma Stratetgic Holding ကုမ္ပဏီမှ သတင်းရရှိသည်။

"Peninsula မပါဘဲ တခြားစီမံကိန်း အစိတ်အပိုင်းအားလုံးက ကန်ဒေါ်လာ သန်း ၇၀၀ ကုန်ကျပါမယ်။ ဒါက ၄ နှစ် ကြာမယ့် စီမံကိန်းပါ။ ဒါကြောင့် ၂၀၂၁ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းပါတယ် " ရိုးမ မှ တာဝန်ရှိသူတစ်ဦးကပြောသည်.
ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေ ဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကို ရှေးမူမပျက် ပြင်ဆင်၍ ဟိုတယ် အဖြစ် အကောင်အထည်ဖော် ခြင်း အပါအဝင် လူနေအိမ်၊ ရုံးခန်းများ ပါဝင်သောLandmark Development Yoma Central တည်ဆောက်ရေး စီမံကိန်း စတင်နေပြီဖြစ်သည်။

ရန်ကုန်မြို့လယ်ရှိ မြေ ၁၀ဧကပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံ မည့် အဆိုပါစီမံကိန်း၌မီးရထားရုံးချုပ်ဟောင်းကို မူလလက် ရာအတိုင်း ပြန်လည် ပြင်ဆင်ပြီး The Peninsula ဟိုတယ်အဖြစ် အကောင်အထည် ဖော်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထား သည်။ထို့အပြင် စီမံကိန်းတစ်ခုလုံးတွင် ရုံးခန်းများပါရှိသော တာဝါ နှစ်လုံး၊ ဟိုတယ်တစ်လုံးနှင့် လူနေအိမ်ခန်း (Apartment)များ ပါဝင်မည်ဖြစ်သည်။

စတော့အိတ်ချိန်းဝင် FMI ကုမ္ပဏီ၏ ယခုစီမံကိန်းသည် သန်လျင်မြို့နယ် စတားစီးတီး အိမ်ရာစီမံကိန်းကဲ့ သို့ ပမာဏများ ပြားသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဖြစ်ပြီး ဟိုတယ်နှင့် အဆောက် အအုံများ တည်ဆောက်မှုတွင် FMI အတွက် ပွဲဦးထွက် စီမံကိန်း ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် မြန်မာ ဘက်မှ FMI က ၁၂ ရာခိုင်နှုန်းနှင့် Yoma Strategic က ၄၈ ရာခိုင် နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင် နှုန်းဖြစ်ပြီး ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ၃၀ ရာခိုင်နှုန်း၊ The International Finance Corporation (IFC)က ၅ ရာခိုင် နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ၅ ရာခိုင်နှုန်းဖြင့် ပူး ပေါင်းဆောင်ရွက်ထားသည်။ Peninsula Yangon ဟိုတယ်စီမံကိန်းကို FMI က ၆ရာခိုင်နှုန်း၊ Yoma Strategic က ၂၄ ရာခိုင်နှုန်း၊ Hongkong and ShanghaiHotels Limited က ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service