အိမ်ဈေးဖောင်းပွမှုနှုန်းအကြီးမားဆုံး ကမ္ဘာ့အိမ်ခြံမြေဈေးကွက် ၁၀ ခု

အိမ်ဈေးဖောင်းပွမှုနှုန်းအကြီးမားဆုံး ကမ္ဘာ့အိမ်ခြံမြေဈေးကွက် ၁၀ ခု - Property News in Myanmar from iMyanmarHouse.com
4 Jul 2017 9:21 am တွင် တင်ခဲ့သည်
2148 ကြိမ် ကြည့်ရှု့ပြီး
အားပျော့မှုသည် နေရာအများစုတွင် ဆက်လက်ဖြစ်ပေါ်နေရန် အလားအလာ
ရှိကြောင်း ကမ္ဘာ့အိမ်ခြံမြေ၀ယ်ယူရေးဆိုင်ရာ တရားဝင်သတင်းအချက်
အလက်ရင်းမြစ် Global Property Guide က ထုတ်ပြန်လိုက်သော
ယခုနှစ်ပထမသုံးလပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအနက် ၂၀၁၆ ခုနှစ် ပထမသုံးလပတ်ထက် အိမ်ဈေးဖောင်းပွမှုနှုန်း
အကြီးမားဆုံးဖြစ်ခဲ့သော ဈေးကွက် ၁၀ ခုကို အောက်ပါအတိုင်း
ဖော်ပြလိုက်ပါသည်။

၁။ ဟောင်ကောင်

တရုတ်နိုင်ငံပိုင် အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်ရှိ အိမ်ဈေးများသည်
၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇ ပထမသုံးလပတ်တွင် ၁၇ ဒသမ ၂၇
ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၂၀၁၆ ထိုကာလ၏မြင့်တက်နှုန်း ၉ ဒသမ ၅၁
ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂။ အိုက်စ်လန်

အိုက်စ်လန်နိုင်ငံရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇
ပထမသုံးလပတ်တွင် ၁၆ ဒသမ ၀၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ပထမသုံးလပတ်၏ မြင့်တက်နှုန်း ၅ ဒသမ ၁၀
ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၃။ ရှန်ဟိုင်း

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက်
၂၀၁၇ ပထမသုံးလပတ်တွင် ၁၃ ဒသမ ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ထိုကာလ၏ မြင့်တက်နှုန်း ၁၆ ဒသမ ၉၉
ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ခြင်းဖြစ်သည်။

၎။ ကနေဒါ

ကနေဒါနိုင်ငံရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇
ပထမသုံးလပတ်တွင် ၁၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ပထမသုံးလပတ်၏ မြင့်တက်နှုန်း ၅ ဒသမ ၆၇
ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၅။ အိုင်ယာလန်

အိုင်ယာလန်နိုင်ငံရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇
ပထမသုံးလပတ်တွင် ၈ ဒသမ ၉၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ပထမသုံးလပတ်၏ မြင့်တက်နှုန်း ၅ ဒသမ ၈၄
ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၆။ မွန်တီနီဂရို

မွန်တီနီဂရိုနိုင်ငံရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇
ပထမသုံးလပတ်တွင် ၈ ဒသမ ၆၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ပထမသုံးလပတ်၏ မြင့်တက်နှုန်း ၃ ဒသမ ၁၇
ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၇။ ရိုမေးနီးယား

ရိုမေးနီးယားနိုင်ငံရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇
ပထမသုံးလပတ်တွင် ၇ ဒသမ ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ထိုကာလ၏ မြင့်တက်နှုန်း ၁၁ ဒသမ ၅၅
ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ခြင်းဖြစ်သည်။

၈။ နော်ဝေ

နော်ဝေနိုင်ငံရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇
ပထမသုံးလပတ်တွင် ၇ ဒသမ ၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ပထမသုံးလပတ်၏ မြင့်တက်နှုန်း ၁ ဒသမ ၃၄
ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၉။ နယူးဇီလန်

နယူးဇီလန်နိုင်ငံရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇
ပထမသုံးလပတ်တွင် ၇ ဒသမ ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ပထမသုံးလပတ်၏ မြင့်တက်နှုန်း ၃ ဒသမ ၆၃
ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၁၀။ နယ်သာလန်

နယ်သာလန်နိုင်ငံရှိ အိမ်ဈေးများသည် ၂၀၁၆ ပထမသုံးလပတ်ထက် ၂၀၁၇
ပထမသုံးလပတ်တွင် ၇ ဒသမ ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၎င်းမြင့်တက်နှုန်းသည် ၂၀၁၆ ပထမသုံးလပတ်၏ မြင့်တက်နှုန်း ၆ ဒသမ ၀၉
ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service