စင်္ကာပူအိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီ Ho Bee Land လန်ဒန်မြို့လယ်ရှိ ရုံးခန်းအဆောက်အအုံတစ်လုံးကို စင်္ကာပူဒေါ်လာ ၂၂၈ သန်းဖြင့် ဝယ်ယူ

စင်္ကာပူအိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီ Ho Bee Land လန်ဒန်မြို့လယ်ရှိ ရုံးခန်းအဆောက်အအုံတစ်လုံးကို စင်္ကာပူဒေါ်လာ ၂၂၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
23 Jun 2017 11:24 am တွင် တင်ခဲ့သည်
1222 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူအခြေစိုက် အိမ်ခြံမြေဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ
Ho Bee Land သည် လန်ဒန်ရှိ ရုံးခန်းအဆောက်အအုံ တစ်လုံးကို စင်္ကာပူဒေါ်လာ ၂၂၈ သန်း(ပေါင် ၁၂၉ ဒသမ ၃ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆောက်အအုံတည်ရှိသည်မှာ ကုန်သည်များ၊ ဘဏ်လုပ်ငန်းရှင်များနှင့် အာမခံလုပ်ငန်းများ အခြေစိုက်ကြရာ လွန်းဘာ့ဒ်လမ်းတွင် ဖြစ်ပြီး အမှတ် ၆၇ တွင်ဖြစ်သည်။

အင်္ဂလန်ဘဏ် (Bank of England) ၊ Royal Exchange တို့နှင့် မီတာ ၁၀၀ ခန့်သာ ကွာဝေးပြီး ပို့ဆောင်ဆက်သွယ်ရေး ကောင်းမွန်သည့် နေရာတွင် တည်ရှိသည်။

၂၀၁၄ ခုနှစ်အတွင်း အဆောက်အအုံကို ပြန်လည်မွမ်းမံခဲ့သော်လည်း ၁၉၃၀ ပြည့်လွန်ကာလများ၏ အထိမ်းအမှတ်ဖြစ်သော အနီရောင် အုတ်နံရံမျက်နှာစာကိုမူ မူရင်းလက်ရာမပျက် ထိန်းသိမ်းထားရှိသည်။

မြေအကျယ်အဝန်းမှာ ၀ ဒသမ ၃၂ ဧကခန့်ရှိပြီး ရုံးခန်း၊ စားသောက်ဆိုင်နှင့် မြေအောက်ထပ်၊ မြေညီထပ်နှင့် မြေပေါ် ၈ ထပ်တွင် ကြမ်းခင်းနေရာစုစုပေါင်း ၉၃၆၄၀ စတုရန်းပေ အကျယ်အဝန်းရှိသည်။

လက်ရှိအားဖြင့် နှစ်စဉ်ငှားရမ်းခဝင်ငွေ ပေါင် ၅ ဒသမ ၃ သန်းခန့် ရရှိသည်ဟု ဆိုသည်။“အခုဝယ်ယူလိုက်မှုဟာ Ho Bee Land ရဲ့ လန်ဒန်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်ချဲ့ထွင်နိုင်ဖို့ဖြစ်ပါတယ်။ ရေရှည်မှာ လန်ဒန်ဟာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးမြို့တော်ကြီးအဖြစ် ဆက်လက်တိုးတက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”
ဟု ကုမ္ပဏီ ဥက္ကဌဖြစ်သူ ချူအာ သီယန်ပိုးက ပြောကြားသည်။

လက်ရှိတွင် လန်ဒန်၌ အဆောက်အအုံ ၆ လုံးပိုင်ဆိုင်ထားပြီး စုစုပေါင်းတန်ဖိုးမှာ ပေါင် ၆၄၅ ဒသမ ၈ သန်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူအိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီ Ho Bee Land လန်ဒန်မြို့လယ်ရှိ ရုံးခန်းအဆောက်အအုံတစ်လုံးကို စင်္ကာပူဒေါ်လာ ၂၂၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူအိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီ Ho Bee Land လန်ဒန်မြို့လယ်ရှိ ရုံးခန်းအဆောက်အအုံတစ်လုံးကို စင်္ကာပူဒေါ်လာ ၂၂၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူအိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီ Ho Bee Land လန်ဒန်မြို့လယ်ရှိ ရုံးခန်းအဆောက်အအုံတစ်လုံးကို စင်္ကာပူဒေါ်လာ ၂၂၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူအိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီ Ho Bee Land လန်ဒန်မြို့လယ်ရှိ ရုံးခန်းအဆောက်အအုံတစ်လုံးကို စင်္ကာပူဒေါ်လာ ၂၂၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service