ဒလမြစ်ကူးတံတားအသေးစိတ် ဒီဇိုင်းရေးဆွဲနိုင်ရန် မြေသားစမ်းသပ်မှု ပြုလုပ်လျက်ရှိ

ဒလမြစ်ကူးတံတားအသေးစိတ် ဒီဇိုင်းရေးဆွဲနိုင်ရန် မြေသားစမ်းသပ်မှု ပြုလုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
22 Jun 2017 10:51 am တွင် တင်ခဲ့သည်
976 ကြိမ် ကြည့်ရှု့ပြီး
ဒလမြစ်ကူးတံတား အသေးစိတ်ဒီဇိုင်းရေးဆွဲရန် မြေသားစမ်းသပ်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြစ် ကိုဖြတ်ကျော်၍ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ်မည့် ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား (ဒလ)တံတားတည်ဆောက်ရေးစီမံကိန်းအတွက် အသေးစိတ်ဒီဇိုင်းရေးဆွဲရန် မြေသားစမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။

''အခုဟာက ဒီဇိုင်းရေးဆွဲတဲ့ကုမ္ပဏီက မြေစမ်းသပ်နေတာ။ စာရွက်ပေါ်က ဒီဇိုင်းကို မြေပြင်အခြေအနေနဲ့ ဘေးကင်းလုံခြုံမှု၊ အရည်အသွေးပြည့်မီမှုရှိ၊ မရှိစမ်းသပ်နေတာပါ။ မြေစမ်းတာက စက်တင်ဘာ မတိုင်ခင်ပေါ့။ ဒီကြားထဲမှာ ပြီးအောင်ဆောင်ရွက်မှာပေါ့။ အသေးစိတ်ဒီဇိုင်းက စက်တင်ဘာဆိုပြီးမယ်။ တည်ဆောက်ဖို့အတွက် မြေတူးနေတာမဟုတ်ဘူး။ အသေးစိတ်ရေးဆွဲပြီးမှ တည်ဆောက်တဲ့ကုမ္ပဏီကို အပ်မှာ။ ဒီဇိုင်းရတာနဲ့ တင်ဒါခေါ်မယ်။ တင်ဒါခေါ်ပြီး တည်ဆောက်ရေး ကုမ္ပဏီကို ရွေးမှာ။ ရွေးပြီးတော့မှဆောက်မှာပေါ့။ စာချုပ်အရကတော့ ကိုရီးယားက ကုမ္ပဏီကို ရွေးမှာပေါ့'' ဟု ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက News Watch သို့ ပြောသည်။

လက်ရှိအချိန်တွင် တံတားတည်ဆောက်ရေးစီမံကိန်းအတွက် ဘုန်းကြီးလမ်းဘက်ခြမ်းတွင် မေ ၃၀ ရက်မှစတင် ကာ မြေသားစမ်းသပ်မှုများပြုလုပ်နေပြီး ဒလဘက်ခြမ်းတွင် မြေစမ်းသပ်မှုပြုလုပ်ပြီးစီးကြောင်း သိရသည်။
ယင်းတံတားတည်ဆောက်ရန် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ၏ EDCF Loan ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၈ ဒသမ ၈၃၃ သန်း၊ ပြည် တွင်းလိုအပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းတို့ဖြင့် တည်ဆောက်မည်ဖြစ်သည်။
အသေးစိတ်ဒီဇိုင်းရေးဆွဲခြင်းအား ၂၀၁၇ ဇန်န၀ါရီလမှ စက်တင်ဘာလအထိ သတ်မှတ်ထားသည်။

ပြီးခဲ့သည့် မေလအတွင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒီဇိုင်းရေးဆွဲသည့်ကုမ္ပဏီတို့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုအရ တည်ဆောက်မည့် ပဏာမဒီဇိုင်းအတွက် တံတားအမြင့်၊ စိုက်ထူမည့်တိုင် အရေ အတွက်စသည့် အချက်အလက်များကို သဘောတူညီမှုရရှိထားသည့်အတွက် အသေးစိတ်ဒီဇိုင်းရေးဆွဲ ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တည်ဆောက်ရေးကုမ္ပဏီကို စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း တင်ဒါခေါ်ယူရွေးချယ်မည်ဖြစ်ပြီး တည်ဆောက်ခြင်းနှင့် ကြီးကြပ်ခြင်းကာလကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီမှ ၂၀၂၁ ခုနှစ် ဇွန်လအဖြစ် သတ်မှတ်ထားကြောင်း ဒေါက်တာစိန်မြအေးက ပြောသည်။

တံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန် ၇၅ တန် စုစုပေါင်းတံတား အရှည် ၆၁၄၃ ပေ၊ ပင်မတံတားအရှည် ၁၉၃၆ ပေ၊ ချဉ်းကပ်တံတားအရှည် (ရန်ကုန်ဘက်ခြမ်း) ၂၀၁၆ ပေ၊ ချဉ်းကပ် လမ်းအရှည် (ဒလဘက်ခြမ်း)၂၁၈၂ ပေ၊ ပင်မတံတားအကျယ် (၄ လမ်းသွား) ၈၇ ပေ၊ ချဉ်းကပ်တံတားအကျယ် (ရန်ကုန်ဘက်ခြမ်း) ၄၇ ပေ၊ ချဉ်းကပ်လမ်းအကျယ် (ဒလဘက်ခြမ်း) ၆၈ ပေ၊ ဆင်ခြေလျှော တံတားအကျယ် (၁ လမ်းသွား) ၂၃ ပေရှိကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service