အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လမ်းဟောင်းမှ ခွဲထွက်ကြပါစို့

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လမ်းဟောင်းမှ ခွဲထွက်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com
15 Jun 2017 11:06 am တွင် တင်ခဲ့သည်
1437 ကြိမ် ကြည့်ရှု့ပြီး
ခေတ်နောက်ကျသောလမ်းဟောင်း

မြန်မာနိုင်ငံ၏အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းစနစ်သည် ခေတ်ဟောင်းရှေးရိုးပုံစံသာ ရှိသည်။ စည်းကမ်းစနစ်ကျသော နိုင်ငံတကာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနည်းစနစ်ပုံစံကို ကူးပြောင်းချိန်တန်ပြီဟု ယူဆပါသည်။ ခေတ်စနစ်နှင့်ညီသော နည်းလမ်းပုံစံသစ်ကို ပြောင်းနိုင်မှသာလျှင် အိမ်ခြံမြေလောကတိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်ရာ၌လည်း အံဝင်ခွင်ကျရှိနိုင်မည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေစနစ်သို့ ကူးပြောင်းနိုင်ရန် အောက်ပါအချက်များကို လိုအပ်မည်ဟု ယူဆပါသည်။

လုပ်ငန်းလိုင်စင်

ယခုကျင့်သုံးနေသော အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၌ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်နေကြသော ပွဲစားများ အကျိုးဆောင်များသည် လုပ်ငန်းလိုင်စင်ရှိရန် မလိုပါ။ မည်သူမဆိုလုပ်နိုင်သည်။ သို့ဖြစ်၍ အိမ်ရှင်မများ၊ ဈေးသည်များကအစ အစိုးရဝန်ထမ်း၊ အရာရှိကြီးများအထိ ပွဲစား အလုပ်ကို ကြုံသလိုဝင်လုပ်ကိုင်နေကြပါသည်။ ပွဲစား၊ အကျိုးဆောင်ဆိုင်းဘုတ်တင်လုပ်နေကြသူများရှိသလို ဆိုင်းဘုတ်မတင်ဘဲ ထီးထမ်းလမ်းလျှောက်နေကြသော အိမ်ပွဲစားများ လည်းရှိသည်။ လက်ဖက်ရည်ဆိုင်တိုင်းလိုလို၌ အချိန်အခါ မရွေးပွဲစားဝိုင်းတွေ့ရသည်။ လက်ဖက်ရည်ဆိုင်များသည် ပွဲစားများ၏ဆုံရပ်ဖြစ်သည်။

ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများဖြစ်သလို လူလိမ်၊ လူညာ၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားများလည်းရှိသည်။ တရားရုံး၌ အိမ်ခြံမြေမှုခင်းများစွာရှိနေပါသည်။ စာရွက်စာတမ်းအတုများ၊ ပိုင်ရှင်အတုများ၊ အဆင့်ဆင့်လိမ်လည်ရောင်း၊ အဆင့်ဆင့်လိမ်လည်ပေါင်၊ မှုခင်းများစွာရှိသည်။ အိမ်ခြံမြေဝယ်ယူလိုသူတို့သည် အလိမ်အညာ မခံရရေးကို ကြီးစွာသောသတိဖြင့် ထားနေကြရသည်။ ပြဿနာ ဖြစ်လာသောအခါ ပွဲစားကိုအမည်မေးမရ၊ လိမ်စာလည်းမသိ၊ အမည်လိမ်၊ လိပ်စာလိမ်များလည်း တွေ့ရသည်။ ကြိုတင်ကြံ စည်မှုဖြင့် အကွက်ချလိမ်လည်ကြ၍ ပြီးလျှင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြသည်။ ရဲစခန်း၊ တရားရုံးတို့ကို လည်း အားကိုး၍မရ၊ မိမိစွမ်းအားဖြင့်လည်း ဘာမှမတတ်နိုင် ကြိတ်၍သာခံနေကြရသည်။

မြန်မာနိုင်ငံ၌ ပွဲစားများသည် ရောင်းသူနှင့်ဝယ်သူ စပ်ဟပ်ပေးသည်။ ဈေးတည့်၍ အရောင်းအဝယ်ဖြစ်ပါက ပွဲခရထိုက်သည်ဟု လမ်းညွှန်ခေတ်ဟောင်းစီရင်ထုံးကို ကိုင်စွဲထားသည်။ စရံငွေပေးပြီး ပွဲခအပြည့်ယူပြီး ပွဲစားအလုပ်ကိစ္စပြီးပြီဟုဆိုသည်။ ကျန်ငွေမပေးချေခြင်း၊ ပိုင်ဆိုင်မှု မမှန်ခြင်း၊ နာမည် ပေါက်ပြောင်းရေးကိစ္စအဝ၀သည် ပွဲစားများက သူတို့နှင့်မဆိုင်၊ ကိုယ့်ပြဿနာ ကိုယ်ရှင်း သဘောထားကြသည်။ သို့ ဖြစ်၍ နိုင်ငံတကာ၌ ပွဲစားများသည် အရောင်းအဝယ်ကိစ္စ နေအိမ်သော့အပ်သည့်အထိ အမည်ပေါက်လွှဲပြောင်းပြီးသည် အထိတာဝန်ယူရသည်။ တာဝန်ခံရသည်။ မိမိတာဝန်ယူမှု ပျက်ကွက်ပါက လျော်ကြေးနစ်နာကြေးပါ ပေးကြရသည်။ ပွဲခကိုလည်း သတ်မှတ်ချက်နှင့်အညီ ၂ ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း အထိရကြသည်။ ကြော်ငြာစရာမလို၊ ဈေးဆစ်၍လည်းရမည်မဟုတ်၊ ရှေ့နေကလည်း ရှေ့နေအလုပ်လုပ်သည်။ သတ်မှတ်ရာခိုင်နှုန်း ၂ ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းခန့်ထိရကြသည်။ ရှေ့နေဟုဆိုရာတွင် ဘဏ်ချေးငွေ ရှေ့နေ၊ ပစ္စည်းအာမခံ ရှေ့နေ၊ ရောင်းသူ ဝယ်သူရှေ့နေ စသည်ဖြင့် ရှိကြသည်။ သူတို့လည်း သတ်မှတ်ရာခိုင်နှုန်းများဖြင့် ရှေ့နေခယူကြသည်။ ငွေကြေးအပေးအယူများကလည်း ဘဏ်စနစ်ဖြင့် ထိန်းချုပ် ထားသည်။ လိမ်ညာ၍မရ၊ ပေးသွင်းရမည့် ငွေမသွင်းပါက နောက်ကျကြေး၊ ဒဏ်ကြေးများ သတ်မှတ်ပြီးဖြစ်သည်။ ဝယ်သူ ရောင်းသူကို စိတ်အေးချမ်းသာ ရောင်းနိုင်ဝယ်နိုင်ကြသည်။

နိုင်ငံတကာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၌ ပွဲစား (Broker) ကုမ္ပဏီကြီးများနှင့် ပွဲစားကုမ္ပဏီကြီးများထဲ၌ အလုပ်လုပ်ကြသော အရောင်းအဝယ်ကိုယ်စားလှယ်များ (Agents) ဟူ၍ရှိပါသည်။ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးများသည် လုပ်ငန်းလိုင်စင်ရှိမှသာ လုပ်ကိုင်ခွင့်ရှိပါသည်။ ထိုနည်းတူ လက်အောက်ခံ အရောင်းအဝယ်ကိုယ်စားလှယ်များမှာလည်း တစ်ဦးချင်းလုပ်ငန်းလိုင်စင်များရှိရပါသည်။ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ခွင့်မရှိပါ။ မြန်မာနိုင်ငံ၌ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးများ၊ အိမ်ခြံမြေပွဲစားများ၊ အကျိုးဆောင်များသည် လုပ်ငန်းလိုင်စင်ရှိရန် မလိုပါ။ အိမ်ခြံမြေ ပွဲစားလိုင်စင်၊ အကျိုးဆောင်လိုင်စင် ထုတ်ပေးမည့်ဌာနလည်း မသက်မှတ်သေးပါ။ လိုင်စင်၊ လိုင်စင်စည်းကမ်း၊ လိုင်စင် အရည်အချင်းသတ်မှတ်ချက်လည်းမရှိပါ။ သို့ဖြစ်၍ စည်းကမ်းစနစ်ကျနမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု လုပ်ငန်းကျွမ်းကျင်မှုများ ၌ အားနည်း၍ အထိမ်းအကွပ်မရှိ ပရမ်းပတာပုံစံအားဖြင့် ဖြစ်နေပါသည်။

သို့ဖြစ်ပါ၍ ပွဲစားများ၊ အေးဂျင့်များ၊ အကျိုးဆောင် ကုမ္ပဏီကြီးများကို စည်းကမ်း၊ စနစ်ကျနစေရန် ထိန်းချုပ်မည့် လုပ်ငန်းလိုင်စင်များဖြင့် လုပ်ကိုင်စေရန် လိုအပ်မည်ဖြစ်ပါ သည်။ လိုင်စင်မရှိဘဲ လုပ်ကိုင်နေသော လမ်းဟောင်းမှ လိုင်စင် ဖြင့်သာ လုပ်ကိုင်စေသောလမ်းသစ်သို့ နိုင်ငံတကာစံနှုန်းများ နှင့်အညီ ပြုပြင်ပြောင်းလဲသင့်ပါပြီ။

အရည်အချင်းသတ်မှတ်ချက်

ပုဂ္ဂိုလ်တစ်ဦးချင်းအား ထုတ်ပေးမည့်အိမ်ခြံမြေ လိုင်စင်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ အစုစပ်လုပ်ငန်းရှင်ကြီးများအား ထုတ်ပေးသည့် လုပ်ငန်းလိုင်စင်များကို အရည်အချင်း သတ်မှတ်ချက်များ၊ သင်တန်းများ၊ စာမေးပွဲများ စစ်ဆေး၍ လိုင်စင်ထုတ်ပေးပါသည်။ ထုတ်ပေးသော လုပ်ငန်းလိုင်စင်များ၌ စည်းကမ်းသတ်မှတ်ချက်များရှိပါသည်။ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို နိုင်ငံတော်အစိုးရက ကျင်းပ၍ စစ်ဆေးကာ အောင်လက်မှတ်ထုတ်ပေးခြင်းနှင့် လိုင်စင်ထုတ် ပေးခြင်း၊ သက်တမ်းတိုးခြင်း၊ လိုင်စင်ကြေးကောက်ခံခြင်းနှင့် တိုင်းပြည်အတွက် အိမ်ခြံမြေအခွန်အခများ စာချုပ်စာတမ်း တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်ခွန်စသည်များကိုပါ စည်းကမ်းချမှတ်၍ နိုင်ငံတော်အတွက် မှန်ကန်သော အခွန်အခများ ရရှိစေနိုင်ပါသည်။

ဥပဒေများ၊ နည်းဥပဒေများ

မြန်မာနိုင်ငံ၌ အိမ်ခြံမြေဆိုင်ရာဥပဒေများသည် ပြည့်ပြည့်စုံစုံမရှိပါ။ အိမ်ရှင်အိမ်ငှား ဥပဒေမှာလည်း ခေတ်နှင့်မညီ၍ ပြင်ရပါမည်။ အခြားအိမ်ခြံမြေဆိုင်ရာဥပဒေများစွာ ပြဋ္ဌာန်းရန်လိုမည် ဖြစ်ပါသည်။ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများ၏ အိမ်ခြံမြေဥပဒေများကို စံနမူနာယူ၍ မိမိ နိုင်ငံ၏ အခြေအနေ၊ မိမိနိုင်ငံ၏ ပထဝီဒေသအခြေအနေနှင့် လိုက်လျောညီသော ဥပဒေများ အလျင်အမြန်ပြဋ္ဌာန်းသင့်ပါသည်။

ဥပဒေမပြဋ္ဌာန်းမီ

ဥပဒေတစ်ခုပြဋ္ဌာန်းရန် အချိန်ယူရေးဆွဲရပါသည်။ သက်ဆိုင်ရာနယ်ပယ်၌ အချိန်ယူချပြ၍ အကြံယူပြင်ဆင်ရပါသည်။ သက်ဆိုင်ရာဌာန လွှတ်တော်ဥပဒေကြမ်း စိစစ်ရေး ကော်မတီများ၊ ရှေ့နေချုပ်ရုံးတို့ကလည်း အဆင့်ဆင့်စိစစ်မှု အချိန်ကြာပါသည်။ လွှတ်တော်အဆင့်ဆင့်၌ ဆွေးနွေးအတည် ပြုကြရပါသည်။ သို့ဖြစ်၍ ဥပဒေပြဋ္ဌာန်းပြီးမှ နည်းဥပဒေထွက်မှ အလုပ်လုပ်မည်ဆိုပါက လက်တွေ့အခြေအနေက ဖြစ်ပေါ်နေသော အခက်အခဲပြဿနာများ နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ကိုင်မှုများ၊ ဖွံ့ဖြိုးတိုးတက်စေမှုများသည် နှောင့်နှေးကြန့် ကြာနိုင်ပါသည်။ ဆင်းရဲတွင်းမှ ရုန်းကန်တိုးထွက်နေရသော နိုင်ငံဖြစ်၍ သစ်မရှိခင်အကြား ဝါးပေါင်းကွပ်ဆိုသကဲ့သို့ ဥပဒေကို စောင့်မနေဘဲ၊ အမိန့်ညွှန်ကြားချက်များဖြင့် လုပ်ကိုင်သင့်သည်ဟု ယူဆပါသည်။

မြေပြင်အခြေအနေနှင့် ကိုက်ညီ၍ အခက်အခဲများ ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် အမိန့်ညွှန်ကြားချက်များ၊ အိမ်ခြံမြေလောက ဖွံ့ဖြိုးတိုးတက်စေမည့် အမိန့်ညွှန်ကြားချက်များ ထုတ်ဆင့်လုပ်ကိုင်နိုင်ပါသည်။

အမိန့်ညွှန်ကြားချက်များသည် လက်တွေ့အခြေအနေ နှင့် မကိုက်ညီ အကျိုးမပြုပါက ပြုပြင်၊ ပြင်ဆင်နိုင်ပါသည်။ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် အခြေခံခိုင်မာသော အချက်အလက်များလည်း ရရှိစေနိုင်ပါသည်။ နောင်ဥပဒေပြဋ္ဌာန်းပြီး လက်တွေ့အခြေအနေနှင့် မကိုက်ညီ၍ ဥပဒေကို အကြိမ်ကြိမ် ပြင်ဆင်ရသော ဖြစ်ရပ်မျိုးကိုလည်း ရှောင်ရှားနိုင်ပါသည်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရိုးလမ်းဟောင်းမှ ခွဲထွက်သင့်ပြီဖြစ်ပါကြောင်း။

Credit : ဦးမောင်မောင်ဝင်း(တရားလွှတ်တော်ရှေ့နေ)
iMyanmarHouse.com Property မဂ္ဂဇင်းမှ
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လမ်းဟောင်းမှ ခွဲထွက်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service