ဟောင်ကောင်တွင် ၃ နှစ်အတွင်း နေအိမ်ခန်းသစ်ပေါင်း ၉၆၀၀၀ ထပ်မံပေါ်ပေါက်လာမည်ဖြစ်သော်လည်း အိမ်ခြံမြေဈေးနှုန်းလျှော့ကျမှု ရှိမည်မဟုတ်ဟုဆို

ဟောင်ကောင်တွင် ၃ နှစ်အတွင်း နေအိမ်ခန်းသစ်ပေါင်း ၉၆၀၀၀ ထပ်မံပေါ်ပေါက်လာမည်ဖြစ်သော်လည်း အိမ်ခြံမြေဈေးနှုန်းလျှော့ကျမှု ရှိမည်မဟုတ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
3 May 2017 11:40 am တွင် တင်ခဲ့သည်
1144 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်တွင် လာမည့် ၃ နှစ်တာကာလအတွင်း နေအိမ်ခန်းသစ်ပေါင်း ၉၆၀၀၀ ထပ်မံပေါ်ပေါက်လာမည်ဖြစ်ကာ ရောင်းလိုအား ၂ ရာခိုင်နှုန်းမြင့်တက်လာမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးနှင့် အိုးအိမ်ဗျူရို (THB) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အဆိုပါ ရောင်းလိုအားကြောင့် ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းလျှော့ကျမှု
ရှိမည်မဟုတ် ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးနှုန်း အမြင့်မားဆုံးမြို့တော်တစ်ခုဖြစ်သည်။
လွန်ခဲ့သော ၁၂ လတာကာအတွင်း ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းညွှန်းကိန်းမှာ ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

“ဟောင်ကောင်စီးပွားရေးကို ရုတ်ချည်းပြောင်းလဲသွားစေမယ့် မမျှော်လင့်တဲ့ ပြင်ပအကြောင်းခြင်းရာတွေ မပေါ်ပေါက်ဘူးဆိုရင် အိမ်ခြံမြေဈေးနှုန်းတွေ သိသိသာသာကျသွားတာမျိုး တွေ့ရဖို့ မရှိပါဘူး ” ဟု Knight Frank မှ ဒါရိုက်တာတစ်ဦးဖြစ်သူ သောမတ်စ်လမ်းက ပြောကြားသည်။

လွန်ခဲ့သော ၁၂ လတာကာလအတွင်း အလယ်အလတ်ဈေးနှုန်းရှိ နေအိမ်ဈေးနှုန်းများ ဟောင်ကောင်တွင် မြင့်တက်ခဲ့သည်။
လက်ရှိအားဖြင့် ဆောက်လုပ်နေဆဲ နေအိမ်ခန်းပေါင်း ၆၁၀၀၀ ခန့်အထိရှိပြီး ၂၇၀၀၀ ခန့်မှာ ဆောက်လုပ်မှု ရပ်ဆိုင်းနေကာ အပြီးသတ်ဆောက်လုပ်ပြီးစီးပြီဖြစ်သော်လည်း ရောင်းမထွက်သေးသည့် နေအိမ်ခန်းပေါင်း ၈၀၀၀ ခန့်ရှိနေကြောင်း ဟောင်ကောင်အစိုးရမှ ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။

ဟောင်ကောင် အိမ်ခြံမြေဈေးနှုန်းများသည် မျှော်မှန်းထားသည်ထက်ပင် ပိုမိုမြန်ဆန်စွာ ဈေးနှုန်းမြင့်တက်လာလိမ့်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တွင် အမြင့်ဆုံးပမာဏသို့ ရောက်ရှိမည်ဟု Nomura မှ အိမ်ခြံမြေဈေးကွက်သုတေသီ ဂျွိုက်စ် ကော့ခ်က
ဟောကိန်းထုတ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service