တရုတ်ပြည်မှ အရင်းအနှီးများ ပြည်ပသို့ စီးထွက်မှု တင်းကျပ်လာသည့်အပေါ် မလေးရှားအိမ်ခြံမြေကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအသင်း လက်ထောက်ဥက္ကဌနှင့် တွေ့ဆုံမေးမြန်းခြင်း

တရုတ်ပြည်မှ အရင်းအနှီးများ ပြည်ပသို့ စီးထွက်မှု တင်းကျပ်လာသည့်အပေါ် မလေးရှားအိမ်ခြံမြေကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအသင်း လက်ထောက်ဥက္ကဌနှင့် တွေ့ဆုံမေးမြန်းခြင်း - Property News in Myanmar from iMyanmarHouse.com
7 Apr 2017 10:42 am တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသော “ခါးပတ်တစ်ခု၊ လမ်းမတစ်ခု” (OBOR) မူဝါဒ၊ အရင်းအနှီးများ ပြည်ပသို့ စီးထွက်မှု တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာခြင်းတို့သည် မလေးရှားစီးပွားရေးနှင့် အိမ်ခြံမြေကဏ္ဍအပေါ် မည်သို့သက်ရောက်မှု ရှိလာနိုင်သည် ဟူသည့်အချက်ကို မလေးရှားခရိုနီကယ်သတင်းဌာနက မလေးရှားအိမ်ခြံမြေကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအသင်းလက်ထောက်
ဥက္ကဌ ရော်နယ်ပူအာနှင့် တွေ့ဆုံမေးမြန်းထားပုံများမှ အချို့ကို
ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။

ရော်နယ်ပူအာသည် မလေးရှား-တရုတ် စီးပွားရေးဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း၏ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
မလေးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့တွင်
အကြိမ်ပေါင်း ၁၀၀ ကျော် ဟောပြောတင်ပြခဲ့ပြီး ဖြစ်သည်။

မလေးရှားခရိုနီကယ်သတင်းဌာန ။ ။ “ခါးပတ်တစ်ခု၊
လမ်းမတစ်ခု” (OBOR) မူဝါဒရဲ့ ရေတိုကာလ သက်ရောက်မှုတွေက ဘယ်လိုတွေ ဖြစ်နိုင်ပါသလဲခင်ဗျာ

ဖြေ။ အကောင်းဘက်မှာဆိုရင်တော့ မလေးရှားအစိုးရနဲ့ တရုတ်အစိုးရအကြားမှာ စီမံကိန်းကြီးတွေ ပူးပေါင်းအကောင်အထည်ဖော်မှုတွေ ရှိပြီး
တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားရှိလာတာပါပဲ။
အဆိုးဘက်ကိုကြည့်မယ်ဆိုရင် အသေးစားနဲ့အလတ်စား
လုပ်ငန်းတွေ SMEs ဟာ ခက်ခဲတဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါပြီ။
မလေးရှား ရင်းဂစ်ငွေက အားနည်းနေပြီး ၂၀ ကနေ ၂၅ ရာခိုင်နှုန်း
အထိ ဈေးနှုန်း ပြုတ်ကျနေတယ်။ SMEs တွေအနေနဲ့ မလေးရှားရဲ့ ပြင်ပမှာ အခွင့်အလမ်းတွေ ရှာဖို့လိုပါတယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံက စီးဝင်လာတဲ့ ပြိုင်ဆိုင်မှုတွေကို ပိုပြီးရင်ဆိုင်လာရတယ်။
ဒါကြောင့် ယှဉ်ပြိုင်မှု အလွန်ပြင်းထန်တဲ့ ဈေးကွက်ဖြစ်ပေါ်လာပါတယ်။

မေး။ ။ တရုတ်က သွင်းအားစုစီးထွက်မှု တင်းကျပ်လာတာဟာ OBOR အပေါ် ထိခိုက်စေမယ်လို့ ထင်ပါသလား

ဖြေ။ ။ အသေအချာပါပဲ။
ဒီမူဝါဒက အကြောင်းရပ်တွေအများကြီးဖြစ်ပေါ်စေခဲ့ပါတယ်။
မလေးရှားမှာရှိတဲ့ နာမည်ကျော် တရုတ် အိမ်ခြံမြေ developer တစ်ဦးတောင် ဒီမူဝါဒရဲ့ ရိုက်ခတ်မှု အပြင်းအထန် ကြုံတွေ့နေရပါတယ်။
ဒါက မလေးရှား အိမ်ခြံမြေ developer တွေအပေါ်မှာလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ကြုံလာစေမှာပါ။
ဘာကြောင့်လဲ။
အကြောင်းကတော့ မလေးရှား developer တွေဟာ အိမ်ခြံမြေပြပွဲတွေ၊ ဟောပြောပွဲတွေလုပ်ဖို့ တရုတ်နိုင်ငံကို မကြာမကြာ သွားလေ့ရှိကြတယ်။
တကယ်လို့ ဒီမူဝါဒကိုသာ ဆက်ပြီး ကိုင်စွဲထားမယ်ဆိုရင် မလေးရှား developer တွေ အများကြီး အခက်ကြုံလာနိုင်တယ်။
ဒါပေမယ့် ဒါကလည်း တရုတ်မှာ ခုမှလုပ်တဲ့ အသစ်တော့မဟုတ်ဘူး။
အရင်ကတည်းက တရုတ်နိုင်ငံသားတွေ ပြည်ပထွက်မယ်ဆိုရင် ကန်ဒေါ်လာ ၅၀၀၀၀ ထက် ပိုပြီး ယူသွားခွင့် မပေးခဲ့ဘူး။
ဒါပေမယ့် အခုက ပိုပြီးတင်းကျပ်လာပြီ။
မလေးရှားမှာ နေအိမ်ဝယ်ယူမယ့်၊ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် တရုတ်ရင်းနှီးမြှုပ်နှံသူ တွေ ပိုမိုများပြားလာနေပေမယ့် ဒီမူဝါဒတွေက သူတို့ကို ထိန်းချုပ်ထားနေတယ်။

မေး။ ။ OBOR ရဲ့ လက်တွေ့အလုပ်ဖြစ်မှုအပေါ် မေးခွန်းထုတ်နေ
တာတွေ ရှိပါတယ်။ လူကြီးမင်းအနေနဲ့ ဘယ်လိုထင်မြင်ပါသလဲခင်ဗျာ

ဖြေ။ ။ မှန်ပါတယ်။
အချို့အရာတွေမှာ အကျိုးသက်ရောက်မှုနည်းတယ်
ဆိုတာ ကျွန်တော်သဘောတူပါတယ်။ မန်ဒရင်းဘာသာကို နားမလည်တဲ့သူတွေအနေနဲ့ OBOR ရဲ့
သဘောတရားကို နားလည်နိုင်မှာ မဟုတ်ပါဘူး။
သူတို့အနေနဲ့ ပူးပေါင်းချင်တယ်ဆိုရင်တောင်မှ ဘာသာစကား
အတားအဆီးက ရှိနေတယ်။
ဥပမာအားဖြင့် OBOR ကို တက်တက်ကြွကြွ အကူအညီပေးနေတဲ့ စီးပွားရေးအဖွဲ့အစည်းတွေ အများကြီးရှိတယ်။
ဒါပေမယ့် သူတို့က ကြားခံဘာသာစကားအဖြစ် တရုတ်စကားကို အသုံးပြုကြတာ ဖြစ်ပါတယ်။
မလေးရှားအစိုးရကတော့ OBOR ကိုအကောင်အထည်ဖော်ဖို့ တရုတ်နဲ့ အမှန်တကယ်ပူးပေါင်းဆောင်ရွက်တာမျိုး မရှိပါဘူး။
OBOR ဟာ အကျိုးဖြစ်ထွန်းမှုတွေ အများကြီးရှိတယ်ဆိုတဲ့ သတင်းတွေရှိနိုင်ပါတယ်။
ဒါပေမယ့် OBOR ရဲ့ အကျိုးကျေးဇူးကို ရိတ်သိမ်းဖို့အတွက် ကျယ်ပြန့်တဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေ မရှိပါဘူး။
ဥပမာအားဖြင့် ၁၀ နှစ်အခွန်ကင်းလွတ်ခွင့် အစရှိသဖြင့်ပေါ့။

မေး။ ။ လူကြီးမင်းရဲ့ အမြင်အရ မလေးရှားမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးနေရာတွေက ဘယ်နေရာတွေ ဖြစ်ပါသလဲခင်ဗျာ

ဖြေ။ ။ လက်ရှိမှာ အစ္စကန်ဒါမလေးရှားဟာ
အလားအလာကောင်းတဲ့ နေရာပါပဲ။
ဒါက နောက်ထပ် ရှင်းဆန်မြို့တစ်ခုဖြစ်လာမယ်လို့ ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်။
စင်္ကာပူနဲ့ နီးစပ်ပြီး ဖြန့်ကျက်မှုကြီးမားတဲ့ ဒေသကြီးဖြစ်ပြီး ကြီးမားတဲ့အလားအလာတွေ ရှိနေပါတယ်။
တစ်နိုင်ငံလုံးကို ခြုံကြည့်မယ်ဆိုရင်လည်း အစ္စကန်ဒါမလေးရှားဟာ ရေပန်းအစားဆုံးနေရာ ဖြစ်နေဆဲပါပဲ။
ဒီဒေသတွင်းမှာ တရုတ် developer တွေ ရှိနေတာကြောင့်သာမဟုတ်ဘဲ အစ္စကန်ဒါမလေးရှားက စီမံကိန်းအများစုဟာ ကြီးမားတဲ့မူဝါဒနဲ့ ဆောက်လုပ်ထားတာကြောင့်လည်း ဖြစ်တယ်။
အဲဒီမှာရှိတဲ့ ဆီနိုင်းလေဆိပ်ဟာ ကွမ်ကျိုး၊ ရှင်းဆန်အပါအဝင် အခြားနိုင်ငံတကာလေဆိပ်တွေနဲ့ အဆက်အသွယ်ကောင်းတွေလည်း
ရှိတယ်။ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံးနေရာကလည်း
အစ္စကန်ဒါမလေးရှားပဲ ဖြစ်နေဦးမှာပါပဲ။ ဒါက ပြည်တွင်း
အိမ်ခြံမြေလုပ်ငန်းနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။
အစ္စကန်ဒါဖွံ့ဖြိုးရေး နှစ် ၂၀ စီမံကိန်းကြီးတစ်ခုလုံးဟာ နိုင်ငံခြားသားတွေအတွက် အခွင့်အလမ်းတစ်ခုအဖြစ်
ကိုယ်စားပြုနေတာပါပဲ။အစ္စကန်ဒါမလေးရှားဟာ
တရုတ်ဝယ်လက်တွေကိုပဲ
ပစ်မှတ်ထားနေတာ မဟုတ်ဘူးဆိုတာတော့
ကျွန်တော်ထောက်ပြချင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသလိုမျိုး အခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေမှာလည်း
အစ္စကန်ဒါမလေးရှားအပေါ် မြင့်မားတဲ့ မျှော်လင့်ချက်တွေရှိနေကြတယ်။

(မှတ်ချက်။ အစ္စဒါမလေးရှားဟူသည်မှာ မလေးရှားနိုင်ငံ၊ ဂျိုဟာပြည်နယ်တောင်ပိုင်းရှိ ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ စီမံကိန်းဧရိယာ ၂၂၁၇ စတုရန်းကီလိုမီတာအထိ ကျယ်ပြန့်ပြီး ဂျိုဟာဘာရူးနှင့် ဝန်းကျင်မြို့များအထိ လွှမ်းခြုံပါဝင်သည်။)

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service